Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ ထူးချောင်းတပ်စခန်းကို စနိုက်ပါမစ်ရှင်ဖော်ဆောင်၍ ကရင်နီတပ်များ တိုက်ခိုက်

နိုဝင်ဘာ ၂၇ရက် နံနက် ၈နာရီခန့်ကစ၍ KRUနှင့် ဘောလခဲပြည်သူ့ကာကွယ် ရေးတပ်(BPDF) တပ်ရင်း(1105)တို့ ပူးပေါင်းကာ ထူးချောင်းစစ်ကောင်စီတပ်စခန်းကို စနိုက်ပါမစ်ရှင် ဖော်ဆောင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထူးချောင်းစစ်ကောင်စီတပ်စခန်းနေရာအား တွေ့ရစဥ်၊ဓာတ်ပုံ - Karenni Revolution Union (KRU)
ထူးချောင်းစစ်ကောင်စီတပ်စခန်းနေရာအား တွေ့ရစဥ်၊ဓာတ်ပုံ - Karenni Revolution Union (KRU)

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ် ထူးချောင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိကြောင်း Karenni Revolution Union (KRU)မှ တာဝန်ရှိသူက ပြောသည်။

နိုဝင်ဘာ ၂၇ရက် နံနက် ၈နာရီခန့်ကစ၍ KRUနှင့် ဘောလခဲပြည်သူ့ကာကွယ် ရေးတပ်(BPDF) တပ်ရင်း(1105)တို့ ပူးပေါင်းကာ ထူးချောင်းစစ်ကောင်စီတပ်စခန်းကို စနိုက်ပါမစ်ရှင် ဖော်ဆောင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“သုံးနာရီကျော်လောက်ပြင်ဆင်ခဲ့ပြီးမှ တပ်စခန်းကို တိုက်ခဲ့တယ်။ တိုက်ပွဲက ၁၅မိနစ်လောက်ကြာတယ်။ အထိနာတဲ့အချိန် သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တဲ့အချိန် ဆုတ်ခွာခဲ့တာ”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ကရင်နီပူးပေါင်းတပ်များ အထိအခိုက်မရှိခဲ့ကြောင်း အသိပေးသည်။

လက်ရှိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက စစ်ရေးအရှိန်မြှင့်တင်ရန် ကြိုးပမ်းမှုများရှိနေ ကြောင်းလည်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်များက သတိပေးထားသည်။

ထို့ကြောင့် တိုက်ပွဲများပြင်းထန်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် သတိပေးထုတ်ပြန်ချက်များကို နားစွန့်ရန်နှင့် လိုက်နာပေးရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်တွန်းထားသည်။

You May Also Like

သတင်း

ယမန်နေ့(နိုဝင်ဘာ ၂၈ ရက်)နံနက် ၉နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ သားနားကျေးရွာမှ ထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ပြင်းအားမြင့် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း BLACK WOLF -ARMY (PDF)အဖွဲ့ တာဝန်ခံက ပြောသည်။

သတင်း

ဆူးပုတ်ချောင်ရွာကို စစ်ကောင်စီတပ် မီးရှို့ပြီးနောက် နိုဝင်ဘာ ၂၇ရက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့်တိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သားများအငိုက်မိပြီး စစ်သား၃ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း SBDF အဖွဲ့က ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းဖို့ကြိုးပမ်းစဥ်ကစလို့ ဖြတ်လေးဖြတ်မဟာဗျူဟာကို ကျင့်သုံးခဲ့ရာ မြို့နယ်ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ်တောက်တာ၊ နိုင်ငံသားဆိုင်ရာအခန်းကဏ္ဍဆုတ်ယုတ်​စေတာ အပါအဝင် များပြားလှတဲ့အရေးယူကန့်သတ်မှုတွေကို လုပ်ခဲ့ပါတယ်။