Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်း၌ ဆီဘောက်ဆာပါ စစ်ကောင်စီယာဥ်တန်းကို ပဒေသာမိုင်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ရာ စစ်သား ငါးဦးခန့်သေဟုဆို

ဒုတိယမြောက်တိုက်ခိုက်မှုတွင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကို အတိအကျမသိရသေးဘဲ ရဲဘော်များမှာ အထိအခိုက်မရှိဟု PDF-South Monywaက အသိပေးထားသည်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ ၂၃ရက်နေ့က တောပုရွာပျူများအား တိုက်ခိုက်နေသည့် PDF-South Monywa၏ တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်
မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် နိုဝင်ဘာလ ၂၃ရက်နေ့က တောပုရွာပျူများအား တိုက်ခိုက်နေသည့် PDF-South Monywa၏ တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ ဆီဘောက်ဆာပါယာဥ်တန်းအား ပဒေသာမိုင်းဖြင့် နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ငါးဦးခန့်သေဆုံးကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း People’s Defence Force – South Monywa၏ တာဝန်ခံ Daung Karyan က ပြောကြားသည်။

ယမန်နေ့ (နိုဝင်ဘာ၂၆ ရက်) ညနေ ၆နာရီခန့်က မုံရွာမှ မန္တလေးမြို့သို့သွားသော စစ်ကောင်စီ၏ မိုးကာအုပ်ကားကြီး နှစ်စီးနှင့် ဆီဘောက်ဆာကား တစ်စီးပါယာဥ်တန်းအား မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ကင်းပုန်းများ အထပ်ထပ်ချထားသည့်ကြားမှ ပွိုင့်တည့်တည့်ပေါ်အရောက် ငါးလုံးပါ ပဒေသာမိုင်း တစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa၏ တာဝန်ခံ Daung Karyan က ပြောကြားသည်။

ပထမဆုံးကားနှင့် အနီးရှိ ကင်းပုန်းများပါထိပြီး ငါး ဦးသေဆုံး၍ ခြောက်ဦးပြင်းထန်ဒဏ်ရာရရှိသွားသည်ဟု Daung Karyan က ဆိုသည်။

ကင်းပုန်းများက ရမ်းပစ်၍ PDF-South Monywa မိုင်းအဖွဲ့ဒုခေါင်းဆောင် အမှတ် (၂) တပ်ခွဲမှူးတစ်ဦးကျည်ထိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း PDF-South Monywa၏ တာဝန်ခံ Daung Karyan က ပြောကြားသည်။

Public Service Announcement
Public Service Announcement

ဆက်လက်ပြီး ၎င်းယာဥ်တန်းသည် ဆက်လက်ထွက်ခွာလာရာ ည ၇ နာရီခန့်တွင် မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာအနီးအရောက်၌ ပဒေသာမိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း PDF-South Monywaက ပြောသည်။

အဆိုပါ ယာဥ်တန်းအား ငါးလုံးပါ ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုးကာအုပ်ကားကြီးတစ်စီးထိပြီး ကားပျက်စီးသွားကြောင်း PDF-South Monywa၏ တာဝန်ခံ Daung Karyan က ပြောသည်။

ဒုတိယမြောက်တိုက်ခိုက်မှုတွင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကို အတိအကျမသိရသေးဘဲ ရဲဘော်များမှာ အထိအခိုက်မရှိဟု PDF-South Monywaက အသိပေးထားသည်။

နိုဝင်ဘာ၂၅ ရက်ကလည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းနှင့်မုံရွာတို့မှထွက်လာသည့် စစ်ကောင်စီယာဥ်တန်းများကို မုံရွာ-ချောင်းဦး-မြင်းမူ-စစ်ကိုင်း လမ်းပိုင်းတစ်လျှောက် ဒေသတွင်း PDFများက မိုင်းများဆက်တိုက်ခွဲကာတိုက်ခိုက်ခဲ့ကြပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

You May Also Like

သတင်း

အဆိုပါ ကျေးရွာနှစ်ရွာသည် ဒုတိယအကြိမ်မြောက် မီးရှို့ တိုက်ခိုက်စစ်ကြောင်းထိုးခံရခြင်းဖြစ်ပြီး ပထမအကြိမ်မီးရှို့ပြီးနောက် KURADFက နှစ်ကြိမ်တိုင်တိုင် ပေးပိုခဲ့သော အခင်းမိုးကာများကိုပါ ထပ်မံဖျက်ဆီးမီးရှို့သွားကြောင်း ၎င်းအဖွဲ့က ပြောသည်။

သတင်း

နိုဝင်ဘာ ၂၀ရက်မှ ၂၅ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကို တပ်မဟာ(၅)ကထုတ်ပြန်ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ၊ ရှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေးမြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ GZP အဖွဲ့ ရဲ့ ဒုခါင်းဆောင် အပါအဝင် ရဲဘော် ၄ ဦးကို စစ်အုပ်စုက အသေပစ်သတ်ခဲ့ပါသေးတယ်။

သတင်း

ထိုပြဇာတ်၌ ဆံထုံးထုံးထားသော အမျိုးသမီးကြီးတစ်ဦးပုံတစ်ပုံဘေးတွင် အမွှေးတိုင်တစ်တိုင်ထွန်းကာ ရက်လည်နေ့မြင်ကွင်းအဖြစ် ပြသထားသည်။