Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံတကာနှင့် ပြည်တွင်းလူထု၏ အင်အားကိုချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲ ကြိုးပမ်းရန် ယာယီသမ္မတတိုက်တွန်း

တော်လှန်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေးအတွက် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရန် ကြိုပမ်းရာအချို့ကိုလူသိရှင်ကြား ထိတွေ့ဆက်ဆံနေပြီးအချို့ကို လူမသိ သူမသိ ချိတ်ဆက်မှုရှိကြောင်း ယာယီသမ္မတက ပြောသည်။

နိုင်ငံတကာနှင့် ပြည်တွင်းလူထု၏ အင်အားကိုချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲ ကြိုးပမ်းရန် ယာယီသမ္မတတိုက်တွန်း
နိုင်ငံတကာနှင့် ပြည်တွင်းလူထု၏ အင်အားကိုချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲ ကြိုးပမ်းရန် ယာယီသမ္မတတိုက်တွန်း

မိတ်ဆွေနိုင်ငံ များပြားလာရေးကြိုးပမ်းရန် NUGအဖွဲ့ဝင်များအား မှာကြား

နိုင်ငံတကာအင်အားနှင့် ပြည်တွင်းလူထု အင်အားကိုချိတ်ဆက်ပြီး နွေဦးတော်လှန်ရေး အောင်ပွဲကို အားလုံးအတူတကွ လက်တွဲကြိုးပမ်းပြီးချီတက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ တိုက်တွန်းသည်။

“ကျွန်တော်တို့ သတိထားရမှာက နိုင်ငံတကာနိုင်ငံအားလုံးဟာ ကျွန်တော်တို့အတွက် အားလုံးမိတ်ဆွေတွေဖြစ်ဖို့ ခဲယဉ်းပေမယ့် သူတို့ကို ကျွန်တော်တို့နဲ့ ရန်သူတွေမဖြစ်အောင်တော့ လုပ်လို့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်အားလုံးအနေနဲ့ နိုင်ငံတကာအသိုင်းအဝန်းမှာ မိတ်ဆွေနိုင်ငံတွေများပြားလာအောင် ကြိုးပမ်းလုပ်ဆောင်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်”ဟုလည်း ယာယီသမ္မတက ပြောကြားသည်။

မြန်မာ့နွေဦးတော်လှန်ရေးသည် ပြည်တွင်းနိုင်ငံရေးရေချိန်နှင့် ကမ္ဘာ့နိုင်ငံရေး အလှည့်အပြောင်းများ ကြား၌ ချိတ်ဆက်ရပ်တည်နေသည်ဟု ၎င်းက ဆိုသည်။

နိုင်ငံတကာနှင့် ပြည်တွင်းလူထု၏ အင်အားကိုချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲ ကြိုးပမ်းရန် ယာယီသမ္မတတိုက်တွန်း
နိုင်ငံတကာနှင့် ပြည်တွင်းလူထု၏ အင်အားကိုချိတ်ဆက်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲ ကြိုးပမ်းရန် ယာယီသမ္မတတိုက်တွန်း

“ကျွန်တော့်အနေနဲ့ကတော့ ပြည်တွင်းက ပြည်သူလူထုရဲ့ အင်အားကို ယုံကြည်ပါတယ်။ ပြည်ပရောက်မြန်မာပြည်သူလူထုရဲ့ အင်အားကိုလည်း လျော့မတွက်ပါဘူး။ ဒါ့အပြင် နိုင်ငံတကာ နိုင်ငံတွေရဲ့ အခန်းကဏ္ဍကိုလည်း လျစ်လျူမရှုပါဘူး။ ဒါကတော့ ပြည်တွင်းက ပြည်သူလူထုရဲ့ နိုင်ငံရေး သဘောထားပဲ ဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ဆက်လက်၍ ယာယီသမ္မတက” ပြည်သူလူထုရဲ့ သဘောထားဆိုတာ အတက်အကျ အနိမ့်အမြင့်တွေ ရှိနေတတ်ပါတယ်။ ပြည်သူလူထုရဲ့ သဘောထားကိုလည်း သိမြင်နားလည်အောင် လုပ်ရပါလိမ့်မယ်။ နိုင်ငံတကာရဲ့အားနဲ့ ပြည်တွင်းကအားကို လိုက်လျောညီ ထွေဖြစ်အောင် ချိတ်ဆက်လုပ်ဆောင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်အားလုံးမှာ တာဝန်ရှိပါတယ်”ဟု ပြောသည်။

ပြည်တွင်း၊ပြည်ပ အသီးသီးရှိ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများကလည်း နွေဦးတော်လှန်ရေး၏ နဂိုမူလ ထောက်ပံ့ရေး ရင်းမြစ်များ ဖြစ်ကြောင်း၊ ပြည်တွင်း ပြည်သူလူထု၏ ယုံကြည်လေးစားမှုကို ရယူထားရန်လိုအပ်သကဲ့သို့ နိုင်ငံတကာအစိုးရများ၏ လေးစားယုံကြည်မှုကိုလည်း တည်ဆောက်ထားနိုင်ရမည်ဖြစ်ကြောင်း ယာယီသမ္မတ၏ မိန့်ခွန်း၌ ပါရှိသည်။

“လူထုရဲ့ ယုံကြည်မှုနဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုဟာ တရားဝင်အစိုးရ တစ်ရပ်ဖြစ်ခြင်းရဲ့ အဓိက အချက်ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းရဲ့ သဘောထားတွေဟာ ပြည်တွင်းက လူထုရဲ့ သဘောထားတွေရဲ့ အရိပ်အယောင်နဲ့လည်း ချိတ်ဆက်ထင်ဟပ်နေတယ်လို့ ယူဆပါတယ်။ လူထုအားကို နိုင်ငံတကာအသိုက်အဝန်းက အလွန်အကျွံ မငြင်းဆန်ဝံ့ပါဘူး။ ဒါကို သိနားလည်ပြီး ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးပုံရိပ်ကို ပြည်တွင်းက လူထုရဲ့ သဘောထားနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ သဘောထားကို ပူးတွဲချိတ်ဆက်ထားကြဖို့ ဖြစ်ပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

လက်ရှိတော်လှန်ရေး အခြေအနေနှင့်ပတ်သက်ပြီးသုံးသပ်ပေးရန် ယာသီသမ္မတအား RFA သတင်းဌာနကမေးမြန်းရာ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု၊ အာဏာရှင်တွန်းလှန်သည့် စိတ်ဓာတ်ကြောင့်အတော်များများ အောင်မြင်မှုရခဲ့ကြောင်း ယာယီသမ္မတက ဖြေကြားသည်။

“ဥပမာဆိုပါတော့ ကျွန်တော်တို့ နယ်မြေတွေထိန်းသိမ်းတဲ့နေရာမှာ ၆၀ရာခိုင်နှုန်းလောက်ဆိုပါတော့ ပြည်သူ့ကာကွယ်ရေးဘက်ကနေ ထိန်းသိမ်းထားနိုင်ပြီဖြစ်ပါတယ်။ အဲ့ဒါတွေက အောင်မြင်မှုဖြစ်ပါ တယ်။ နောက်တစ်ချက်က မဟာမိတ်တွေနဲ့ ပူးပေါင်းဆက်ဆံတဲ့အခါမှာ တော်တော်များများ အောင်မြင်မှုရခဲ့ပါတယ်။ကျွန်တော်တို့ တွန်းလှန်စစ်မှာ တပ်တွေဖွဲ့စည်းတာ လေ့ကျင့်ပေးတာ အကုန်လုံး EROတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကူညီတာဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

တော်လှန်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေးအတွက် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရန် ကြိုပမ်းရာအချို့ကိုလူသိရှင်ကြား ထိတွေ့ဆက်ဆံနေပြီးအချို့ကို လူမသိ သူမသိ ချိတ်ဆက်မှုရှိကြောင်း ယာယီသမ္မတက ပြောသည်။

“တစ်ခုတော့လေးလေးနက်နက်ပြောနိုင်တာက လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ NUG အစိုးရဟာ ထိတွေ့ဆက်ဆံပါတယ်ဆိုတာ ပြောချင်ပါတယ်။ အကြိမ်ကြိမ်အခါခါသူတို့လည်း ကျွန်တော်တို့ နဲ့အတူလက်တွဲပြီးတော့ ပြတ်ပြတ်သားသားပူးပေါင်းပါဝင်လာဖို့ကို ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ထို့အပြင် တော်လှန်ရေးဟာ ငြီးငွေ့လို့မရ၍ ခံနိုင်ရည်အပြည့်အ၀နှင့် စစ်ကောင်စီပြုတ်ကျသည်အထိ လက်တွဲညီညီ ဝိုင်းဝန်းကြိုးစားရန်များစွာလိုအပ်သည်ဟုလည်း ယာယီသမ္မတက RFAသတင်းဌာနနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

You May Also Like

သတင်း

ယနေ့ (နိုဝင်ဘာ ၂၂ရက်)တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၅)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီအား လက်နက်များ ဖြန့်ဖြူးရောင်းချပြုလုပ်လျက်ရှိသည့် ကုမ္ပဏီများကို ပိတ်ဆို့ အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ထုတ်ပြန်တောင်းဆိုသည်။ အကြမ်းဖက်စစ်အုပ်စု၏ ရာဇဝတ်မှုများကို မျက်ကွယ်ပြုခြင်းသည် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် အားပေးရာရောက်သည်ဖြစ်၍ အားပေးထောက်ခံသည့် အပြုအမူမှန်သမျှကို မပြုလုပ်ကြရန် NUG က နိုင်ငံတကာကို...

သတင်း

စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးအပြီးတွင် အာဆီယံအထူးကိုယ်စားလှယ်က ၎င်း၏ တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဥ်ကို စီစဥ်နေကြောင်း ကြေညာလိုက်ပြီး ထင်ရှား သည့်နိုင်ငံရေးအကျဥ်းသားအချို့အပါအဝင် ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့သည့်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

သတင်း

မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးကို ကြည့်ပါက အမျိုးအလိုက်အုပ်စုဓလေ့ အပြိုင်ထွန်းကားတာ ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် အမျိုးသားစည်း လုံးညီညွတ်မှု၌အားနည်းခဲ့ကြောင်း ယာယီသမ္မတက ပြောသည်။