Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချင်းရွှေဟော်ရှိ MNDAAတပ်စခန်းကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် အရာရှိအပါအဝင် ၁၀ဦးထက်မနည်းထပ်မံသေဆုံးဟုဆို

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ MNDAA​၏ အတည်ပြုချက်မရရှိသလို စစ်ကောင်စီတပ် သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

မြန်မာ – တရုတ်နယ်စပ် ချင်းရွှေဟော်ရှိ ကိုးကန့် တပ်မတော်(MNDAA)တပ်စခန်းကို အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်နှင့်အနီးကပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု MNDAAက အသိပေးသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ သည် ချင်းရွှေဟော်နယ်စပ်ရှိ MNDAA တပ်ရှိရာသို့ နိုဝင်ဘာ ၂၈ရက်မှစတင် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ယမန်နေ့(နိုဝင်ဘာ ၂၉ရက်)တွင်လည်း အင်အား ၅၀၀ကျော်ဖြင့် ထပ်မံတိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

နံနက် ၉နာရီ ၁၅မိနစ်တွင် အနီးကပ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ညနေပိုင်း၌ စစ်ကောင်စီတပ်သည် MNDAA၏ ရှေ့တန်းနေရာများမှ မီတာ ၂၀၀ အကွာသို့ ဆုတ်ခွာသွားသည်ဟု MNDAAက ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ တပ်ရင်းမှူးဒဏ်ရာရခဲ့ပြီး တပ်ခွဲမှူးနှစ်ဦးအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က အလောင်းအချို့ကို စွန့်ပစ်ခဲ့ကြောင်းလည်း ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ MNDAA​၏ အတည်ပြုချက်မရရှိသလို စစ်ကောင်စီတပ် သေဆုံးမှုနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပေ။

You May Also Like

သတင်း

ပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး UWSA က တရားဝင်ထုတ်ပြန်မှု မရှိသေးသကဲ့သို့ UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းထံသို့ ဆက်သွယ်ရာတွင်လည်း အဆက်အသွယ်မရသေးပေ။

သတင်း

ယနေ့နေ့လယ် ၁နာရီခွဲခန့်က အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာအုပ်စု၊ ချောင်းစောက်ကျေးရွာရှိ ဒေသခံများ​၏ နေအိမ်၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ - ၅၊ တပ်စု ၃က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသည်ဟု ဆို သည်။

သတင်း

အဆိုပါစစ်ဆင်​ရေးကိုတနင်္သာရီ-ပကဖမှတနင်္သာရီပျောက်ကြားအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၂) ၊ ကျွန်းစု ပကဖနှင့် မြိတ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မြိတ်က ထုတ်ပြန်ထားသည်။

သတင်း

နိုဝင်ဘာ ၂၈ရက်တွင်လည်း စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ် ပဒဲကောရွာမှ နေအိမ် ၁၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာ ၂၉ရက်တွင် ဘောကထာကျေးရွာရှိ နေအိမ် သုံးလုံးကို ထပ်မံမီးရှို့ဖျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။