Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုင်းပြည်မငြိမ်သက်ချိန်လက်ဝတ်ရတနာများစွာဝတ်ဆင်ခြင်း၊ ငွေအများအပြားသည်​ဆောင်ခြင်း​ရှောင်ကြဥ်ကြရန်တမူးCIA အကြံပြု

ပျူစောထီးခေါင်းဆောင်း ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က သတ်ဖြတ်လုယက်သူမှာ ​ငွေလွှဲလုပ်ငန်းလုပ်ကိုင်​သောအသက် ၂၇နှစ်အရွယ် ရာဂျူးဆိုသူ ဖြစ်သည်။

(တမူးမြို့ အ​ပေါ်စီးမြင်ကွင်း ။ဓါတ်ပုံ-CJ)
(တမူးမြို့ အ​ပေါ်စီးမြင်ကွင်း ။ဓါတ်ပုံ-CJ)

▪︎တမူးမှပြည်သူတစ်ဦးထံမှကျပ်သိန်း၁၀၀ ​ကျော်လုယက်သတ်ဖြတ်သွား​သောပျူများပြစ်မှုအတွက်တာဝန်ခံရမည်ဟုသတိ​ပေး

တိုင်းပြည်မငြိမ်သက်သည့်အချိန်တွင် လက်ဝတ်ရတနာများအများအပြား ဝတ်ဆင်ခြင်းနှင့် ငွေကြေးအများအပြားယူဆောင်သွားခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြရန် တမူးဒေသခံပြည်သူလူထုအားတမူးမြို့မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖွဲ့စည်းထားသည့် Central Intelligence Agency Tamu(တမူး-CIA)ကတိုက်တွန်းချက်ထုတ်ပြန်သည်။

တမူးတွင် နိုဝင်ဘာ ၂၅ရက်က ဒေသခံအမျိုးသားတစ်ဦးကို ပျုစောထီးခေါင်းဆောင် ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က သတ်ဖြတ်ပြီး ငွေ ကျပ်သိန်းတစ်ရာကျော်၊ ဖုန်းနှင့်ဆိုင်ကယ်ကိုပါလုယက်သွား​ကြောင်း ဒေသခံများက‌ပြောသည်။ ထို့​ကြောင့်ဒေသခံပြည်သူတစ်ဦးကို သတ်ဖြတ်လုယက်မှုကိုပျူ​စောထီးများ ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူများအပြည့်အဝတာဝန်ခံရမည်ဟုလည်း CIA က သတိပေးလိုက်သည်။

” တမူးတွင်ပျူစောထီးများ နေရာအနှံ့ လုယက်မှုကျူးလွန်နေခြင်းကို မိမိတို့အတိအကျသိရှိထားပြီး ဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်ပါကဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးများခံစားရမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာအပ်သည်” ဟု CIAတမူးကနိုဝင်ဘာ ၂၆ရက်တွင်ထုတ်ပြန်​​သည်။

ပျူစောထီးခေါင်းဆောင်း ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က သတ်ဖြတ်လုယက်သူမှာ ​ငွေလွှဲလုပ်ငန်းလုပ်ကိုင်​သောအသက် ၂၇နှစ်အရွယ် ရာဂျူးဆိုသူ ဖြစ်သည်။ ရာဂျူးသည်ကျပ်သိန်းတစ်ရာကျော်တန်ကြေးရှိသော အိန္ဒိယရူပီးငွေ သုံးသိန်းခွဲကို ဆိုင်ကယ်ဘောက်အတွင်းထည့်ပြီးသယ်လာစဉ် နိုဝင်ဘာ ၂၅ရက်ညနေပိုင်း၌ ပျူ​စောထီးများကလုယက်ပြီး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ချမ်းမြေ့ဆိုတဲ့ပျူခေါင်းဆောင်ကိုမရှင်းနိုင်ရင်တော့ဒေသခံတွေ ကျီးလန့်စာစားဖြစ်နေမှာပဲ။ CIA တမူးအနေနဲ့လည်း သတိပေးပြီးနောက်ပိုင်း အရေးယူနိုင်ဖို့လိုတယ်။ ထုတ်ပြန်ချက်သက်သက်နဲ့တော့ အလုပ်မဖြစ်ဘူး” ဟုတမူးမြို့ခံတစ်ဦးကပြောသည်။

CIAတမူးက ဒေသခံပြည်သူလူထုအနေဖြင့် တိုင်းပြည်မငြိမ်သက်သည့်အချိန်၌ လက်ဝတ်ရတနာများအများအပြား ဝတ်ဆင်ခြင်းနှင့် ငွေကြေးအများအပြားယူဆောင်ခြင်းကိုအတတ်နိုင်ဆုံးရှောင်ကြဉ်ကြပါရန်လည်းအကြံပြုထားသည်။

You May Also Like

သတင်း

စစ်ကောင်စီသည် အန္ဒိယနိုင်ငံဘက်မှ တင်သွင်းလာသည့် စစ်လက်နက်ပစ္စည်းများကို တမူး-ကလေးလမ်းမကြီးအတိုင်း သယ်ယူလာပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တားဆီးနိုင်ရန် ကြိုးစားနေသည်။

သတင်း

ကိုရာဂျူးသည် အသက် (၂၇)နှစ်အရွယ် လူငယ်တစ်ဦး ဖြစ်ပြီး ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။ ကျပ်သိန်း ၁၀၀ကျော်တန်ကြေးရှိသော အိန္ဒိယရူပီးငွေ သုံးသိန်းခွဲကို ဆိုင်ကယ်ဘောက်အတွင်းထည့်ပြီးသယ်လာစဉ် လုယက်ခံပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။

သတင်း

တမူး-ခမ်းပတ်လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးသော်လည်း ခမ်းပတ်မြို့ မှ က​လေးမြို့အထိလမ်းပိုင်းကိုမူ ပိတ်ပင်ထားဆဲဖြစ်သည်။

သတင်း

တမူးမြို့ နန့်ဖာလုံရပ်ကွက်၊ချောင်းနက်ကြီး မူလတန်းကျောင်းမှ ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၂၁ရက်) ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။