Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သိမ်ဇရပ်တွင် စစ်ကောင်စီရဲစခန်းက လက်နက်ကြီးပစ်ခတ်၍ ကလေးငယ် နှစ်ဦးဒဏ်ရာရ

သိပ်ဇရပ်ရဲစခန်းမှ မကြာခဏ လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိပြီး အရပ်သားပြည်သူများအား မတရားဖမ်းဆီးမှုများလုပ်ဆောင်လျှက်ရှိကြောင်း KNUက ထုတ်ပြန်သည်။

(စစ်ကောင်စီ၏ သိမ်ဇရပ်ရဲစခန်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ပေါ်ကျရောက် ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)
(စစ်ကောင်စီ၏ သိမ်ဇရပ်ရဲစခန်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ပေါ်ကျရောက် ပျက်စီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ - KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်တွင် စစ်ကောင်စီ၏ သိမ်ဇရပ်ရဲစခန်းက လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးငယ် နှစ်ဦးဒဏ်ရာရခဲ့သည်ဟု KNUက ယနေ့ ထုတ်ပြန်သည်။

နိုဝင်ဘာ၂၆ ရက် ညနေပိုင်းတွင် သိမ်ဇရပ်ရဲစခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည်သိမ်ဇရပ်မြို့၊ အမှတ် (၃)ရပ်ကွက်ကြီး တောင်တခြမ်းရပ်ကွက်၌ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လူနေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး အိမ်ရှင် ဦးကျော်တင့်၏ သားဖြစ်သူ ၈နှစ်အရွယ် မောင်မြင့်မြတ်နှင့် တစ်ဝမ်းကွဲညီအကို တော်စပ်သူ (၈)နှစ်အရွယ်မောင်သန့်စင်တို့ လက်နက် ကြီးကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး မောင်သန့်ဇင်မှာ စိုးရိမ်ရသည့် ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

သိပ်ဇရပ်ရဲစခန်းမှ မကြာခဏ လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိပြီး အရပ်သားပြည်သူများအား မတရားဖမ်းဆီးမှုများလုပ်ဆောင်လျှက်ရှိကြောင်း KNUက ထုတ်ပြန်သည်။

You May Also Like

သတင်း

KNU/KNLA တပ်ဖွဲ့များပြုလုပ်သယောင် တိုက်ခိုက်မှုများထပ်မံဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူလူထုအ‌နေဖြင့် စစ်ရေးသတိ၊ နိုင်ငံရေးသတိဖြင့်နေထိုင်ကြပါရန်လည်း KNUက အသိပေးထုတ်ပြန်ခဲ့သည်။

သတင်း

မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး မိုးကုတ်၊ စဥ့်ကူးနှင့် စစ်ကိုင်းတိုင်း PDFအဖွဲ့များနှင့်လည်း ပူးပေါင်းကာ တိုက်ခိုက်နေသည်။

သတင်း

"စစ်သားများ ရောက်ရှိလာပြီး ပြည်သူများအားခြိမ်းခြောက်ရိုက်နှက်မှုများကိုတွေ့မြင်ပြီး ထိတ်လန့်ကာ နှလုံးရပ်သေဆုံးသွားတယ်လို့ သိရပါတယ်။"ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

သတင်း

စစ်ကောင်စီတပ် စတင်ဝင်ရောက်ချိန်က ဒေသခံ ကာကွယ်ရေးတပ်အချို့က ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်နက်အင်အား မမျှသည့်အပြင် စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူဖြင့် နှစ်ရက်ဆက်တိုက်ခိုက်ခဲ့သည်။