Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ယနေ့နေ့လယ် ၁နာရီခွဲခန့်က အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စု၊ ချောင်းစောက်ကျေးရွာရှိ ဒေသခံများ​၏ နေအိမ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ – ၅၊ တပ်စု ၃က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသည်ဟု ဆို သည်။

အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်အား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ပဲခူးတိုင်းအနောက်ပိုင်း အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်အား သာယာဝတီခရိုင် PDFက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ယနေ့(နိုဝင်ဘာ ၃၀) ထုတ်ပြန်သည်။

ယနေ့နေ့လယ် ၁နာရီခွဲခန့်က အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စု၊ ချောင်းစောက်ကျေးရွာရှိ ဒေသခံများ​၏ နေအိမ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ – ၅၊ တပ်စု ၃က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသည်ဟု ဆို သည်။

“အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု နောက်ဆက်တွဲသတင်းကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်”ဟု ပဲခူးတိုင်းစစ်ဒေသခွဲက ဖော်ပြသည်။ တိုက်ခိုက်မှုအခြေအနေများအား သိရှိနိုင်ရန် People’s Springက ပဲခူးတိုင်းစစ်ဒေသခွဲသို့ ဆက်သွယ်ထားသော်လည်း အဆက် အသွယ်မရသေးပေ။

အထက်ပါတိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ MNDAA​၏ အတည်ပြုချက်မရရှိသလို စစ်ကောင်စီတပ် သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

သတင်း

အဆိုပါစစ်ဆင်​ရေးကိုတနင်္သာရီ-ပကဖမှတနင်္သာရီပျောက်ကြားအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၂) ၊ ကျွန်းစု ပကဖနှင့် မြိတ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မြိတ်က ထုတ်ပြန်ထားသည်။

သတင်း

နိုဝင်ဘာ ၂၈ရက်တွင်လည်း စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ် ပဒဲကောရွာမှ နေအိမ် ၁၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာ ၂၉ရက်တွင် ဘောကထာကျေးရွာရှိ နေအိမ် သုံးလုံးကို ထပ်မံမီးရှို့ဖျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

ဝင်နေတာတွေ့ရင် ဖမ်းဆီးဖို့လည်း ညွှန်ကြားထားပါသေးတယ်။ စစ်ကောင်စီဟာ CDM ဝန်ထမ်း တွေကို ဝန်ထမ်းအိမ်ရာတွေက နေ ဖယ်ရှားတာတွေ လုပ်ခဲ့ပါတယ်။