Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီချုပ်အစိုးရလက်ထက် ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ချုပ် ဒေါက်တာထွန်းဇော် ယနေ့ ပြန်လည်လွတ်မြောက်လာ

‌ဒေါက်တာထွန်းဇော်တာ၀န်ယူခဲ့သော ပြန်လည် ထူထောင်ရေးဦးစီးဌာ ညွှန်ကြားရေးမှူးချုပ်နေရာကို စစ်တပ်မှ ရောက်ရှ်ိလာသော ဗိုလ်မှူးကြီးဉာဏ်မြင့် အောင်ဆိုသူက ကိုင်တွယ်နေသည်။

ဒီချုပ်အစိုးရလက်ထက် ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ချုပ် ဒေါက်တာထွန်းဇော် ယနေ့ ပြန်လည်လွတ်မြောက်လာ
ဒီချုပ်အစိုးရလက်ထက် ပြန်လည်ထူထောင်ရေးဦးစီးဌာနညွှန်ချုပ် ဒေါက်တာထွန်းဇော် ယနေ့ ပြန်လည်လွတ်မြောက်လာ

စစ်ကောင်စီက ထောင်ဒဏ် (၂)နှစ်မတရားချမှတ် ထားသည့် ဒီချုပ်အစိုးရလက်ထက် ပြန်လည် ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော် ယနေ့ ပြန်လည်လွတ်မြောက်လာခဲ့သည်။

“ဒေါက်တာထွန်းဇော်ပြန်လွတ်မြောက်လာပြီ။ရဲရင့်တဲ့ ဆရာ့အတွက် အရမ်းဂုဏ်ယူပါတယ်”ဟု ဒေါက်တာထွန်းဇော်၏ ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးက ပြောသည်။

ဒေါက်တာထွန်းဇော်သည် ယခင်က လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ် အေး(ယခု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝန်ကြီးဌာနဝန်ကြီး)နှင့် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် ဌာနဆိုင်ရာလုပ်ငန်းများတွင် အတွဲညီခဲ့သူဖြစ်သည်။

စစ်တပ်ကနိုင်ငံတော် အာဏာသိမ်းပြီး ၁၅ရက်အကြာ ၂၀၂၁ ဖေဖော်ဝါရီ ၁၅ရက်တွင် ဒေါက်တာထွန်းဇော် ကို ဖမ်းဆီးခဲ့သည်။

ပုဒ်မ ၅၀၅(ဃ)ဖြင့် အမှုဖွင့်တရားစွဲကာ မတ် ၁၈ရက် တွင် ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့သည်။ ယခုအခါ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

‌ဒေါက်တာထွန်းဇော်တာ၀န်ယူခဲ့သော ပြန်လည် ထူထောင်ရေးဦးစီးဌာ ညွှန်ကြားရေးမှူးချုပ်နေရာကို စစ်တပ်မှ ရောက်ရှ်ိလာသော ဗိုလ်မှူးကြီးဉာဏ်မြင့် အောင်ဆိုသူက ကိုင်တွယ်နေသည်။

ဗိုလ်မှူးကြီးဉာဏ်မြင့်အောင်သည် အကျင့်ပျက်ခြစားသူအဖြစ် ဌာနတွင်း၌ နာမည်ကြီးနေသည်။

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင် ရေး၀န်ကြီးဌာန အောက်တွင် ပြန်လည်ထူထောင်ရေးဦးစီးဌာအပြင်လူမှု၀န်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ရှိသေးသည်။လူမှု၀န်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဒေါက်တာစန်းစန်းအေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်တို့သည် စစ်ကောင်စီခန့်ဝန်ကြီး ဒေါ်သက်သက်ခိုင်၏ လက်အောက်၌ တာဝန်ထမ်းဆောင်နေသည်။

You May Also Like

သတင်း

စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းများအနက်တစ်ခုဖြစ်သော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ထံ တောင်ကိုရီးယား၏ POSCO နိုင်ငံတကာကုမ္ပဏီ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ငွေကြေးစီးဝင်နေဆဲဖြစ်ကြောင်း အထူးအစီရင်ခံစာတင်သွင်းသူက ထောက်ပြသည်။

နိုင်ငံတကာ

တရုတ်လက်အောက်ခံ မြို့ပြနိုင်ငံငယ်ရဲ့ အစိုးရ အဖွဲ့က လီရဲ့ ဆေးစစ်ရလဒ် အဖြေဟာ Positive ဖြစ်ခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်မှာ အတည်ပြု ထုတ်ပြန်ပါတယ်။

သတင်း

ဒါအပြင်အမေရိကန်ဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းကိုလည်း ကန်ဒုသမ္မတက ထိုင်းဝန်ကြီးချုပ်ကိုထပ်လောင်းအသိပေးခဲ့တယ်လို့သိရပါတယ်။

နိုင်ငံတကာ

သီရိလင်္ကာ အစိုးရက ပြီးခဲ့တဲ့နှစ်မှာ နိုင်ငံသား တစ်ဦးချင်း ပျမ်းမျှဝင်ငွေက ဒေါ်လာ ၃၄၀၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်က နိုင်ငံသားတွေရဲ့ ပျမ်းမျှ တစ်နှစ်ဝင်ငွေ ၁၀၈၅ ဒေါ်လာအောက်သာ ရှိတဲ့ နိုင်ငံတွေကို ဝင်ငွေနိမ့်ပါးတဲ့အဆင့် သတ်မှတ်ကြောင်း သိရပါတယ်။