Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကသာမှာ ည ၈ နာရီခွဲကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် စစ်ကောင်စီထုတ်

ကသာမြို့ဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိပြီး သင်္ဘောဆိပ်မြို့ဖြစ်တဲ့အပြင် ရထားလမ်း ၊ကားလမ်းဆုံရာမြို့လည်းဖြစ်ပါတယ်။

ကသာမြို့ကိုတွေ့ရစဉ် ( ဓာတ်ပုံ − ဝီကီ)
ကသာမြို့ကိုတွေ့ရစဉ် ( ဓာတ်ပုံ − ဝီကီ)

စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်းမှာရှိတဲ့ ကသာမြို့မှာ ည ၈ နာရီခွဲကနေ နောက်နေ့ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီက ဒီနေ့ကစတင်ပြီး ထုတ်လိုက်ပါတယ်။

ဒါအပြင် နေ့ဘက်မှာလည်း လူ ၅ ဦးထက်ပိုမစုဖို့ စစ်ကောင်စီက အမိန့်ထုတ်ပါသေးတယ်။

ကသာမြို့နယ်အတွင်းက ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့်စစ်ကောင်စီတပ် ညမထွက်ရအမိန့် မထုတ်ခင်ကပင် ညပိုင်းမြို့ထဲမှာ အပြင်ထွက်သူမရှိသလောက်ဖြစ်နေတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။

” မြို့ပေါ်မှာတော့ တခါတရံဗုံးကွဲတာတော့ရှိတယ်” လို့ အဲဒီမြို့ခံက ပြောပါတယ်။

ဒါအပြင် မြို့တွင်းက ဌာနဆိုင်ရာအဆောက်အဦးတွေ မကြာခဏ ပစ်မှတ်ထားတိုက်ခိုက်ခံရတာလည်းရှိတယ်လို့သိရပါတယ်။

ကသာမြို့ဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာ ရှိပြီး သင်္ဘောဆိပ်မြို့ဖြစ်တဲ့အပြင် ရထားလမ်း ၊ကားလမ်းဆုံရာမြို့လည်းဖြစ်ပါတယ်။

You May Also Like

သတင်း

"သူတို့က ၁၀ဦးရှိတာ။ လေးဦး ဈေးဝယ်လာတာ။သူတို့ဘက်က သေနတ်သုံးချက်ဖောက်တယ်"ဟု ဗိုလ်မိုးကြိုးက ပြောသည်။

သတင်း

နိုဝင်ဘာ ၂၀ရက်ကတည်းကစစ်ကတပ်ကလေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ ၂၂ရက်နေ့အထိသုံးရက်ဆက်လေကြောင်းတိုက်ခိုက်ခဲ့သည်ဟုသိရသည်။

သတင်း

ယမန်နေ့ နံနက် ၇နာရီခန့်ကလည်း မြောင်းဦးနှင့် ကျပ်ပြင်ရွာကြား ငုတ်ပြွန်အနီးသို့ မောင်းနှင်လာသော စစ်ကောင်စီတပ်၏ ထောက်ပို့ပစ္စည်းများ သယ်ဆောင်လာသည့် ထော်လာဂျီကို နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)က ကြားဖြတ်ဖမ်းဆီးခဲ့သည်။

သတင်း

မီးလောင်ကျွမ်းပျက်စီးမှုအခြေအနေကိုမူ မသိရသေးကြောင်း၊ ယနေ့မွန်းလွဲပိုင်းတွင်မူ ဆားလင်းကြီးမြို့ပေါ်သို့ ပြန်ဝင်သွားကြောင်း ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။