Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဦးဇော်ဇော်ပိုင် AYA ဘဏ်ကို အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရန် စီစဉ်

တရားရုံး၏ အမိန့်တစ်ရပ်ရပ်အရတားမြစ်ခြင်းမရှိလျှင် ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည့် နိုင်ငံတော်ပြန်တမ်းတွင်ဖော်ပြထားသည်။

(ရန်ကုန်မြို့ လယ်ရှိ ဧရာဝတီဘဏ်ရုံးချုပ်။ ။ဓါတ်ပုံ- Aya Bank)
(ရန်ကုန်မြို့ လယ်ရှိ ဧရာဝတီဘဏ်ရုံးချုပ်။ ။ဓါတ်ပုံ- Aya Bank)

နာမည်​ကျော်စီးပွား​ရေးလုပ်ငန်းရှင် ဦး​ဇော်​ဇော်၏ ဧရာဝတီဘဏ် (AYA ဘဏ်) ကို တစ်ဦးတည်းပိုင်ဘဏ်ကုမ္ပဏီမှ အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲရန် စီစဉ်နေကြောင်း နိုဝင်ဘာ ၁၈ ရက် ထုတ်ပြန်ကြေငြာထားသည်။

တရားရုံး၏ အမိန့်တစ်ရပ်ရပ်အရတားမြစ်ခြင်းမရှိလျှင် ကုမ္ပဏီအမျိုးအစားပြောင်းလဲခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည့် နိုင်ငံတော်ပြန်တမ်းတွင်ဖော်ပြထားသည်။

လက်ရှိဘဏ်၏ တန်ဖိုးမှာကျပ်ငွေ ဘီလီယံ ၇၀၀၀ ရှိသည် ဆို​​သောAYA ဘဏ်ကို စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်တစ်ဦးတည်း ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ယခင်ဗဟိုဘဏ်ဒုတိယဥက္ကဌဟောင်း ဒေါ်ခင်စောဦးက အမှုဆောင်ဥက္ကဌ အဖြစ်ဆောင်ရွက်နေခြင်းဖြစ်သည်။

“တဦးတည်းပိုင်တဲ့ လုပ်ငန်းကနေ လူအများစုပိုင်တဲ့ ကုမ္ပဏီအဖြစ်ပြောင်းပြီး ဘဏ်ရှယ်ယာတွေကို ထုတ်ရောင်းမယ် သဘောမျိုးပါ”ဟု ဘဏ်လုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပြုသည်။

ထိုသို့ပြောင်းလဲခြင်းကြောင့် ရှယ်ယာများကို အများပြည်သူကိုလည်းရောင်းချနိုင်တော့မည်ဖြစ်သည်ဟု ၎င်းကသုံးသပ်သည်။

စစ်အုပ်စုအာဏာသိမ်းပြီး​နောက်ပိုင်းပြည်တွင်းဘဏ်များအ​ပေါ် လူထုယုံကြည်မှု​လျော့ကျလာခြင်း​ကြောင့် ဘဏ်တွင်​ငွေအပ်နှံမှု​လျော့ကျလာခြင်း ၊ စစ်​ကောင်စီကဘဏ်လုပ်ငန်းများကိုတင်းကြပ်ခြင်း၊ နိုင်ငံ့စီးပွား​ရေးကျဆင်းမှု​တို့ကြောင့် ဘဏ်လုပ်ငန်းများ ကျဆင်း​နေသည်။

You May Also Like

သတင်း

ငွေတော်ကြည်ကုန်းရပ်ကွက်၊ ၇၅ လမ်း ၊ ၁၁၇ လမ်းနဲ့ ၁၁၈ လမ်းကြားမှာရှိတဲ့ ရှင်းမြတ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီ နေအိမ်ရုံးခန်းကို နေ့လယ် ၁ နာရီခွဲခန့်မှာ အမျိုးသား ၂ ဦး ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ပြကာ ဓားပြတိုက်သွားတာလို့ သိရပါတယ်။

သတင်း

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြန်မာစီးပွားရေးဘဏ်ရှေ့တွင် ယနေ့(နိုဝင်ဘာ ၄ရက်) နေ့လယ်က မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်း

နိုင်ငံတကာဘဏ်များဖြစ်သည့် ANZ၊ UOB နှင့် BIDV တို့အနေဖြင့် ၎င်းတို့၏ နိုင်ငံတကာလူ့အခွင့်အရေးတာဝန်များနှင့်အညီ အင်းဝဘဏ်နှင့် ဆက်ဆံရေးကို ချက်ချင်းအဆုံးသတ်ခြင်း၊ သို့မဟုတ် မြန်မာနိုင်ငံမှ ထွက်ခွာခြင်းကို မဖြစ်မနေ လုပ်ကြရမည်ဟု JFM က တိုက်တွန်းသည်။

သတင်း

သတ်ဖြတ်ခံထားရတဲ့အလောင်းရဲ့လည်ပင်းမှာ ပြတ်ရှထားတဲ့ ဒဏ်ရာ တွေ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကလည်းဖော်ပြကြပါတယ်။