Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မတ္တရာနယ်တွင် စစ်ကောင်စီ၏ ထောက်ပို့ယာဥ်ကို ဖမ်းဆီးထိန်းသိမ်း

မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး မိုးကုတ်၊ စဥ့်ကူးနှင့် စစ်ကိုင်းတိုင်း PDFအဖွဲ့များနှင့်လည်း ပူးပေါင်းကာ တိုက်ခိုက်နေသည်။

သိမ်းဆည်းရမိသော စစ်အသုံးအဆောင်များအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ-Voice Of MDY
သိမ်းဆည်းရမိသော စစ်အသုံးအဆောင်များအား မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ-Voice Of MDY

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တစ်စီးအား PDFအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(နိုဝင်ဘာ ၃၀ ရက်) နံနက်ပိုင်းက မတ္တရာမြို့နယ်၊ စခန်းသာမှ မြောင်းသစ်အကူး ကျက်ပြင်ကျေးရွာမြောက်ဘက်တွင် စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တစ်စီးအား ဒေသခံပြည်သူ့ကာကွယ်ရေးပူး‌ပေါင်းတပ်ဖွဲ့များက ဖမ်းဆီးရမိကာ စစ်အသုံးအဆောင်ပစ္စည်းအမြောက်အများ သိမ်းဆည်းနိုင်ခဲ့ကြောင်း မတ္တရာ (ပကဖ)အဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

“ဖမ်းထားတာဖြစ်ပါတယ်။ ပြည်သူတွေဆီကနေ မတရားသိမ်းပိုက်ထားတဲ့ပစ္စည်းများအားလုံးကို မီးရှို့ဖျက်ဆီးတာဖြစ်ပါတယ်။ ​ရိက္ခာကားပါ။ စစ်ကြောင်းထိုးသွားပါတယ်။ ရိက္ခါများကိုတော့ ထွေလာဂျီတစ်စီးပေါ်တင်ပြီးတော့ ရွှေ့ခိုင်းတာဖြစ်ပါတယ်။ အဲဒီကားကိုတော့သိမ်းထားပါတယ်”ဟု စစ်ဆင်​ရေးတွင်ပါဝင်သည့် မတ္တရာနယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကြောင်း မတ္တရာ(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။ ထို့ကြောင့် နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

ဖမ်းဆီးမိခဲ့သည့်ကားပေါ်ပါသူများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ အသိပေးခြင်းမရှိသေးပေ။

မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး မိုးကုတ်၊ စဥ့်ကူးနှင့် စစ်ကိုင်းတိုင်း PDFအဖွဲ့များနှင့်လည်း ပူးပေါင်းကာ တိုက်ခိုက်နေသည်။

You May Also Like

သတင်း

ဝင်နေတာတွေ့ရင် ဖမ်းဆီးဖို့လည်း ညွှန်ကြားထားပါသေးတယ်။ စစ်ကောင်စီဟာ CDM ဝန်ထမ်း တွေကို ဝန်ထမ်းအိမ်ရာတွေက နေ ဖယ်ရှားတာတွေ လုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်းသို့ နိုဝင်ဘာ ၁၇ရက် မှ၂၇ရက်အထိ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုး ပစ်ခတ်သတ်ဖြတ် မီးရှို့မှုများပြုလုပ်ခဲ့သည်။

သတင်း

KNU/KNLA တပ်ဖွဲ့များပြုလုပ်သယောင် တိုက်ခိုက်မှုများထပ်မံဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူလူထုအ‌နေဖြင့် စစ်ရေးသတိ၊ နိုင်ငံရေးသတိဖြင့်နေထိုင်ကြပါရန်လည်း KNUက အသိပေးထုတ်ပြန်ခဲ့သည်။

သတင်း

"စစ်သားများ ရောက်ရှိလာပြီး ပြည်သူများအားခြိမ်းခြောက်ရိုက်နှက်မှုများကိုတွေ့မြင်ပြီး ထိတ်လန့်ကာ နှလုံးရပ်သေဆုံးသွားတယ်လို့ သိရပါတယ်။"ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။