Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီရဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပြင်ဆင်မှုကို ကုလ လွန်စွာစိုးရိမ်ဟုဆို

စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းဖို့ကြိုးပမ်းစဥ်ကစလို့ ဖြတ်လေးဖြတ်မဟာဗျူဟာကို ကျင့်သုံးခဲ့ရာ မြို့နယ်ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ်တောက်တာ၊ နိုင်ငံသားဆိုင်ရာအခန်းကဏ္ဍဆုတ်ယုတ်​စေတာ အပါအဝင် များပြားလှတဲ့အရေးယူကန့်သတ်မှုတွေကို လုပ်ခဲ့ပါတယ်။

(OHCHR Myanmar အဖွဲ့ အကြီးအကဲ James Rodehaver ။ ။ဓါတ်ပုံ-UNMyanmar)
(OHCHR Myanmar အဖွဲ့ အကြီးအကဲ James Rodehaver ။ ။ဓါတ်ပုံ-UNMyanmar)

အာဏာသိမ်းစစ်ကောင်စီကအသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်ခြင်းနဲ့ပတ်သက်လို့ အလွန်အမင်းစိုးရိမ်တယ်လို့ အရှေ့တောင်အာရှဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးရုံး(OHCHR)က ယမန်​နေ့ကထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်မှာ ပြင်ဆင်ပြဌာန်းခဲ့တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေမှာ နိုင်ငံသားဆိုင်ရာအခန်းကဏ္ဍနဲ့ လူ့အခွင့်အရေးတွေအပေါ် ဆိုးကျိုးသက်ရောက်မှုရှိစေလို့ အခုလိုထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းဖို့ကြိုးပမ်းစဥ်ကစလို့ ဖြတ်လေးဖြတ်မဟာဗျူဟာကို ကျင့်သုံးခဲ့ရာ မြို့နယ်ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ်တောက်တာ၊ နိုင်ငံသားဆိုင်ရာအခန်းကဏ္ဍဆုတ်ယုတ်​စေတာ အပါအဝင် များပြားလှတဲ့အရေးယူကန့်သတ်မှုတွေကို လုပ်ခဲ့ပါတယ်။

စစ်တပ်ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တို့လို အခြေခံကျတဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်မှု ကျင့်သုံးမှုတွေကို တားမြစ်ခဲ့ပါတယ်။ စစ်ကောင်စီ အခုပြင်ဆင်ပြဌာန်းတဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေကို လိုက်နာဖို့ပျက်ကွက်မယ်ဆိုရင် ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တဲ့ ရာဇဝတ်မှုဆိုင်ရာပြစ်မှုအဖြစ်သတ်မှတ်ထားပါတယ်။

OHCHR Myanmar အဖွဲ့ အကြီးအကဲ James Rodehaver က “အထူးသဖြင့် စစ်တပ်က သူတို့အာဏာသိမ်းမှုကို ဆန့်ကျင်သူတိုင်းကို စနစ်တကျ နှောင့်ယှက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် တရားစွဲခြင်း​တွေကြောင့် နိုင်ငံအတွင်းမှာ အရပ်ဘက် အခန်းကဏ္ဍကဆိတ်သုဉ်း​နေပါပြီ”လို့ပြောပါတယ်။

သူကဆက်လက်ပြီး​တော့လည်း “ဒီဋစည်းမျဉ်းအသစ်​တွေက အသက်ရှင်သန်ရန် ရုန်းကန်နေရတဲ့လူဦး​ရေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်း​တွေန့ ဝန်ဆောင်မှု​တွေကိုပေးပို့ကူညီနိုင်ဖို့အတွက် အရပ်ဘက်အဖွဲ့အစည်း​တွေလည်ပတ်ရန်နေရာလွတ်ကို သိသိသာသာ လျော့ပါးသွားစေနိုင်ပါတယ်”လို့ဆိုပါတယ်။

You May Also Like

သတင်း

ယမန်နေ့(နိုဝင်ဘာ ၂၈ ရက်)နံနက် ၉နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ သားနားကျေးရွာမှ ထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ပြင်းအားမြင့် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း BLACK WOLF -ARMY (PDF)အဖွဲ့ တာဝန်ခံက ပြောသည်။

သတင်း

ဆူးပုတ်ချောင်ရွာကို စစ်ကောင်စီတပ် မီးရှို့ပြီးနောက် နိုဝင်ဘာ ၂၇ရက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့်တိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သားများအငိုက်မိပြီး စစ်သား၃ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း SBDF အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆောင်းပါး

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ ဩစတြေးလျ စီးပွားရေး ပရော်ဖက်ဆာ ရှောင်တာနဲလ်ဟာ ရန်ကုန်မြို့က သူတည်းခိုနေတဲ့ ဟိုတယ်ဝန်ထမ်း တစ်ဦးဆီက ကျောချမ်းစရာ သတိပေးမှု တစ်ခုကို ကြားခဲ့ရပါတယ်။