ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခဲ့ရဟုဆို
မြိတ်မြို့မှ ထားဝယ်မြို့သို့ အရပ်ဝတ်ဖြင့် ခရီးသည်တင်ယာဥ်နှင့်လိုက်ပါလာသော စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တနင်္သာရီတိုင်းရှိ PDFတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။
“ပုလောဘက်နေ ထားဝယ်ဘက်ကို ပြောင်းရွှေ့တာကို အရပ်သားဟန်ဆောင်ပြီးလာတဲ့ အချိန် PDFတွေက ဖမ်းမိသွားတာ”ဟု တနင်္သာရီတိုင်းရှိ PDFတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။
နိုဝင်ဘာ ၂၆ ရက် ည ၇ နာရီခွဲက မြိတ်မြို့မှ ထား၀ယ်မြို့သို့ ထွက်ခွာလာသော ခရီးသည်တင်ယာဥ်ပေါ်တွင် အရပ်ဝတ်ဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးဝင်းဌေးနိုင်ဆိုသူကို သရက်ချောင်းမြို့နယ် ဘုတ်တောင်၌ ဖမ်းဆီးရမိခဲ့သည်ဟု ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက ယနေ့(နိုဝင်ဘာ ၂၈) ထုတ်ပြန် သည်။
ဖမ်းမိသူမှာဗိုလ်မှူးဖြစ်ကြောင်းမည်သို့စိစစ်သိရှိရပုံကိုPeople’sSpring ကမေးမြန်းရာ “စိစစ်ရေးကတ်ပြားမှာသူ့နာမည်ပါတယ်။စိစစ်ရေးကတ်ပြားသူ့မှာပါတယ်။”ဟု အဆိုပါစစ်ကြောင်းတာဝန်ရှိသူကပြောကြားသည်။
အဆိုပါ ဗိုလ်မှူး၀င်းဌေးနိုင် (ကြည်း ၃၅၃၆၆)သည် စစ်ကောင်စီ၏ အမှတ်(၁၂)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ လမ်းကြုံလိုက်လာသည်ဟုသိရပြီး စစ်ဆေးမေးမြန်နေစဉ်အတွင်း ပြန်လည်ခုခံရန် ကြိုစားသဖြင့် ပစ်ခတ်ခဲ့ရကြောင်းလည်း အသိပေးထားသည်။