Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို-မန္တလေးလမ်းတွင် စစ်ကောင်စီယာဥ်များကို မိုင်းနှစ်ကြိမ်ခွဲကာ တိုက်ခိုက်

စစ်ကောင်စီတပ်သားများအငိုက်မိပြီး စစ်သား၃ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း SBDF အဖွဲ့က ထုတ်ပြန်ခဲ့သည်။

(စစ်အုပ်စု အာဏာမသိမ်းခင်က ​ရွှေဘိုမြို့ တစ်​နေရာ။ ဓါတ်ပုံ-CJ)
(စစ်အုပ်စု အာဏာမသိမ်းခင်က ​ရွှေဘိုမြို့ တစ်​နေရာ။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် လှတောမှရွှေဘိုသို့ထွက်လာသည့် စစ်ကောင်စီတပ်ယာဥ်များအားမိုင်း ၂ ကြိမ် ခွဲကာ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း Shwebo Defense Force(SBDF) အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၈ ရက်နေ့) မွန်းလွဲ ၁ နာရီခန့်က လှတောဘက်မှ ရွှေဘိုဘက်သို့လာသော စစ်ကောင်စီတပ်၏ ကားတစ်စီးအားလမ်းပိုင်းတစ်နေရာတွင် Shwebo Defense Force(SBDF)စခန်း (၁) နှင့် မဟာမိတ်များဖြစ်သော ဒေါင်းနီအရာတော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယမ်းဘီလူးဘကျော်တိုက်နယ်၊ တောကျီးကန်းနှင့် Anyar Revolution အဖွဲ့တို့က လက်နက်ငယ်များဖြင့် စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများအငိုက်မိပြီး စစ်သား၃ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း SBDF အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ညနေ ၅ နာရီခန့်ကလည်း လှတောမှရွှေဘိုသို့ထွက်ခွာလာသည့် စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် ၆ဘီးကားတစ်စီးကို SBDF စခန်း၁ မိုင်းအဖွဲ့၊ ဒေါင်းနီ အရာတော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယမ်းဘီလူးဘကျော်တိုက်နယ်အဖွဲ့တို့က မွန်းလွဲပိုင်းကဖြစ်ခဲ့သော နေရာ အနီး၌ပင် မိုင်းဆယ်လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း SBDF အဖွဲ့က ထပ်မံအသိပေးသည်။ စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှုများနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းတွင် SBDF မိုင်းအဖွဲ့များ၊ မဟာမိတ်အဖွဲ့များ လှုပ်ရှားလျက်ရှိပြီး ပြည်သူများသည် ည၇ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်းမပြုရန်၊ ကားများကိုမှန်ချမောင်းနှင်ရန်၊ အကြမ်းဖက်စစ်ကားများနှင့် ဝေးဝေးနေကြရန် မေတ္တာရပ်ခံထားသ​ည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Shwebo Defense Force(SBDF) အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

You May Also Like

သတင်း

KNDFနှင့် ကရင်နီတပ်မတော်တို့ပူးပေါင်းကာ နိုဝင်ဘာ ၂၅ ရက်ကစ၍ နှစ်ရက်တိုင် အလစ်ငိုက် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

သတင်း

ယမန်နေ့(နိုဝင်ဘာ ၂၈ ရက်)နံနက် ၉နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ သားနားကျေးရွာမှ ထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ပြင်းအားမြင့် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း BLACK WOLF -ARMY (PDF)အဖွဲ့ တာဝန်ခံက ပြောသည်။

သတင်း

ဆူးပုတ်ချောင်ရွာကို စစ်ကောင်စီတပ် မီးရှို့ပြီးနောက် နိုဝင်ဘာ ၂၇ရက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့်တိုက်ခိုက်ခဲ့သည်။

သတင်း

စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းဖို့ကြိုးပမ်းစဥ်ကစလို့ ဖြတ်လေးဖြတ်မဟာဗျူဟာကို ကျင့်သုံးခဲ့ရာ မြို့နယ်ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ်တောက်တာ၊ နိုင်ငံသားဆိုင်ရာအခန်းကဏ္ဍဆုတ်ယုတ်​စေတာ အပါအဝင် များပြားလှတဲ့အရေးယူကန့်သတ်မှုတွေကို လုပ်ခဲ့ပါတယ်။