Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်မြို့ပေါ်တွင် စစ်ကောင်စီ၏ ကင်းပတ်ယာဥ်ကို PDFအဖွဲ့ သိမ်းဆည်း

ပစ်ခတ်ရာတွင် ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ကင်းပုန်းလိုက်ဝပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

(သိမ်းဆည်းရမိသော စစ်ကောင်စီ၏ ကင်းပတ်ယာဥ်။ ဓါတ်ပုံ-B-21Kani PDF)
(သိမ်းဆည်းရမိသော စစ်ကောင်စီ၏ ကင်းပတ်ယာဥ်။ ဓါတ်ပုံ-B-21Kani PDF)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့​ပေါ်တွင် စစ်ကောင်စီ၏ ညကင်းပတ်ယာဥ်ကို PDFအဖွဲ့က သိမ်းဆည်းလိုက်ကြောင်း B-21Kani PDF တပ်ခွဲ(၁)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်၏ ညကင်းပတ်ရာတွင် အသုံးပြုပြီး ယင်းမာပင်မြို့ပေါ် လဝကရုံးမှကျေးလက်ရုံးသို့ ကူးသန်းလျက်ရှိသည့် ယာဥ်တစ်စီးကို ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ပစ်ခတ်သိမ်းဆည်းရမိခဲ့ကြောင်း B-21Kani PDF တပ်ခွဲ(၁)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျေးလက်ရုံးနဲ့အကူးမှာ ပစ်ခတ်ခဲ့တာပါ။ ကားပေါ်ပါတဲ့သူတွေက နေ့စားပေးထားတာလို့ပြောတယ်။အကုန်လုံးသေချာစစ်မေးထားတာပါ။ ရုံးနဲ့ဆိုင်တဲ့သူတွေကတော့ ထွက်ပြေးသွားတယ်ဗျ။ ဘယ်သူ့မှထိန်းသိမ်းထားတာမရှိပါဘူး။”ဟု ၎င်းက ပြောသည်။

ထိုသို့ပစ်ခတ်ရာတွင် ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ကင်းပုန်းလိုက်ဝပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့၇ နာရီ ၁၅ မိနစ်ခန့်ကလည်း ယင်းမာပင်မြို့နယ်အတွင်း၌ ကင်းပတ်နေသော စစ်ကောင်စီယာဥ်တစ်စီးကို B-21Kani PDF ၊ယင်းမာပင်ခရိုင်တပ်ရင်း(၁၇ )တပ်ခွဲ(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ထိုအဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၅ရက်မှစ၍ ထီးချိုင့်နယ်ရှိ ဆူးပုတ်ချောင်၊ အင်ကြင်းကုန်း၊ အလယ်တော၊ အင်းတိန် နှင့် လေသာရွာတို့ကို အစဉ်လိုက်မီးရှို့ခဲ့ခြင်းဖြစ်သည်။

သတင်း

နိုဝင်ဘာလ ၃၀ ရက်က ရွှေဘိုမြို့နယ်အနောက်ပိုင်းရှိ မြင်းဇီးကျေးရွာသို့ ရောက်ရှိနေသော အင်အား ၆ဝ ကျော်ပါ စစ်ကောင်စီတပ်နှင့် ပျူများသည် နံနက် ၇ နာရီခွဲခန့်တွင် ဆင်အင်းကျေးရွာဘက်သို့ ဦးတည်စစ်​ကြောင်းထိုးလာသည်။

သတင်း

ကြိုတင်သတိပေးချက် လုံလောက်အောင် မထုတ်ပြန်နိုင်ခဲ့ဘဲ လေပြင်းကျပြီးမှ ထုတ်ပြန်တဲ့သတင်းအပေါ် ဖေ့ဘွတ်ခ် သုံးစွဲသူအများစုက လှောင်ပြောင်​ဝေဖန်​နေကြပါတယ်။

သတင်း

ထိုစစ်ဆင်ရေးကို မြိုင်ပကဖရင်း (၁)၊မြွေပွေးပြောက်ကျားအဖွဲ့၊ ကျေးရွာLocalအဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း​ဖြစ်သည်။