Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

PDFနှင့်ဆက်သွယ်သည်ဆိုကာ ရဲအရာရှိနှစ်ဦးကိုစစ်တပ်ဖမ်းဆီးစစ်​ဆေး

ကချင်ပြည်နယ်တွင် KIA နှင့် PDF ပူး​ပေါင်းအဖွဲ့အား​ကောင်းသည်။ ပြီးခဲ့သည့် နိုဝင်ဘာ (၂၇)ရက်ညတွင် KIAနှင့် PDFပူးပေါင်းအဖွဲ့က မိုးညှင်းမြို့ တက္ကသိုလ်ဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။

PDFနှင့်ဆက်သွယ်သည်ဆိုကာ ရဲအရာရှိနှစ်ဦးကိုစစ်တပ်ဖမ်းဆီးစစ်​ဆေး
PDFနှင့်ဆက်သွယ်သည်ဆိုကာ ရဲအရာရှိနှစ်ဦးကိုစစ်တပ်ဖမ်းဆီးစစ်​ဆေး

▪︎ကချင်ပြည်နယ်တွင် KIA နှင့် PDF အား​ကောင်းပြီး ယင်းတို့နှင့်အလိုက်အထိုက်ဆက်ဆံခြင်းအ​ပေါ် စစ်​ကောင်စီတပ်က အနိုင်ကျင့်မှုဟု ရဲအရာရှိအချို့​ပြော

မိုးညှင်းမြို့နယ် နမ်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ်နှစ်ဦးကို PDFနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီကနိုဝင်ဘာ၁၅ရက်တွင် ဖမ်းဆီးထားပြီး ယင်းလုပ်ရပ်သည် ရဲတပ်ဖွဲ့အား စစ်တပ်က အနိုင်ကျင့်ခြင်းဟု ​ရဲအရာရှိအချို့က ပြောသည်။

နမ်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးကျော်နှင့် ဒုရဲအုပ်သွင်အောင်ကို စစ်ကောင်စီတပ်က နိုဝင်ဘာလလယ်တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်အထိပြန်မလွှတ်​သေး​ပေ။

” PDF နဲ့ အဆက်အစပ်ရှိတယ်ဆိုပြီး ဖမ်းသွားတာ။ စစ်ကြောရေးကိုပို့ထားတယ်လို့ပဲသိရတယ်။ သတင်းအစအနလည်းပျောက်နေတယ်” ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက People’s Spring သို့ ဆက်သွယ်ပြောဆိုသည်။

ဒုရဲအုပ်မျိုးကျော်နှင့် ဒုရဲအုပ်သွင်အောင်သည်ဒီဇင်ဘာလ ၁ရက်အထိ ပြန်လွတ်မလာသေးပေ။အကြောင်းပြချက် မခိုင်လုံဘဲ ရဲအရာရှိနှစ်ဦးအား စစ်ကောင်စီတပ်က ယင်းကဲ့သို့ ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် ရဲတပ်ဖွဲ့အား စစ်တပ်က အနိုင်ကျင့်ခြင်းဟုရဲအရာရှိအချိုက​ပြောသည်။

“ကချင်ပြည်နယ်မှာ လူတိုင်း KIA ထောက်ခံတယ်။ PDF ထောက်ခံတယ်။ ကျွန်တော်တို့လည်း အလိုက်အထိုက်ပေါင်းရတာတွေရှိတယ်။ ဒါကို မစာနာဘဲ အနိုင်ကျင့်တာမျိုးတော့ လက်ခံလို့မရဘူး။ ဟို ဂျပုမင်းအောင်လှိုင်အာဏာရူးတာကို အောက်ကကောင်တွေက ကြမ်းချင်တိုင်း ကြမ်းပြနေတာ” ဟု ဒုရဲအုပ်အဆင့်ရှိရဲတစ်ဦးကပြောသည်။

ကချင်ပြည်နယ်တွင် KIA နှင့် PDF ပူး​ပေါင်းအဖွဲ့အား​ကောင်းသည်။ ပြီးခဲ့သည့် နိုဝင်ဘာ (၂၇)ရက်ညတွင် KIAနှင့် PDFပူးပေါင်းအဖွဲ့က မိုးညှင်းမြို့ တက္ကသိုလ်ဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။

လတ်တလောတွင် KIA PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီသည် ဖားကန့်တွင် စစ်ရေးတင်းမာနေသည်။ ဖားကန့်မြို့နယ် အခြေစိုက် ၊ KIA တပ်မဟာ(၉ )ကအများပြည်သူနှင့်သက်ဆိုင်သော ဘာသာရေးအဆောက်အဦးများ၊ ကျောင်းများတွင် စစ်ကောင်စီစစ်သားများ ခေတ္တနားနေခြင်း၊ ညအိပ်ခြင်းများ ခွင့်မပြုရန် ယနေ့ သတိပေးချက် ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၁ရက်အတွင်း ထီးချိုင့်နယ်ရှိ အလယ်တော၊ ဆူးပုတ် ချောင်၊ အင်ကြင်းကုန်း၊ အင်းတိန်နှင့် လေသာကျေးရွာတို့ကို မီးရှို့ခဲ့ရာ KIA/PDF တို့နှင့်အတူ ဒေသခံများပါပါဝင်ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်း နိုဝင်ဘာ ၃ဝရက်က စတင်စစ်ကြောင်းထိုးလာပြီး ဒီဇင်ဘာ ၁ရက်တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

သတင်း

ပစ်ခတ်ရာတွင် ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ကင်းပုန်းလိုက်ဝပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

သတင်း

ထိုစစ်ဆင်ရေးကို မြိုင်ပကဖရင်း (၁)၊မြွေပွေးပြောက်ကျားအဖွဲ့၊ ကျေးရွာLocalအဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း​ဖြစ်သည်။