Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်းမြအမတ်​ဒေါက်တာ​ဝေလင်း​အောင်ကို စစ်​ကောင်စီက ​ထောင် ၂၆ နှစ်ချ

“စစ်ကောင်စီက သူတို့နိုင်မယ်အထင်နဲ့ မတရားပြစ်ဒဏ်ချနေတာ။ အဲ့ဒီအကြွေးတွေ ပြန်ယူမှာ။ စစ်တပ် ကျရှုံးရမယ်” ဟု မြောင်းမြမြို့ခံတစ်ဦးကပြောသည်။

မြောင်းမြအမတ်​ဒေါက်တာ​ဝေလင်း​အောင်
မြောင်းမြအမတ်​ဒေါက်တာ​ဝေလင်း​အောင်

မြောင်းမြပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ​ဒေါက်တာဝေလင်းအောင်ကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီးနောက်တစ်နှစ်​ခန့်အကြာတွင်ယနေ့(နိုဝင်ဘာလ ၂၈)ထောင်ဒဏ် ၂၆ နှစ် ချမှတ်လိုက်သည်။

​ဒေါက်တာဝေလင်းအောင်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)အပါအဝင် ပုဒ်မ လေးခုဖြင့် စစ်​ကောင်စီ၏ မြဝတီခရိုင်တရားရုံးကအမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီက သူတို့နိုင်မယ်အထင်နဲ့ မတရားပြစ်ဒဏ်ချနေတာ။ အဲ့ဒီအကြွေးတွေ ပြန်ယူမှာ။ စစ်တပ် ကျရှုံးရမယ်” ဟု မြောင်းမြမြို့ခံတစ်ဦးကပြောသည်။

​ဒေါက်တာဝေလင်းအောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဒီချုပ်ပါတီကိုယ်စားပြု ယှဥ်ပြိုင်အနိုင်ရရှိခဲ့သည်။ စစ်တပ်ကအာဏာသိမ်းသည့်အခါ စစ်​အာဏာရှင်ဆန့်ကျင်​ရေး၊တော်လှန်ရေးကိုလုပ်ခဲ့သည်။

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တွင် ရောက်ရှိနေစဥ် ၂၀၂၁ ဒီဇင်ဘာ ၁၄ ရက်၌ စစ်ကောင်စီတပ်ကအင်အားအများအပြားဖြင့် လေးကေ့ကော်ကို စီးနင်းပြီး ဒေါက်တာဝေလင်းအောင်အပါအဝင် တော်လှန်ရေးအင်အားစုဝင် ၂၀ ကျော်ကို ဖမ်းဆီးခံခဲ့ရသည်။

You May Also Like

သတင်း

နိုဝင်ဘာ ၂၇ရက် နံနက် ၈နာရီခန့်ကစ၍ KRUနှင့် ဘောလခဲပြည်သူ့ကာကွယ် ရေးတပ်(BPDF) တပ်ရင်း(1105)တို့ ပူးပေါင်းကာ ထူးချောင်းစစ်ကောင်စီတပ်စခန်းကို စနိုက်ပါမစ်ရှင် ဖော်ဆောင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်က ခြောက်ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်များဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟုလည်း မြိတ်(ပကဖ)က အသိပေးထားသည်။

သတင်း

ဖမ်းမိသူမှာဗိုလ်မှူးဖြစ်​ကြောင်းမည်သို့စိစစ်သိရှိရပုံကိုPeople'sSpring က​မေးမြန်းရာ "စိစစ်ရေးကတ်ပြားမှာသူ့နာမည်ပါတယ်။စိစစ်ရေးကတ်ပြားသူ့မှာပါတယ်။"ဟု အဆိုပါစစ်ကြောင်းတာဝန်ရှိသူက​​ပြောကြားသည်။

သတင်း

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြား၌ ကျေးရွာများရှိ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။