Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အင်းတော်မြို့နယ် အောက်တောရွာမှ ပြည်သူလူထု နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု Indaw Revolutionက ဖော်ပြထားသည်။

(နတ်မဟုတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - IR)
(နတ်မဟုတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်၊ ဓာတ်ပုံ - IR)

▪️ရွာခံအချို့ကို ဖမ်းဆီးရိုက်နှက်မှုရှိဟု ဒေသခံပြော

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နတ်မဟုတ်ကြီးကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက်တွင် စတင်မီးရှို့ဖျက်ဆီးနေကြောင်း အင်းတော်ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၈ရက် နံနက်တွင် နတ်မဟုတ်ကြီးရွာကို မီးရှို့ဖျက်ဆီးနေသည့်အပြင် ရွာသားအချို့ကို ဖမ်းဆီးရိုက်နှက်ထားသည်ဟု Indaw Revolution က ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်က မီးရှို့နေခြင်းဖြစ်သည်ဟု ဒေသခံက ပြောသည်။

“သူတို့က မနေ့ကတည်းက အဲဒီရွာမှာ ရောက်နေတာ။ ရောက်ကတည်းက ရွာသားတွေကို ဖမ်းဆီးရိုက်နှက်အဲဒီလိုမျိုးလုပ်နေတာပေါ့။ ဒီနေ့မနက် ရောက်တော့ မီးရှို့နေတာပေါ့။ ညတုန်းကဆိုရင် သူတို့က ရွာသားတွေကို ရွာပြင်လည်းမထွက်ခိုင်းဘူး။ အပြင်က ပြန်လာတဲ့သူကိုလည်း အထဲမဝင် ခိုင်ဘူးတဲ့။ ပိတ်ထားတဲ့သဘောပေါ့။ ရွာသားတချို့ကတော့ အဲဒီမှာ ပိတ်မိနေတယ်။ တချို့က တောထဲဝင်ပြေးတာရှိတယ်”ဟု အင်းတော်ဒေသခံက ပြောသည်။

နေအိမ်အရေအတွက်မည်မျှ မီးရှို့ခံရသည်ကို မသိရသေးကြောင်း ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အင်းတော်မြို့နယ် အောက်တောရွာမှ ပြည်သူလူထု နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု Indaw Revolutionက ဖော်ပြထားသည်။

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလှုပ်ရှားမှုများ၊ လက်နက်ကြီးရမ်းသမ်းပစ် ခတ်မှုများ ပြုလုပ်လျက်ရှိသည်။

You May Also Like

သတင်း

ယနေ့(နိုဝင်ဘာ ၂၈ရက်)နံနက် ၈ နာရီခန့်တွင်စစ်ကောင်စီတပ်များသည် ကျွဲတွင်းကျေးရွာမှ အင်အား ၁၅၀ခန့်ဖြင့် မြောက်ဘက်သို့ ဦးတည် ထွက်ခွာလာ​၍ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ထီးချိုင့်ဒေသ ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးရန် တမင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်​ပြောသည်။

သတင်း

ယာဥ်များအတွက် ခင်ဦး - ရေဦး လမ်းပိတ်ထားသည်မှာ ၄လကျော်ပြီ ဖြစ်သော်လည်း နွားကျောင်းသားများ၊တောင်သူများ သတိထားပေးကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထပ်မံသတိပေးသည်။

သတင်း

ဒုတိယမြောက်တိုက်ခိုက်မှုတွင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကို အတိအကျမသိရသေးဘဲ ရဲဘော်များမှာ အထိအခိုက်မရှိဟု PDF-South Monywaက အသိပေးထားသည်။