Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးဗြဲမြို့တွင် နင်းမိုင်းထိမှန်၍ ကလေးငယ်သုံးဦး ဒဏ်ရာရပြီး တစ်ဦးစိုးရိမ်ရ

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ်ရှိ စစ်ရေး အရအရေးပါသော မိုးဗြဲမြို့ကို ယခုနှစ်စက်တင်ဘာလဆန်းပိုင်းကစ၍ စစ်ကောင်စီက အင်အားအလွန်အကျွံအသုံးပြု၍ ထိုးစစ်ဆင်ခဲ့သည်။

(နင်းမိုင်းထိမှန်ခဲ့သည့် ကလေးငယ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Mobye Rescue Team)
(နင်းမိုင်းထိမှန်ခဲ့သည့် ကလေးငယ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Mobye Rescue Team)

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် နင်းမိုင်းထိမှန်၍ ကလေးငယ်သုံးဦး ထိခိုက်ဒဏ်ရာရရှိပြီးတစ်ဦးမှာစိုးရိမ်ရကြောင်း Mobye Rescue Team တာဝန်ရှိသူက ပြောသည်။

မိုးဗြဲမြို့အနောက်ခြမ်းနေရာတစ်ခုတွင် ယမန်နေ့ (နိုဝင်ဘာ ၂၇ ရက်)နေ့လယ်က ဖြစ်ပွားခဲ့သော နင်းမိုင်းပေါက်ကွဲမှုကို Mobye Rescue Teamနှင့် တော်လှန်ရေးမဟာမိတ်များ ပူးပေါင်း၍ သွားရောက် ကယ်ထုတ်ခဲ့ခြင်းဟု ဆိုသည်။

(နင်းမိုင်းထိမှန်ခဲ့သည့် ကလေးငယ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Mobye Rescue Team)
(နင်းမိုင်းထိမှန်ခဲ့သည့် ကလေးငယ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – Mobye Rescue Team)

“စိုးရိမ်ရတဲ့ကလေးက ခေါင်းကိုထိတာ။ကျန်တဲ့ကလေးနှစ်ယောက်မှာ တစ်ဦးကပေါင်ထိတယ်။နောက်တစ်ဦးက ခြေထောက်ထိတာ”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ထိုကြောင့် ပြည်သူများအနေဖြင့် ခရီးသွားလာပြုလုပ်ရာတွင် အထူးဂရုစိုက်ဆင်ခြင်ကြရန်Mobye Rescue Teamက သတိပေးသည်။

(နင်းမိုင်းထိမှန်ခဲ့သည့် ကလေးငယ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - Mobye Rescue Team)
(နင်းမိုင်းထိမှန်ခဲ့သည့် ကလေးငယ်များအား တွေ့ရစဉ်၊ ဓာတ်ပုံ – Mobye Rescue Team)

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ်ရှိ စစ်ရေး အရအရေးပါသော မိုးဗြဲမြို့ကို ယခုနှစ်စက်တင်ဘာလဆန်းပိုင်းကစ၍ စစ်ကောင်စီက အင်အားအလွန်အကျွံအသုံးပြု၍ ထိုးစစ်ဆင်ခဲ့သည်။

ထိုးစစ်ဆင်မှုများအတွင်း ဘုရားကျောင်းများနှင့် လူနေရပ်ကွက်များအတွင်းပါ နင်းမိုင်း၊တိုက်မိုင်းများကို အကြမ်းဖက်စစ်တပ်က အသုံးပြုထားသည့် ရုပ်သံဖိုင်မှတ်တမ်းများလည်း ထွက်ပေါ်ခဲ့သည်။

You May Also Like

သတင်း

ယာဥ်များအတွက် ခင်ဦး - ရေဦး လမ်းပိတ်ထားသည်မှာ ၄လကျော်ပြီ ဖြစ်သော်လည်း နွားကျောင်းသားများ၊တောင်သူများ သတိထားပေးကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထပ်မံသတိပေးသည်။

သတင်း

စစ်အုပ်စုသည် ကလေးငယ်ပေါင်း (၃၇၂)ဦးကို မတရားဖမ်းဆီးထားပြီး ယနေ့အချိန်အထိ ကလေး (၃၀၃) ဦးခန့် မှာ ဆိုးရွားသော အချုပ်စခန်းများ၊ အကျဉ်းထောင်များတွင် ခက်ခဲကြမ်းတမ်းစွာ နေထိုင်ဖြတ်သန်းနေရကြောင်း NUG က ဆိုသည်။

သတင်း

ဖရူဆိုမြို့နယ်တွင် လူနေအိမ် သုံးလုံး ပျက်စီးခဲ့ပြီး ဖယ်ခုံတွင်လူနေအိမ် ခုနစ်လုံး နှင့် အရပ်သား ပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ယခုဖြစ်စဥ်မတိုင်မီ နိုဝင်ဘာ ၁၃ရက်က လွိုင် ကော်မြို့နယ် ကုန်းဆွတ်ကျေးရွာအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးကျည် နှစ်လုံးထက် မနည်းကျရောက်ပေါက်ကွဲခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိထားသည်။