Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးတွင်တပ်ဆင်ထားသောမိုင်း ပြည်သူများထိမည်စိုး၍ပြန်ဖြုတ်စဥ် ပေါက်ကွဲမှုဖြစ်ပြီး PDF ရဲဘော်သုံးဦး ကျဆုံး

တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် မဟာမိတ်တပ်ဖွဲ့တစ်ခုမှ ရဲဘော်နှစ်ဦးသည် ယမန်နေ့(ဒီဇင်ဘာ၁ရက်) ညနေတွင် အထက်ပါအတိုင်း မိုင်းရှင်းလင်းရေးလုပ်ဆောင်စဥ် ပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးခဲ့ရ​​​ခြင်းဖြစ်သည်။

(ကျဆုံးခဲ့​​​​သော PDF တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)
(ကျဆုံးခဲ့​​​​သော PDF တပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ရန် တပ်ဆင်ထားသောမိုင်း ပြည်သူများထိမည်စိုးရိမ်၍ ပြန်ဖြုတ်သိမ်းစဥ်ပေါက်ကွဲမှုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်သုံးဦး ကျဆုံးခဲ့ရသည်။

တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် မဟာမိတ်တပ်ဖွဲ့တစ်ခုမှ ရဲဘော်နှစ်ဦးသည် ယမန်နေ့(ဒီဇင်ဘာ၁ရက်) ညနေတွင် အထက်ပါအတိုင်း မိုင်းရှင်းလင်းရေးလုပ်ဆောင်စဥ် ပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးခဲ့ရ​​​ခြင်းဖြစ်သည်။

“စ..(စစ်ကောင်စီတပ်)လမ်းကြောင်းကို ထောင်ထားတဲ့မိုင်းတွေကို ပြည်သူတွေအတွက် စိတ်ပူလို့ ပြန်ဖြုတ်ရင်းအဖြစ်ဆိုးကြုံတာ။ စိတ်ထဲ တော်တော်နာကျင်ရတယ်ဗျာ”ဟု ကျဆုံးသူရဲဘော်တစ်ဦးနှင့်အတူ တိုက်ပွဲဝင်ဖူးသော People’s Defence Force(Kalay)မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်သုံးဦးအနက် တစ်ဦးသည် ၁၀နာရီခန့်ကြာသည်အထိ ခွဲစိတ်ကုသခဲ့သော်လည်း ယနေ့နံနက် ၄နာရီခန့်တွင် ကျဆုံးသွားခဲ့သည်ဟု တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်၊ ဆေးတပ်ဖွဲ့မှ ပြည်သူ့ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

“ညီ လွပ်လပ်စွာ အနားယူလိုက်ပါတော့ကွာ။ မင်းအသက်ပေးခဲ့တာနဲ့တန်အောင် ငါတို့ အဆုံးထိတော်လှန်မယ်ပေးမယ်လို့ ကတိပေးပါတယ်ကွာ။ လွပ်လပ်စွာအနားယူလိုက်ပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ဝမ်းနည်းကြောင်းကို လူမှုကွန်ရက်တွင် ရေးတင်ထားသည်။

တမူးမြို့သည် စစ်အာဏာရှင်တော်လှန်ရေးအားကောင်းပြီး စစ်ကောင်စီကို အစောဆုံး လက်နက်ကိုင်တော်လှန်ခဲ့သည့် ဒေသများတွင် ပါဝင်သည်။ ယခုအခါ စစ်ကောင်စီက မြို့ပေါ်ကိုသာထိန်းချုပ်ထားနိုင်ပြီး မြို့ပတ်ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထား သည်။ ကျဆုံးပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ စွန့်လွှတ်မှုကို အလေးထားပြီး တော်လှန်ရေးတွင် အရှိန်မြှင့်ပါဝင်ကြရန်လည်း တမူးမြို့ခံများက တိုက်တွန်းသည်။

“တော်လှန်ရေးခရီးကြမ်းက ကျန်နေသေးတယ်။ ပြည်သူတွေအနေနဲ့ အပျော်အပါးကို ခဏဘေးထားပြီး တော်လှန်ရေးကို အာရုံပိုစိုက်စေချင်တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး၏ ဖခင်က ပြောသည်။

တမူးမြို့၌ လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာနေ၍ မြို့ခံများအနေဖြင့် အထူးဂရုစိုက်နေထိုင်ကြရန်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၁ရက်အတွင်း ထီးချိုင့်နယ်ရှိ အလယ်တော၊ ဆူးပုတ် ချောင်၊ အင်ကြင်းကုန်း၊ အင်းတိန်နှင့် လေသာကျေးရွာတို့ကို မီးရှို့ခဲ့ရာ KIA/PDF တို့နှင့်အတူ ဒေသခံများပါပါဝင်ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်း နိုဝင်ဘာ ၃ဝရက်က စတင်စစ်ကြောင်းထိုးလာပြီး ဒီဇင်ဘာ ၁ရက်တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများကို တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

သတင်း

ကချင်ပြည်နယ်တွင် KIA နှင့် PDF ပူး​ပေါင်းအဖွဲ့အား​ကောင်းသည်။ ပြီးခဲ့သည့် နိုဝင်ဘာ (၂၇)ရက်ညတွင် KIAနှင့် PDFပူးပေါင်းအဖွဲ့က မိုးညှင်းမြို့ တက္ကသိုလ်ဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။

သတင်း

ပစ်ခတ်ရာတွင် ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ကင်းပုန်းလိုက်ဝပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။