Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုနယ်ရှိ စစ်ကောင်စီတပ်ထိန်းချုပ်ထားသော ကုန်းသာနှင့်သေးဆူလဲနယ်မြေအားပြန်လည်ထိန်းချုပ်နိုင်ပြီဟု KRU အသိပေး

ဒီးမော့ဆို့မြို့ ၊ကုန်းသာကျေးရွာအတွင်း နယ်မြေများပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီတပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်းလင်းရေးများ ပြန်လည်ပြုလုပ်နေကြောင်း ဖော်ပြသည်။

(ကုန်းသာကျေးရွာတွင် နယ်မြေရှင်းလင်းရေး ဝင်ရောက်နေသည့် KRU တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)
(ကုန်းသာကျေးရွာတွင် နယ်မြေရှင်းလင်းရေး ဝင်ရောက်နေသည့် KRU တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ကောင်စီတပ်များထိန်းချုပ်ထားသော ကုန်းသာနှင့် သေးဆူလဲကျေးရွာနယ်မြေအား ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)က ယနေ့(ဒီဇင်ဘာ ၂ ရက်)ထုတ်ပြန်သည်။

ထို့အပြင် စစ်မြေပြင်၏ အခြားတစ်ဖက်တွင်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော်(KA) ၊ KGZ နှင့် PDF ပူးပေါင်းတပ်ဖွဲ့များကလည်း သေးဆူလဲ ကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီတို့နှင့်ထိတွေ့တိုက်ခိုက်မူဖြစ်ပွားခဲ့ပြီး နယ်မြေများအား ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီဟု အသိပေးသည်။

(ကုန်းသာကျေးရွာတွင် နယ်မြေရှင်းလင်းရေး ဝင်ရောက်နေသည့် KRU တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)
(ကုန်းသာကျေးရွာတွင် နယ်မြေရှင်းလင်းရေး ဝင်ရောက်နေသည့် KRU တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

ဒီးမော့ဆို့မြို့ ၊ကုန်းသာကျေးရွာအတွင်း နယ်မြေများပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီတပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်းလင်းရေးများ ပြန်လည်ပြုလုပ်နေကြောင်း ဖော်ပြသည်။

“သေးဆူလဲကို နိုဝင်ဘာ ၃၀ ရက်ညက အရင်ရတယ်။နောက်တစ်ရက်မှာ ကုန်းသာကျေးရွာကို ထပ်ပြီးနယ်မြေစိုးမိုးနိုင်ခဲ့တာပါ။စစ်ရေးအရ ပြောမယ်ဆိုနန်းမယ်ခုံ-ဒီးမော့ဆိုတစ်ကြောကို ပြန်ထိန်းချုပ်နိုင်ဖို အနည်းငယ်ပဲလိုတော့တယ်”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုနှင့် စစ်ရေးအခြေအနေများကို KNDF က သီးခြားထုတ်ပြန် သွားမည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်အား ရေကုန်ရေခမ်းတိုက်ထုတ်သွားမည်ဖြစ်ပြီး တိုက်ပွဲပိုမိုပြင်ထန်းလာနိုင်သောကြောင့် လက်နက် ၊ကျည်ဆံများ ပိုမိုလှူဒါန်းပေးကြရန်လည်း KRU ကအကူအညီတောင်းခံထားသည်။

KNDF နှင့် ပူးပေါင်းတပ်ဖွဲ့များသည် နယ်မြေပြန်လည်စိုးမိုးရေးအတွက် ကုန်းသာ၊သေးဆူလဲမှ နန်းမယ်ခုံကျေးရွာအထိ သုံးရက်နှင့်သုံးည တိုက်ခိုက်မှုတွင် ကျဆုံးထိခိုက်သည့် ရဲဘော်အချို့ ရှိခဲ့ကြောင်းလည်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က ယနေ့ သီးခြားထုတ်ပြန်ထားသည်။

You May Also Like

သတင်း

နိုဝင်ဘာ ၂၉ ရက်ကလည်း ရွှေဘိုမြို့နယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲလေးကြိမ်ဖြစ်ပွားရာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည်။

သတင်း

ထိုသို့ ပြည်သူများ အပေါ်ကျူးလွန်မှုအလုံးစုံအား မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စုမှ မလွဲမသွေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းလည်း GSCက အသိပေးထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၁ရက်အတွင်း ထီးချိုင့်နယ်ရှိ အလယ်တော၊ ဆူးပုတ် ချောင်၊ အင်ကြင်းကုန်း၊ အင်းတိန်နှင့် လေသာကျေးရွာတို့ကို မီးရှို့ခဲ့ရာ KIA/PDF တို့နှင့်အတူ ဒေသခံများပါပါဝင်ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်း နိုဝင်ဘာ ၃ဝရက်က စတင်စစ်ကြောင်းထိုးလာပြီး ဒီဇင်ဘာ ၁ရက်တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။