Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် က ဖုန်းဆိုင်ကို မောင်းပြန်သေနတ်ကိုင်ထားသူ ၂ ဦးဓားပြဝင်တိုက်

ဓားပြတိုက်ခံရတဲ့ဆိုင်ဟာ JL Mobile & Mini Mart ဖြစ်တယ်လို့ ကချင်ဒေသတွင်းသတင်းရင်းမြစ်တွေကလည်းဖော်ပြကြပါတယ်။

ဖားကန့် က ဖုန်းဆိုင်ကို မောင်းပြန်သေနတ်ကိုင်ထားသူ ၂ ဦးဓားပြဝင်တိုက်
ဖားကန့် က ဖုန်းဆိုင်ကို မောင်းပြန်သေနတ်ကိုင်ထားသူ ၂ ဦးဓားပြဝင်တိုက်

ကချင်ပြည်နယ်က နာမည်ကျော်ကျောက်စိမ်းလုပ်ကွက်တည်ရှိရာ လုံးခင်းကျေးရွာမှာရှိတဲ့ဖုန်းဆိုင်ကို ဒီနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်က မောင်းပြန်သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ ဦး ဓားပြဝင်တိုက်သွားပါတယ်။

ဓားပြတိုက်ခံရတဲ့ဆိုင်ဟာ JL Mobile & Mini Mart ဖြစ်တယ်လို့ ကချင်ဒေသတွင်းသတင်းရင်းမြစ်တွေကလည်းဖော်ပြကြပါတယ်။

CCTV မှတ်တမ်းမှာတော့ မောင်းပြန်သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ ဦး ဆိုင်ထဲဝင်လာတာတွေ့ရပါတယ်။

အဲဒီနောက် ဆိုင်ထဲက ရောင်းရငွေတွေနဲ့ ဖုန်းတွေကို ယူသွားပါတယ်။

ဆိုင်နဲ့ နီးစပ်သူတစ်ဦးပြောပြချက်အရတော့စုစုပေါင်း ကျပ်သိန်း ၅၀ လောက်ပါသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်းမန္တလေးမှာ ဖုန်းဆိုင်ကို သေနတ်ပြပြီး ဓားပြဝင်တိုက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။

You May Also Like

သတင်း

ဒီဇင်ဘာ ၂ရက် ည ၆နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နှင့် ရဲစခန်းရှိရာအနီး ဖားကန့်မြို့လယ်ရှိ Jade Cityရှေ့အဝိုင်းပတ်နေရာ၌ မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

ဓားပြတိုက်ခံရသူ၏ ပြောကြားချက်အရ အရပ်ဝတ်နဲ့ လူ ၁၀ဦးခန့်က ကားတားပြီး စစ်ဆေးမည့်ပုံစံပြု၍ ပိုက်ဆံနဲ့ဖုန်းကို ယူဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ယမန်နေ့ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသ စဘော့မှော်တွင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ယာဉ် တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁ဦးသေ၊ ၅ဦး ဒဏ်ရာရခဲ့သည်ဟု KIAက ယမန်နေ့တွင် အသိပေးထားသည်။

သတင်း

ကာမိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ယနေ့(နိုဝင်ဘာလ ၂၄ရက်)နေ့လယ် ၁၂နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။