Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ် မြင်းဒေါင်းရွာတွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူသုံးဦးကို မီးရှို့သတ်ဖြတ်

စစ်ကောင်စီတပ်သည် နိုဝင်ဘာ၂၆ရက်က မြင်းဒေါင်းကျေးရွာအား မီးရှို့ခဲ့ရာ ကျေးလက် ကျန်းမာရေးဆေးခန်းအပါအဝင် ဈေးတန်းအဆောင် ၂၀ကျော် နှင့် ရွာမြောက်ပိုင်းနေအိမ် ငါးလုံးခန့် ပျက်စီးသွားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

မြင်းဒေါင်းကျေးရွာတွင် စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့သော ပြည်သူ သုံးဦးနှင့် မီးရှို့ဖျက်ဆီးသွားမှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
မြင်းဒေါင်းကျေးရွာတွင် စစ်ကောင်စီတပ်က သတ်ဖြတ်သွားခဲ့သော ပြည်သူ သုံးဦးနှင့် မီးရှို့ဖျက်ဆီးသွားမှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

▪️ဆေးပေးခန်းအပါအဝင် အဆောက်အအုံ ၂၀ ကျော်လည်း မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာတွင် စစ်ကောင်စီတပ်က ဒေသခံ ပြည်သူ သုံးဦး​ကိုသတ်ဖြတ်သွားပြီး ဆေးပေးခန်း၊ လူနေအိမ်နှင့် စျေးဆိုင်ခန်းများအပါအဝင် အဆောက်အဦး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ၂၆ရက်က မြင်းဒေါင်းကျေးရွာအား မီးရှို့ခဲ့ရာ ကျေးလက် ကျန်းမာရေးဆေးခန်းအပါအဝင် ဈေးတန်းအဆောင် ၂၀ကျော် နှင့် ရွာမြောက်ပိုင်းနေအိမ် ငါးလုံးခန့် ပျက်စီးသွားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့အပြင် ရွာခံအမျိုးသား သုံးဦးဖြစ်သော အသက်(၄၅)နှစ်အရွယ် ကိုဇော်ဆိုသူအား ရိုက်နှက်သတ်ဖြတ်ခဲ့၍ အသက်(၃၃)နှစ်အရွယ် ကိုနေစိုးနှင့် အသက် (၅၅)နှစ်အရွယ် ဦးတင်ဝင်းမြင့်တို့ကို မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း ၎င်းအဖွဲ့က ပြောသည်။

ထို့အပြင် ခင်ဦး-ရေဦးလမ်းပေါ်ရှိ သရက်ပင်စုကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ကျေးရွာနေ အသက်(၂၅)နှစ်အရွယ် ကိုကျော်ခိုင်ဦးအား သတ်ဖြတ်သွားခဲ့သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုသည်။

မြင်းဒေါင်းကျေးရွာနှင့် သရက်ပင်စုကျေးရွာတို့သည် ရွာသစ်ကုန်းပျူစောထီးရွာနှင့် ကပ်လျက် တည်ရှိသောကြောင့် ရွာခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရ၍ အကူအညီများလိုအပ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးမှုများခံနေရသည့် ခင်ဦးနယ်တွင် စစ်ဘေးရှောင်၊ မီးဘေး ဒုက္ခသည် ၂၀,၀၀၀နှင့်အထက်ရှိပြီး မီးရှို့ခံရသည့် ကျေးရွာပေါင်း ၅၀ကျော်နှင့် လူနေအိမ် ၂,၂၀၀ နီးပါးမီးရှို့ဖျက်ဆီးခံထားရကြောင်း၊ ဆောင်းတွင်းကာလရောက်နေပြီး ဖြစ်တာကြောင့် အအေးဒဏ်အတွက် စောင်အနွေးထည်၊ ဆေးဝါးနှင့် အစားအသောက်များ ကူညီပေးကြပါရန် KURDAFက မေတ္တာရပ်ခံထားသည်။

You May Also Like

သတင်း

ပြီးခဲ့သော နိုဝင်ဘာလ(၂၁)ရက်က တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တောင်ကလေးရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးသည့်နောက် စစ်ကောင်စီတပ်သည် အင်အားအများအပြားဖြင့် ထိုဒေသအတွင်းတွင် စစ်ရေးဝင်ရောက်လှုပ်ရှားလာခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် ရွာသား ရှစ်ဦးသည် လက်ရှိတွင် မည်သည့်နေရာ၌ ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း Indaw Revolution က ဖော်ပြထားသည်။

သတင်း

"စစ်ကောင်စီက သူတို့နိုင်မယ်အထင်နဲ့ မတရားပြစ်ဒဏ်ချနေတာ။ အဲ့ဒီအကြွေးတွေ ပြန်ယူမှာ။ စစ်တပ် ကျရှုံးရမယ်" ဟု မြောင်းမြမြို့ခံတစ်ဦးကပြောသည်။

သတင်း

လေကြောင်း တိုက်ခိုက်မှု၊ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီးရွာများကို မီးရှို့မှုကြောင့် ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲများ ကြုံနေရသည်ဟုဆိုသည်။