Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ ခိုလှုံရာ နေအိမ် စီးနင်းခံရ

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ GZP အဖွဲ့ ရဲ့ ဒုခါင်းဆောင် အပါအဝင် ရဲဘော် ၄ ဦးကို စစ်အုပ်စုက အသေပစ်သတ်ခဲ့ပါသေးတယ်။

မန္တလေးမှာစစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ် (ပုံဟောင်း)
မန္တလေးမှာစစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ် (ပုံဟောင်း)

မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ ခိုလှုံရာ နေအိမ် မနေ့ကညပိုင်း စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းလို့ ပြောက်ကျားအဖွဲ့ဝင်အချို့ ဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။

အဲဒီနေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စီးနင်းတာဖြစ်ပြီး ဖမ်းခံရသူတွေနဲ့ ဆက်သွယ်ထားသူတွေ အမြန်ဆုံးရှောင်တိမ်းကြဖို့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့Anonymous Force Mandalay က ထုတ်ပြန်အသိပေးထားပါတယ်။

Public Service Announcement
Public Service Announcement

မနေ့ညပိုင်းက ဖြစ်စဉ်မှာ ၃ ဦးထက်မနည်း ဖမ်းခံလိုက်ရတယ်လို့ စုံစမ်းသိရပါတယ်။

စစ်ကောင်စီတပ်ဟာ မန္တလေးမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ ကို ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ပိုက်စိတ်တိုက်ရှာဖွေဖမ်းဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ GZP အဖွဲ့ ရဲ့ ဒုခါင်းဆောင် အပါအဝင် ရဲဘော် ၄ ဦးကို စစ်အုပ်စုက အသေပစ်သတ်ခဲ့ပါသေးတယ်။

You May Also Like

သတင်း

ဒုတိယမြောက်တိုက်ခိုက်မှုတွင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကို အတိအကျမသိရသေးဘဲ ရဲဘော်များမှာ အထိအခိုက်မရှိဟု PDF-South Monywaက အသိပေးထားသည်။

သတင်း

နိုဝင်ဘာ ၂၆ ရက်ညက ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ‌ကျန်ရှိသည့် ရဲဘော်များဘေးကင်းချိန်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများကသတင်းထုတ်ပြန်မည်ဟု ၎င်းက ဆိုသည်။

သတင်း

စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသေးဘဲ ရဲဘော်များအထိအခိုက်မရှိကြောင်း PDF-South Monywaက အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်က အရာတော်မြို့နယ် နွားမသင်းကျေးရွာကို မီးတင်ရှို့ခဲ့မှု အခြေအနေကို ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။