Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

CDM ထောက်ပံ့လို့ဆိုပြီး မန္တလေးမှာ ဆေးခန်းပိုင်ရှင် ဖမ်းခံရ

ဆေးဆိုင်ပိုင်ရှင်ကို CDM ထောက်ပို့လုပ်တယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် ၂ ခုမှာ ဖြန့်ဝေခံရပြီးနောက် ဖမ်းခံရတာလို့ လည်းစုံစမ်းသိရပါတယ်။

ဓာတ်ပုံ − ရိုက်တာ
ဓာတ်ပုံ − ရိုက်တာ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ထဲက ဆေးဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦးကို CDM ထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီတပ်ဟာ မနေကနေ့ခင်းပိုင်းလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

အဲဒီဆေးဆိုင်ဟာ မဟာအောင်မြေမြို့နယ် ၈၂ လမ်းနဲ့ ၄၁ လမ်းအနီးမှာရှိတာပါ။

ဆေးဆိုင်ပိုင်ရှင်ကို CDM ထောက်ပို့လုပ်တယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် ၂ ခုမှာ ဖြန့်ဝေခံရပြီးနောက် ဖမ်းခံရတာလို့ လည်းစုံစမ်းသိရပါတယ်။

မနေ့က ဒီဇင်ဘာလ ၁ ရက်နေ့ခင်း ၂ နာရီဝန်းကျင်မှာ ဆေးဆိုင်ပိုင်ရှင်ကို လာဖမ်းသွားတာလို့ ဆေးဆိုင်ဝန်းကျင်ကဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီတယ်လီဂရမ်ချန်နယ်အချို့မှာတော့ ဆေးဆိုင်ပိုင်ရှင်အမျိုးသားကို ဖမ်းမိတဲ့ပုံကို ဖော်ပြထားရာမှာ ထိုးကြိတ်ခံထားရတာကိုတွေ့ရပါတယ်။

ဒီနှစ်ထဲမှာပဲ မန္တလေးမှာသူရိယဆေးခန်းဟာ CDM ကျန်းမာရေးဝန်ထမ်းတွေကို အလုပ်ပေးတယ်ဆိုပြီး ပိုင်ရှင် ကိုအကြမ်းဖက်ပုဒ်မနဲ့ဖမ်းဆီးကာ ဆေးခန်းကိုလည်းချိတ်ပိတ်ခဲ့ပါတယ်။

You May Also Like

သတင်း

လာရောက်လုယက်တဲ့ CCTV မှတ်တမ်းထဲမှာတော့ ဆိုင်ထဲကို အမျိုးသား ၃ ဦးဝင်လာပြီး ၁ ဦးဟာ သေနတ်အတိုကိုင်ထားတာတွေ့ရပါတယ်။

သတင်း

SDGFမှ ရဲဘော်များသည် ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး မြေပြင်လှုပ်ရှားမှုတာဝန်ခံအပါအဝင် ရဲဘော်ဆယ်ဂဏန်းခန့်ရှိသည်ဟု ဆိုသည်။

သတင်း

ဝင်နေတာတွေ့ရင် ဖမ်းဆီးဖို့လည်း ညွှန်ကြားထားပါသေးတယ်။ စစ်ကောင်စီဟာ CDM ဝန်ထမ်း တွေကို ဝန်ထမ်းအိမ်ရာတွေက နေ ဖယ်ရှားတာတွေ လုပ်ခဲ့ပါတယ်။

သတင်း

မတ္တရာမြို့နယ်သည် မန္တလေးတိုင်းအတွင်း စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး မိုးကုတ်၊ စဥ့်ကူးနှင့် စစ်ကိုင်းတိုင်း PDFအဖွဲ့များနှင့်လည်း ပူးပေါင်းကာ တိုက်ခိုက်နေသည်။