Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့နယ်တွင်တိုက်ပွဲများပိုပြင်းထန်လာနိုင်

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ အထိ နာ၍ ဖရူဆိုမြို့အနီးဝန်ကျင် ကျေးရွာများဖက်သို့ လက်နက်ကြီးများ ပစ်ခက်ခဲ့သော်လည်း ထိ ခိုက်မှုများမရှိခဲ့ကြောင်း အသိပေးသည်။

(KNDF တပ်ရင်း(၄) တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)
(KNDF တပ်ရင်း(၄) တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-KNDF)

▪︎လောဘူးဒါးရပ်ကွက်တိုက်ပွဲတွင်စစ်​​ကောင်စီတပ် ၁ ဦး​​သေ ၊ ၂ ဦးဒဏ်ရာရဟု KNDF တပ်ရင်း ၄ ​ပြော

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်တွင်စစ်​ကောင်စီတပ်မှစစ်​​ရေးပိုမိုလှုပ်ရှားလာသဖြင့် ​တိုက်ပွဲမျာပိုမိုပြင်းထန်လာနိုင်​ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF မှတပ်ဖွဲဝင်အချို့က​ပြောသည်။

“ဖရူဆိုဘက်မှာ စ–(စစ်​ကောင်စီတပ်သား)တွေဘက်က လှုပ်ရှားမှု ပိုစိတ်လာတယ်။ဒါကြောင့် ရှေ့လျှောက်လည်း တိုက်ပွဲက ပြင်းထန်လာဖို့ပဲရှိတယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၉ ရက်က ဖရူဆိုမြို့ ၊လောဘူးဒါးရပ်ကွက်အတွင်းသို့ KNDF နှင့်ဖရူဆို PDF တို့ပူးပေါင်း၍ နယ်မြေရှင်းလင်းရေး ဝင်ရောက်စဥ်စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ဆုံ၍တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့သည်။တိုက်ပွဲ တွင် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၄ က ထုတ်ပြန်သည်။ စစ်သားများ​သေဆုံးဒဏ်ရာရမှု အ​​ခြေအ​နေကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်များ နှင့် နေ့လည်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ်တိုက်ပွဲများ၌ စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ အထိ နာ၍ ဖရူဆိုမြို့အနီးဝန်ကျင် ကျေးရွာများဖက်သို့ လက်နက်ကြီးများ ပစ်ခက်ခဲ့သော်လည်း ထိ ခိုက်မှုများမရှိခဲ့ကြောင်း အသိပေးသည်။

သို့သော် အကြမ်းဖက်စစ်ကောင်စီ မှ မြို့တွင်း ကင်းပုန်းများဝပ်၍ တွေ့သမျှရမ်းသမ်း ပစ်သည့်အခြေနေ ရှိသောကြောင့် ပြည်သူများ ဂရုပြုနေ ထိုင်ရန်လည်း KNDF ကမေတ္တာရပ်ခံသည်။

နိုဝင်ဘာ ၂၅ ရက် နှင့် ၂၆ ရက်တွင်လည်း ဖရူဆိုမြို့နယ်တွင်းရှိစစ်ကောင်စီတပ် ၏ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းနှင့် မာခရော့ရှေ့ခြေကုပ်စခန်းအား ကရင်နီတပ်​ပေါင်းစုကတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားလေးဦး သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ် ရေးတပ် KNDF တပ်ရင်း ၁၅ ထုတ်ပြန်ထားသည်။

စစ်ရေးအခြေအနေအရ ကရင်နီ(ကယား)ပြည် နယ်၊ဖရူဆိုမြို့နယ်အတွင်းဝင်ထွက်သွားလာခြင်းယာယီပိတ်ပင်ကြောင်း ကရင်နီပြည်အစိုးရ၊ပြည် ထဲရေးဝန်ကြီးဌာနက ယခုလ ၂၇ ရက် ရက်စွဲ ဖြင့်ကြေညာထားသည်။

You May Also Like

သတင်း

ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့တစ်ကျောတွင် စစ်ရေးတင်းမာနေမှုကြောင့် ပြည်သူများအနေဖြင့် အသွားအလာမပြုလုပ်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(နိုဝင်ဘာ ၃၀ ရက်)သတိပေးထုတ်ပြန်သည်။ မိုးဗြဲမြို့နှင့် ဒီးမော့ဆိုမြို့နယ်ကြား၌ တည်ရှိသော နန်းမယ်ခုံသည် စစ်ရေးအရ ဗျူဟာကျပြီး ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလွန်အကျွံအသုံးပြု၍ ထိုးစစ်ဆင်တပ်စွဲထားခဲ့ခြင်းဖြစ်သည်။ “ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက နန်းမယ်ခုံတစ်ဝိုက်မှာ တိုက်ပွဲနေ့စဥ်နီးပါးဖြစ်နေတာ။ စကစဘက်က...

သတင်း

နိုဝင်ဘာ ၂၈ရက်တွင်လည်း စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ် ပဒဲကောရွာမှ နေအိမ် ၁၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နိုဝင်ဘာ ၂၉ရက်တွင် ဘောကထာကျေးရွာရှိ နေအိမ် သုံးလုံးကို ထပ်မံမီးရှို့ဖျက်စီးခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းရှိ မြို့နယ်အများအပြား၌ ကျေးရွာများရှိ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

သတင်း

လမ်းပိတ်ထားစဥ်ကာလအတွင်း ဝင်ထွက်သွားလာခြင်းကို စစ်ဆေးတွေ့ရှိပါက လုံးဝ ခွင့်ပြုမည်မဟုတ်ဘဲ သွားလာနိုင်မည့်ရက်ကို ပြန်လည်အသိပေးမည်ဟု ပါရှိသည်။