Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောနယ်ရှိ မီးဘေးသင့်ပြည်သူများကို ဆန်တင်း ၂၀၀ကျော် ထောက်ပံ့ခဲ့ကြောင်း မြို့နယ်(ပအဖ) အသိပေး

ယခု နိုဝင်ဘာလလယ်က စစ်ကောင်စီတပ်သည် ဆောမြို့နယ် လက်ပန်းကျေးရွာနှင့် ပဆုပ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ရာ နေအိမ် ၁၈၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်။

ဓာတ်ပုံ - ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆောမြို့နယ်
ဓာတ်ပုံ - ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆောမြို့နယ်

ဆောမြို့နယ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့၍ အခက်အခဲကြုံနေရသည့် မီးဘေးသင့်ပြည်သူများကို ဆန်တင်း ၂၀၀ကျော် ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။

အလှူရှင်များ၏အကူအညီဖြင့် မြို့နယ်(ပအဖ)မှ ဆန်အတင်း ၅၀၊ ဆောတိုက်နယ်အတွင်းရှိ ကျေးရွာများမှပံ့ပိုးမှု ဆန်အတင်း ၉၀၊ ကျောက်ထုဒေသကျေးရွာအချို့မှပံ့ပိုးမှု ဆန်အတင်း ၈၀ တို့အား မီးဘေးသင့်အိမ်ထောင်စုများထံ အညီအမျှခွဲဝေပေးခဲ့ရာ တစ်အိမ်ထောင်လျင် ဆန်တစ်တင်းကျော်စီ ခွဲဝေပေးထားပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

ဆက်လက်ပံ့ပိုးနိုင်ရေးကိုလည်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ဆော(ပအဖ)က အသိပေးထားပြီး ကူညီပေးကြသောပြည်သူများ၊ ဆောတိုက်နယ်အုပ်ချုပ်ရေးအဖွဲ့တို့အား ကျေးဇူးတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆောမြို့နယ်
ဓာတ်ပုံ – ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆောမြို့နယ်

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မီးဘေးသင့်အိမ်ထောင်စု ၁၈၈စုအတွက် တစ်အိမ်ထောင်စုလျှင် ၂သောင်းကျပ်စီကို အများပြည်သူအလှူရှင်များ၏အကူအညီဖြင့် ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတစ်ဆင့် ပေးပို့ခဲ့သည်ဟုဆိုသည်။

ယခု နိုဝင်ဘာလလယ်က စစ်ကောင်စီတပ်သည် ဆောမြို့နယ် လက်ပန်းကျေးရွာနှင့် ပဆုပ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ရာ နေအိမ် ၁၈၀ကျော် မီးလောင်ပျက်စီးခဲ့ရသည်။

You May Also Like

သတင်း

AA အနေဖြင့်လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) တပ်မ ဌာနချုပ်အား လက်နက်ကြီးဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကျဆုံးမှုမသိရသော်လည်း တပ်မ ဌာနချုပ် အတွင်း ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

ဖရူဆိုမြို့နယ်တွင် လူနေအိမ် သုံးလုံး ပျက်စီးခဲ့ပြီး ဖယ်ခုံတွင်လူနေအိမ် ခုနစ်လုံး နှင့် အရပ်သား ပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၀ရက်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှ ဒေသခံ ၉ဦးထက်နည်းကိုသတ်ဖြတ်ခဲ့ရာ ထိုစဉ်ကလည်း စစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ် လက်တုံ့ပြန်မည် ဂလဲ့စားခြေမည်ဟု AAက ထုတ်ပြန်ခဲ့ပြီး ယခု ထပ်မံ အသိပေးခြင်းဖြစ်သည်။

သတင်း

နိုဝင်ဘာ ၁၀ရက်က မြစ်ကြီးနားမြို့မှ အင်အား ၅၀ပါ ယာဉ်သုံးစီးဖြင့်ဖြတ်သန်းသွားလာစဉ် KIAတပ်မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီ ယာဉ်နှစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။