Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ ပထမဆုံးမစ်ရှင်အဖြစ် မြင်းမူ(အထက)တပ်စွဲထားသော စစ်အုပ်စုကို တိုက်ခိုက်

မြင်းမူမြို့ရှိ Non CDMများ၊ စစ်ကောင်စီခန့်အုပ် ချူပ်ရေးမှူးများနှင့် စစ်ကောင်စီထောက်တိုင်မှန်သမျှကို အဓိကပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု အပြင်းအထန်သတိပေးလိုက်ကြောင်း Moe Nyo Revolution Forceအဖွဲ့က အသိပေးသည်။

MNRF အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-MNRF
MNRF အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-MNRF

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ အ.ထ.ကကျောင်းဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့က လျက်ဆားပုလင်းမိုင်းဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force အဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၁ရက်) နံနက် ၁၁နာရီခန့်က မြင်းမူမြို့ အ.ထ.က(၁) ကျောင်းဝင်းအတွင်း စခန်းချထားသော စစ်ကောင်စီတပ်သားများအား MNRF အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့က လျက်ဆားပုလင်းမိုင်းဖြင့်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီဘက်ကလိုက်ပစ်သော်လည်း အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်အုပ်စု၏ ထိခိုက်မှုကိုမူ စုံစမ်းနေသည်ဟု Moe Nyo Revolution Force အဖွဲ့က ဆိုသည်။

“MNRF အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ရဲ့ ပထမဆုံးမစ်ရှင်ပါ။ စစ်ကောင်စီတ​ပ်သားတွေစောင့်နေတဲ့ ကျောင်းအဝင်ပေါက်ကိုပစ်တာ။ ထိခိုက်မှုတွေရှိတယ်လို့တော့သိရတယ်။”ဟု Moe Nyo Revolution Forceအဖွဲ့ တာဝန်ခံက ပြောသည်။

မြင်းမူမြို့ရှိ Non CDMများ၊ စစ်ကောင်စီခန့်အုပ် ချူပ်ရေးမှူးများနှင့် စစ်ကောင်စီထောက်တိုင်မှန်သမျှကို အဓိကပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု အပြင်းအထန်သတိပေးလိုက်ကြောင်း Moe Nyo Revolution Forceအဖွဲ့က အသိပေးသည်။

ထို့ကြောင့် Non CDMများအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး ပြည်သူနှင့်ပူးပေါင်းရန် Moe Nyo Revolution Forceက တိုက်တွန်းထားသည်။

မြင်းမူမြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲရာနေရာများအား ဒေသကာကွယ်ရေးအဖွဲ့များက မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၁ရက်အတွင်း ထီးချိုင့်နယ်ရှိ အလယ်တော၊ ဆူးပုတ် ချောင်၊ အင်ကြင်းကုန်း၊ အင်းတိန်နှင့် လေသာကျေးရွာတို့ကို မီးရှို့ခဲ့ရာ KIA/PDF တို့နှင့်အတူ ဒေသခံများပါပါဝင်ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

သတိပေးထုတ်ပြန်သည့်နေ့မှစ၍ ထိရောက်သည့် အရေးယူမှု ပြုလုပ်မည်ဖြစ်ကြောင်း ၂၀၂၁ မတ်လ ၁၆ရက်က ထုတ်ပြန်ခဲ့သည့် စာကိုယခုနှစ် ဒီဇင်ဘာ ၁ရက်တွင် ပြန်လည် အသိပေးဖော်ပြသည်။

သတင်း

"သူတို့က ၁၀ဦးရှိတာ။ လေးဦး ဈေးဝယ်လာတာ။သူတို့ဘက်က သေနတ်သုံးချက်ဖောက်တယ်"ဟု ဗိုလ်မိုးကြိုးက ပြောသည်။

သတင်း

ယမန်နေ့ နံနက် ၇နာရီခန့်ကလည်း မြောင်းဦးနှင့် ကျပ်ပြင်ရွာကြား ငုတ်ပြွန်အနီးသို့ မောင်းနှင်လာသော စစ်ကောင်စီတပ်၏ ထောက်ပို့ပစ္စည်းများ သယ်ဆောင်လာသည့် ထော်လာဂျီကို နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)က ကြားဖြတ်ဖမ်းဆီးခဲ့သည်။