Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့နယ်ရှိလမ်းပိုင်းများ၌ စစ်ကောင်စီတပ် ထောင်ထားခဲ့သော နင်းမိုင်းများတွေ့ရှိ

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်းသို့ နိုဝင်ဘာ ၁၇ရက် မှ၂၇ရက်အထိ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုး ပစ်ခတ်သတ်ဖြတ် မီးရှို့မှုများပြုလုပ်ခဲ့သည်။

(စစ်ကောင်စီတပ် မြှုပ်ထားခဲ့သော နင်းမိုင်းများအား တွေ့ရစဥ်။ နင်းမိုင်းများအား ရှာဖွေနေစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီတပ် မြှုပ်ထားခဲ့သော နင်းမိုင်းများအား တွေ့ရစဥ်။ နင်းမိုင်းများအား ရှာဖွေနေစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ရွှေဘို – ခင်ဦး – ရေဦးလမ်းပိုင်းများတွင် စစ်ကောင်စီတပ် ထောင်ထားခဲ့သော မြေမြှုပ်နင်းမိုင်း များရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ၂၉ရက်) က ခင်ဦးမြို့နယ် (ပကဖ)တိုက်နယ် – ၄၊ မော်ကွန်းညီနောင် ၊နဂါးညီနောင်၊ ဒေါင်းရာဇာ စသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ နယ်မြေရှင်းလင်းရေးအဖြစ် ​မြေမြုပ်မိုင်း ​ရှာဖွေဖော်ထုတ်မှုများပြုလုပ်ခဲ့ရာ မိုင်းသုံးလုံး ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

(စစ်ကောင်စီတပ် မြှုပ်ထားခဲ့သော နင်းမိုင်းများအား တွေ့ရစဥ်။ နင်းမိုင်းများအား ရှာဖွေနေစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီတပ် မြှုပ်ထားခဲ့သော နင်းမိုင်းများအား တွေ့ရစဥ်။ နင်းမိုင်းများအား ရှာဖွေနေစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်အတွင်း ရွှေဘို- ခင်ဦး- ရေဦးလမ်းတစ်လျှောက်၌ အင်အား ၁၆၀ခန့်ဖြင့် လမ်းကြောင်းတစ်လျောက် ရွာများအား ဝင်ရောက်စီးနင်းခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်များသည် ၎င်းတို့ နေရာယူခဲ့သည့် လမ်းဘေးတစ်လျှောက် ကျေးရွာ အနီးနားတွင် မြေမြုပ်မိုင်းများ ထောင်ထားခဲ့ရာ မိုင်းသုံးလုံးကွဲပြီး နွားနှစ်ကောင်နှင့် ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“မိုင်းကွဲခဲ့တာက ရွှေဘို-မြစ်ကြီးနား လမ်းဘေး ခင်ဦးမြို့နယ် ရွှေပြည်သာကျေးရွာအနီးမှာပါ။”ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ခံက ပြောသည်။

သို့သော် ရွှေဘို -ခင်ဦး -ရေဦး ကားလမ်းဘေးတစ်လျှောက်နှင့် ကျေးရွာများအနီးတဝိုက်တွင် မြေ မြုပ်နင်းမိုင်းများ ရှိနိုင်သေးသဖြင့် ရွှေဘို- ခင်ဦး -ရေဦး ကားလမ်းတစ်လျှောက်နှင့် နီးစပ်သောရွာများ အားလုံး မြေမြုပ်မိုင်းအန္တရာယ်သတိထားသွားလာကြရန် ပြည်သူများအား ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြား ရေးအဖွဲ့က အသိပေးတိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်းသို့ နိုဝင်ဘာ ၁၇ရက် မှ၂၇ရက်အထိ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုး ပစ်ခတ်သတ်ဖြတ် မီးရှို့မှုများပြုလုပ်ခဲ့သည်။

You May Also Like

သတင်း

အဆိုပါစစ်ဆင်​ရေးကိုတနင်္သာရီ-ပကဖမှတနင်္သာရီပျောက်ကြားအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၂) ၊ ကျွန်းစု ပကဖနှင့် မြိတ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မြိတ်က ထုတ်ပြန်ထားသည်။

သတင်း

နိုဝင်ဘာ ၂၈ရက်တွင်လည်း စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ် ပဒဲကောရွာမှ နေအိမ် ၁၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာ ၂၉ရက်တွင် ဘောကထာကျေးရွာရှိ နေအိမ် သုံးလုံးကို ထပ်မံမီးရှို့ဖျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

ဝင်နေတာတွေ့ရင် ဖမ်းဆီးဖို့လည်း ညွှန်ကြားထားပါသေးတယ်။ စစ်ကောင်စီဟာ CDM ဝန်ထမ်း တွေကို ဝန်ထမ်းအိမ်ရာတွေက နေ ဖယ်ရှားတာတွေ လုပ်ခဲ့ပါတယ်။

သတင်း

KNU/KNLA တပ်ဖွဲ့များပြုလုပ်သယောင် တိုက်ခိုက်မှုများထပ်မံဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူလူထုအ‌နေဖြင့် စစ်ရေးသတိ၊ နိုင်ငံရေးသတိဖြင့်နေထိုင်ကြပါရန်လည်း KNUက အသိပေးထုတ်ပြန်ခဲ့သည်။