Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့နယ်အတွင်းဝင်ထွက်သွားလာခြင်း ယာယီပိတ်ပင်ကြောင်း ကရင်နီပြည်အစိုးရ​ကြေညာ

လမ်းပိတ်ထားစဥ်ကာလအတွင်း ဝင်ထွက်သွားလာခြင်းကို စစ်ဆေးတွေ့ရှိပါက လုံးဝ ခွင့်ပြုမည်မဟုတ်ဘဲ သွားလာနိုင်မည့်ရက်ကို ပြန်လည်အသိပေးမည်ဟု ပါရှိသည်။

(ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီးယခုနှစ်စက်တင်ဘာလအတွင်း မိုင်းဆွဲခံရသည့် စစ်ကားတစ်စီးဖြစ်သည်။ ဓါတ်ပုံ-KA)
(ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီးယခုနှစ်စက်တင်ဘာလအတွင်း မိုင်းဆွဲခံရသည့် စစ်ကားတစ်စီးဖြစ်သည်။ ဓါတ်ပုံ-KA)

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းဝင်ထွက်သွားလာခြင်း ယာယီပိတ်ပင်ကြောင်း ကရင်နီပြည်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၇ ရက် ရက်စွဲပါ အမိန့်စာအရ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပြည်သူများကို ညှင်း ပန်းနှိပ်စက်သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်တပ်ကို ပြန်လည်ချေမှုန်းနိုင်ရန် နည်းလမ်း မျိုးစုံဖြင့် ကြိုးစားအားထုတ်နေကြောင်း ဖော်ပြ ထားသည်။

(ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီးယခုနှစ်စက်တင်ဘာလအတွင်း မိုင်းဆွဲခံရသည့် စစ်ကားတစ်စီးဖြစ်သည်။ ဓါတ်ပုံ-KA)
(ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာအနီးယခုနှစ်စက်တင်ဘာလအတွင်း မိုင်းဆွဲခံရသည့် စစ်ကားတစ်စီးဖြစ်သည်။ ဓါတ်ပုံ-KA)

ထို့ကြောင့် ယနေ့(နိုဝင်ဘာ ၂၈ ရက်)ကစ၍ဖရူဆိုမြို့အတွင်းဝင်ထွက်သွားလာခြင်းကို အခြေအနေပေါ်မူတည်၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ပင်ထားမည်ဖြစ်ကြောင်း အသိပေးသည်။

လမ်းပိတ်ထားစဥ်ကာလအတွင်း ဝင်ထွက်သွားလာခြင်းကို စစ်ဆေးတွေ့ရှိပါက လုံးဝ ခွင့်ပြုမည်မဟုတ်ဘဲ သွားလာနိုင်မည့်ရက်ကို ပြန်လည်အသိပေးမည်ဟု ပါရှိသည်။

“ဖရူဆို​ဒေသတွင်းရှိပွင့်လင်းရာသီချိန်တွင်း စစ်ရေးအရှိန်တိုးမြင့်လာနိုင်သောကြောင့် မိဘပြည်သူများ ထုတ်ပြန်ချက်ကို အ​မြဲနားစွင့်လိုက်နာဆောင်ရွက်ကြပါရန်” ကရင်နီတပ် မတော် KA က ပြောသည်။

ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ခမရ ၄၂၈ တပ် က အထိုင်ချတပ်စွဲထား ပြီး ကရင်နီတော်လှန်ရေးတပ်များနှင့် မကြာခဏ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

You May Also Like

သတင်း

လိုက်နာခြင်းမရှိ ဖြစ်သန်းသွားလာပါကဖြတ်သန်းသွားလာသူများ၏ လုံခြုံရေးကို အာမမခံနိုင်ဘဲ ထိခိုက်မှုတစုံတရာဖြစ်လာပါက တာဝန်ယူပေးမည်မဟုတ်ကြောင်း PDF - South Monywaက အဖွဲ့က ပြောသည်။

သတင်း

ယနေ့(နိုဝင်ဘာလ ၁၉ ရက်)နံနက်ပိုင်းကစပြီး မုံရွာ - ချောင်းဦး - မြင်းမူ လမ်းပိုင်း၊ မုံရွာ - ချောင်းဦး - ပခုက္ကူ လမ်းပိုင်းများကို ယာယီပိတ်‌ထားကြောင်း ချောင်းဦး PDFအဖွဲ့က ကြေညာချက်တွင် ဖော်ပြသည်။

သတင်း

ယနေ့(နိုဝင်ဘာ ၁၅ ရက်)ကစ၍ အဆိုပါ လမ်းပိုင်းကို အသုံးပြုခြင်းခေတ္တရပ်နားပေးထားရန်နှင့် သေရေး၊ ရှင်ရေးကိစ္စများအတွက် သွားလာရန်လိုအပ်ပါက ဆက်သွယ်ရန်လည်း အထူးသတိပေးထားသည်။

သတင်း

ယနေ့ (အောက်တိုဘာ၁၅ရက်) နံနက်ပိုင်းမှစပြီး အရာတော် - မုံရွာလမ်းပိုင်းအား ထပ်မံကြေညာချက်မထုတ်မပြန်မချင်း သွားလာအသုံးပြုခြင်း ရပ်နားထားပေးပါရန် အရာတော်(ပကဖ)က အသိပေးသည်။