Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်၍ ဒီပဲယင်းမှ ဒေသခံပြည်သူ ၉ဦး လက်နက်ကြီးထိမှန်ထား

လတ်တလောတွင် မအူပင်အနောက်ရွာနှင့် ဆင်အင်းကျေးရွာများတွင် စစ်ကောင်စီတပ်များရှိနေသေးသောကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား အတိအကျမသိရသေးပေ။

(ရွှေဘိုနယ် မအူပင်အနောက်ရွာအား စစ်အုပ်စုက နိုင်ဝင်ဘာ ၃၀ ရက်(ယနေ့)မီးရှို့ဖျက်ဆီးနေစဥ်)
(ရွှေဘိုနယ် မအူပင်အနောက်ရွာအား စစ်အုပ်စုက နိုင်ဝင်ဘာ ၃၀ ရက်(ယနေ့)မီးရှို့ဖျက်ဆီးနေစဥ်)

စစ်ကိုင်းတိုင်း ရွှေဘိုနှင့် ဒီပဲယင်းမြို့နယ်စပ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၉ဦး လက်နက်ကြီးထိမှန်ထားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၃၀)နေ့လယ် ၃နာရီခန့်က ရွှေဘိုမြို့နယ် မအူပင်ရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဒီပဲယင်းနယ် မူးရိုးကုန်းရွာဘက်သို့ လက်ကြီးဖြင့် ရှစ်ချက်ထက်မနည်း ပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူများ လက်နက်ကြီးထိမှန်ခဲ့ခြင်းဖြစ်သည်။

“ထိခိုက်သူက ကိုးဦးရှိပြီလို့ သိရပါတယ်ဗျ။ ကျား၊မ အကုန်မသိရသေးပါဘူး။ လတ်တလော ကျားသုံးဦး၊ မသုံးဦး ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ အတည်ပြုလို့ရပါတယ်ဗျ။ ကျန်စာရင်းတော့ မသိရသေးပါဘူး”ဟု ဒေသခံပြည်သူတစ် ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်သူများတွင် ထိခိုက်ဒဏ်ရာရရှိမှုအနည်းငယ်များသော်လည်း စိုးရိမ်ရသည့်အခြေအနေမရှိဟု ကနဦးသိရကြောင်း အထက်ပါဒေသခံက ရှင်းပြသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် လက်နက်ကြီးများကျရောက်ခဲ့သော မူးရိုးကုန်းရွာနှင့် မူးမြစ် ခြားနေသည့် ရွှေဘိုမြို့နယ် မအူပင်အနောက် ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ညနေပိုင်းတွင်ဆင်အင်းရွာအား မီးထပ်ရှို့နေကြောင်း ဒေသခံများက ပြောသည်။

လတ်တလောတွင် မအူပင်အနောက်ရွာနှင့် ဆင်အင်းကျေးရွာများတွင် စစ်ကောင်စီတပ်များရှိနေသေးသောကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား အတိအကျမသိရသေးပေ။

You May Also Like

သတင်း

ထန်းဇင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုလည်းရှိပြီး အသေးစိတ်အခြေအနေ မသိရသေးပေ။

သတင်း

နိုဝင်ဘာ ၂၈ရက်တွင်လည်း စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ် ပဒဲကောရွာမှ နေအိမ် ၁၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာ ၂၉ရက်တွင် ဘောကထာကျေးရွာရှိ နေအိမ် သုံးလုံးကို ထပ်မံမီးရှို့ဖျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

ဝက်လက်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များက ရွှေဘိုမြို့နယ်နှင့် လှတောကျေးရွာကြား ရွှေဘို - မန္တလေး လမ်းမကြီးဘေးရှိ ကျေးရွာများအား အင်အားများဖြန့်ကာ ရွာစဉ်ပတ်မွှေနှောက်နေပြီး တော်လှန်ရေး အင်အားစုများနှင့် နေရာစိတ်စိတ်တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

သတင်း

သိပ်ဇရပ်ရဲစခန်းမှ မကြာခဏ လက်နက်ငယ် များဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိပြီး အရပ်သားပြည်သူများအား မတရားဖမ်းဆီးမှုများလုပ်ဆောင်လျှက်ရှိကြောင်း KNUက ထုတ်ပြန်သည်။