Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုရှိ စစ်ကောင်စီ၏အမှတ်(၁၄)တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းနှင့် မာခရော့ရှေ့ခြေကုပ်စခန်းတို့အား ကရင်နီတပ်များတိုက်ခိုက်

KNDFနှင့် ကရင်နီတပ်မတော်တို့ပူးပေါင်းကာ နိုဝင်ဘာ ၂၅ ရက်ကစ၍ နှစ်ရက်တိုင် အလစ်ငိုက် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

(KNDF တပ်ရင်း -၁၅မှ ရဲဘော်များ တိုက်ပွဲတစ်ခုအတွင်း တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(KNDF တပ်ရင်း -၁၅မှ ရဲဘော်များ တိုက်ပွဲတစ်ခုအတွင်း တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းနှင့် မာခရော့ရှေ့ခြေကုပ်စခန်းတို့အား တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားလေးဦး သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း -၁၅ က ယနေ့ ထုတ်ပြန်သည်။

KNDFနှင့် ကရင်နီတပ်မတော်တို့ပူးပေါင်းကာ နိုဝင်ဘာ ၂၅ ရက်ကစ၍ နှစ်ရက်တိုင် အလစ်ငိုက် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

အမှတ်(၁၄)တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းအတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်းဖော်ပြသည်။

ထို့အပြင်နိုဝင်ဘာ ၂၆ ရက်ကလည်း စစ်ကောင်စီ၏အမှတ်(၁၄)တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းနှင့် မာခရော်ရှေ့ ခြေကုပ်စခန်းတို့အား အလစ်အငိုက် တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းနှင့်ခြေကုပ်စခန်းတို့အား အလစ်အငိုက်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဖက်မှ လက်နက်ငယ်၊လက်နက်ကြီးပစ်ကူများ အများအပြားအသုံးပြု ပြန်လည်ပစ်ခတ်ခြင်းများရှိခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ မစ်ရှင်များအား အထိခိုက်မရှိ လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဥ်နဲ့ပတ်သက်ပြီး KNDFထံဆက်သွယ်မေးမြန်းရာ အဆက်အသွယ်မရသေးပေ။ စစ်ကောင်စီတပ်သားများ သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

“လက်ရှိစစ်ရေးအရ ဖရူဆိုမှာ မနေ့ကစလို့ ပြည်သူတွေအပါအဝင် အားလုံးကိုဝင်ထွက်သွားလာ ခွင့်ပိတ်ထားတယ်။နောက်ပြီး ဒီးမော့ဆိုမှာဆိုလည်း တိုက်ပွဲဖြစ်နေတာ သုံးလေးရက်ဆက်ဖြစ်နေပြီ”ဟု အမည်မဖော်လိုသူ ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ဝင်ထွက်သွားလာခြင်း ယာယီပိတ်ပင်ကြောင်း ကရင်နီပြည်အစိုးရ၊ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ် စတင်ဝင်ရောက်ချိန်က ဒေသခံ ကာကွယ်ရေးတပ်အချို့က ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား မမျှသည့်အပြင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူဖြင့် နှစ်ရက်ဆက်တိုက်ခိုက်ခဲ့သည်။

သတင်း

သိပ်ဇရပ်ရဲစခန်းမှ မကြာခဏ လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိပြီး အရပ်သားပြည်သူများအား မတရားဖမ်းဆီးမှုများလုပ်ဆောင်လျှက်ရှိကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

ယမန်နေ့(နိုဝင်ဘာ ၂၈ ရက်)နံနက် ၉နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ သားနားကျေးရွာမှ ထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ပြင်းအားမြင့် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း BLACK WOLF -ARMY (PDF)အဖွဲ့ တာဝန်ခံက ပြောသည်။

သတင်း

ဆူးပုတ်ချောင်ရွာကို စစ်ကောင်စီတပ် မီးရှို့ပြီးနောက် နိုဝင်ဘာ ၂၇ရက်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့်တိုက်ခိုက်ခဲ့သည်။