Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားမဟာမိတ်များ လက်တွဲပြီးချီတက်နိုင်ရေးမှာအရေးကြီးဆုံးဟု ပြည်ထောင်စုဝန်ကြီးချုပ်ပြော

စစ်ရေးလှုပ်ရှားမှုများ များလာသည်နှင့်အမျှ ထိခိုက်နစ်နာရသည့် ပြည်သူများအသက်ဆုံးရှုံးရသည့် ပြည်သူ့ဘက်တော်သားများ၏ သတင်းများကြားသိရပြီး များစွာစိတ်ထိခိုက်ရသည်ဟုလည်း ၎င်းက ဆိုသည်။

တိုင်းပြည်ကို ဒုက္ခမျိုးစုံပေးနေသည့် အကြမ်းဖက်စစ်ကောင်စီကို အမြန်ဆုံးအမြစ်ဖြတ်နိုင်ရန် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားမဟာမိတ် EROများတစ် စုတစ်စည်းတည်း လက်တွဲပြီး ချီတက်နိုင်ရေးမှာ အရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအစိုးရ အဖွဲ့အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။

စစ်ရေးလှုပ်ရှားမှုများ များလာသည်နှင့်အမျှ ထိခိုက်နစ်နာရသည့် ပြည်သူများအသက်ဆုံးရှုံးရသည့် ပြည်သူ့ဘက်တော်သားများ၏ သတင်းများကြားသိရပြီး များစွာစိတ်ထိခိုက်ရသည်ဟုလည်း ၎င်းက ဆိုသည်။

တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားမဟာမိတ်များ လက်တွဲပြီးချီတက်နိုင်ရေးမှာအရေးကြီးဆုံးဟု ပြည်ထောင်စုဝန်ကြီးချုပ်ပြော
တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားမဟာမိတ်များ လက်တွဲပြီးချီတက်နိုင်ရေးမှာအရေးကြီးဆုံးဟု ပြည်ထောင်စုဝန်ကြီးချုပ်ပြော

“ဒီလို သတင်းတွေကြားသိရတိုင်း ကျွန်တော့် စိတ်ထဲမှာ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချမိတာ ရှိပါတယ်။ နံပါတ် (၁)က ပြည်သူတွေ ထိခိုက်နစ်နာမှုတွေထပ်မဖြစ်အောင် တော်လှန်ရေးကို အောင်အောင်မြင်မြင်နဲ့ အမြန်အဆုံးသတ်နိုင်အောင် လုပ်ရပါမယ်။ နံပါတ် (၂ )က တော်လှန်ရေးကြီး ပြီးသွားတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာဆုံးရှုံးခဲ့သူ ပြည်သူတွေကိုအကောင်းဆုံး ပြန်လည်ကုစားနိုင်မယ့် အစီအစဉ်တွေ လုပ်ရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

တော်လှန်ရေးအချိန်ကြာလာသည်နှင့်အမျှ အကြမ်းဖက်စစ်ကောင်စီဘက်က နည်းလမ်းပေါင်းစုံနှင့် တော်လှန်ရေး အင်အားစုတွေကြား သွေးကွဲစေမည့်ဝေဝေဝါးဝါးဖြစ်စေမည့် နည်းလမ်းများ သုံးလာမည်ဖြစ်ကြောင်း ၎င်းက သတိပေးသည်။

Public Service Announcement
Public Service Announcement

လက်ရှိ နွေဦးတော်လှန်ရေးသည် နိုင်ငံရေးကဏ္ဍတစ်ခုတည်းနှင့် သွားလို့ရသည့် တော်လှန်ရေး မဟုတ်သကဲ့သို့ စစ်ရေးချည်း သီးသန့်အဖြေရှာနိုင်မည့် တော်လှန်ရေးလည်းမဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

“ရက်စက်ယုတ်မာလွန်းတဲ့ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ထုတ်ရင်း နှစ်ပေါင်း များစွာ တည်ရှိနေတဲ့၊ မဖြေရှင်းနိုင်ခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းရင်း အဖြေရှာရင်း သွားရမယ့် တော်လှန်ရေးဖြစ်တာမို့ ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကို မလစ်ဟင်းစေဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့လည်း နိုင်ငံခြားရေးကဏ္ဍအလျောက်၊ ကာကွယ်ရေးဝန်ကြီး ဌာနအနေနဲ့လည်း ကာကွယ်ရေးကဏ္ဍအလျောက်၊ လူသားစာနာဝန်ကြီးဌာနကလည်း လူသား စာနာကဏ္ဍအလျောက် ဟန်ချက်ညီညီ ထောင့်စေ့အောင် စီမံသွားကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

You May Also Like

သတင်း

ဖမ်းဆီးစစ်ဆေးရန်ရည်ရွယ်ခဲ့သော်လည်း ငွေကြေးတောင်းခံသူများက အလျင်အမြန်လှည့်ပြေးသွားခဲ့ပြီး ထိုသူတို့မှာ မည်သူမည်ဝါ ဖြစ် ကြောင်း အမည်နှင့်တကွ မည်သည့်အဖွဲ့မှဖြစ် ကြောင်း မျက်မြင် သက်သေရရှိခဲ့သည်ဟု KNDF က ပြောသည်။

သတင်း

ယနေ့ (နိုဝင်ဘာ ၂၂ရက်)တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၅)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

ကမ်ပိန်းကာလဟာ နိုဝင်ဘာလ ၂၅ ရက်ကနေ ဒီဇင်ဘာလ ၁၆ ရက်အထိဖြစ်ပြီး ရရှိလာတဲ့ ငွေကြေးရဲ့ ၃၀ ရာခိုင်နှုန်းကို NUG ကာကွယ်ရေးဝန်ကြီးဌာနအတွက် ၊ ၇၀ ရာခိုင်နှုန်းကို ကရင်နီပြည်အတွက် အသုံးပြုသွားမယ်လို့သိရပါတယ်။

သတင်း

အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ် နှောင်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာမှု နှင့် ပတ်သက်သည့် NUG၏ ကြေညာချက်၌ အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။