Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဂျပန်က စစ်ကောင်စီသံရုံး နိုင်ငံကူးလက်မှတ် ကုန်ကျစရိတ်တိုးကောက်မယ်

ဒီလို ကုန်ကျစရိတ်တိုးကောက်ရတာဟာ ဂျပန်ယန်းဈေးနှုန်းအပြောင်းအလဲကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဂျပန်က စစ်ကောင်စီသံရုံး နိုင်ငံကူးလက်မှတ် ကုန်ကျစရိတ်တိုးကောက်မယ်
ဂျပန်က စစ်ကောင်စီသံရုံး နိုင်ငံကူးလက်မှတ် ကုန်ကျစရိတ်တိုးကောက်မယ်

ဂျပန်ရောက်မြန်မာတွေ နိုင်ငံကူးလက်မှတ် (Passport)သက်တမ်းတိုးတာ ၊ ပျောက်ဆုံးလျှောက်ထားတာတွေကို ကုန်ကျစရိတ်တိုးကောက်မယ်လို့ တိုကျိုမှာရှိတဲ့စစ်ကောင်စီသံရုံးကကြေညာလိုက်ပါတယ်။

တိုးမြှင့်ကောက်ခံတာကိုမနေ့က ဒီဇင်ဘာလ ၁ ရက်ကစတင်တယ်လို့လည်းအဲဒီကြေညာချက်မှာဖော်ပြပါတယ်။

စက်နဲ့ဖတ်ရှုစစ်ဆေးနိုင်တဲ့ သာမန်နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာကို ယခင် ယန်း ၃,၀၀၀ ကနေ ယခု ယန်း ၄,၀၀၀ ထိတိုးကောက်မှာဖြစ်သလို ပျောက်ဆုံးလျှောက်ထားတာကိုလည်း ယခင်ယန်း ၁၀,၀၀၀ ကနေ ယန်း ၁၂,၀၀၀ ထိ စစ်ကောင်စီသံရုံးက တိုးကောက်မှာဖြစ်ပါတယ်။

ဒီလို ကုန်ကျစရိတ်တိုးကောက်ရတာဟာ ဂျပန်ယန်းဈေးနှုန်းအပြောင်းအလဲကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဂျပန်မှာ မြန်မာနိုင်ငံသား သုံးသောင်းခွဲကျော်နေထိုင်နေတယ်လို့ ဂျပန်အစိုးရရဲ့စာရင်းတွေအရသိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ကိုယ်စားလှယ်ရုံးကိုဂျပန်မှာ ဖွင့်ထားပေမယ့် နိုင်ငံကူးလက်မှတ် ကိစ္စနဲ့ပတ်သက်ပြီး လတ်တလော ဆောင်ရွက်ပေးလို့မရသေးကြောင်း အဲဒီ NUG ကိုယ်စားလှယ်ရုံးက အသိပေးထားပါတယ်။

You May Also Like

သတင်း

စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများမည်မျှပင် သေဆုံးစေကာမူ နှိပ်စက် ဖျက်ဆီးမည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနမှတဆင့် နိုင်ငံတကာသို့ ပြောသည်။

သတင်း

ထိတွေ့ရင်ဆိုင်တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၅)ဘက်က စစ်သည်တော် ၉ဦးကျဆုံးခဲ့ပြီး ၂၆ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

သတင်း

နိုဝင်ဘာ ၂၉ ရက်ကလည်း ရွှေဘိုမြို့နယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲလေးကြိမ်ဖြစ်ပွားရာ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည်။

သတင်း

ထိုသို့ ပြည်သူများ အပေါ်ကျူးလွန်မှုအလုံးစုံအား မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စုမှ မလွဲမသွေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းလည်း GSCက အသိပေးထုတ်ပြန်ခဲ့သည်။