Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအားသေဒဏ်ချခံရ

ယခုကဲ့သို့ ကျောင်းသားခုနစ်ဦး မတရားသေဒဏ်ချမှတ်ခံရခြင်းအပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂထံ People’s Spring က ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရသေးပေ။

ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအားသေဒဏ်ချခံရ
ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအားသေဒဏ်ချခံရ

ဒဂုံတက္ကသိုလ်ကျောင်းသားခုနစ်ဦးအားစစ်ကောင်စီက သေဒဏ်ချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ယနေ့(ဒီဇင်ဘာ ၁)ထုတ်ပြန် သည်။

စစ်ကောင်စီ၏ မတရားပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကျောင်းသားခုနစ်ဦးမှာ ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင်တို့ဖြစ်ပြီး ၎င်းတို့ကို ယခုနှစ်(ယခုနှစ်၂၀၂၂)ဧပြီ ၂၁ ရက်က ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အထက်ပါ ကျောင်းသားခုနစ်ဦးကို (နိုဝင်ဘာ ၃၀)က စစ်ကောင်စီလက်အောက်ခံ အင်းစိန်ထောင်တွင်း အထူးစစ်ခုံရုံးမှ ကျောင်းသားခုနစ်ဦးကို ပုဒ်မ ၃၀၂(က)မတရားစွပ်စွဲကာ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ပြီးခဲ့သည့် ဧပြီ ၁၈ ရက်က ရန်ကုန်မြို့ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း ပစ်ခတ်ခံရ၍ သေဆုံးခဲ့ခြင်းအပေါ် အထက်ပါကျောင်းသားခုနစ်ဦးအား ပတ်သက်မှုရှိသည်ဆိုကာ စွပ်စွဲဖမ်းခံရခြင်းဖြစ် ကြောင်း ကျောင်းသားအသိုင်းအဝိုင်းမှ သိရသည်။

ယခုကဲ့သို့ ကျောင်းသားခုနစ်ဦး မတရားသေဒဏ်ချမှတ်ခံရခြင်းအပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂထံ People’s Spring က ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ်မရသေးပေ။

You May Also Like

သတင်း

မဝတ်ရည်အောင်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းခံပြီး ထောင် ၃ နှစ်ချခံရကာ အင်းစိန်ထောင်မှာ အကျဉ်းချခံရပါတယ်။

သတင်း

ယင်းအားကစားပွဲတော်ကို အောက်တိုဘာ ၁၉ ရက်မှ ၂၃ ရက် အထိ (၅)ရက်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၁၀၀ ခန့် ပါဝင်ခဲ့သည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး ၄ရက်အကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာတေဇာဆန်းဦးဆောင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာပါ။

သတင်း

စက်တင်ဘာ ၁၆ရက်တွင် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဒေသခံများဖွင့်လှစ်ထားသော စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုက စစ်ဆင်ရေးအဖြစ် ပစ်မှတ်ပြုလုပ်၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။