Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းတွင် ​မူးမြစ်ကူးတံတားကျိုး၍ စစ်ရှောင်ပြည်သူ လေးဦး ရေထဲမျောပါသွား

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည်ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘို နယ်စပ်များ၌ စစ်ကြောင်း သုံးခုခွဲ စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး
ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်​ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးလာသည့် စစ်ရှောင်ပြည်သူလေးဦး မူးမြစ်ကူးတံတား ဖြတ်ကူးစဥ် တံတားကျိုး၍ ရေထဲမျောပါသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(ဒီဇင်ဘာလ ၃ ရက်) နံနက်ပိုင်းက ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကြောင့် ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရပြီး မူးမြစ်ကူးတံတားကျိုး၍ ပြည်သူလေးဦး ရေထဲမျောပါပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။

“မူးမြစ်ကူးတံတားဆိုတာ ကိုယ်ထူကိုယ်ထ ပြုလုပ်ထားတဲ့ ဝါးလေးတွေ၊ တိုင်လေးတွေ၊ ဝါးကတ်လေးတွေနဲ့ လုပ်ထားတဲ့တံတားပါခင်ဗျာ။ဆိုင်ကယ်တစ်စီးသွားလို့ရမယ်။လူသွားလို့ရမယ်။ နောက်ဆက်တွဲအခြေအနေကတော့ မသိရသေးပါဘူး။”ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ခံက ပြောသည်။

ထို့အပြင် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း၌ စစ်ကြောင်း‌ထိုးနေစဉ် တာတိုင်ဘက်မှ စစ်ရှောင်လာကြသည့် ပြည်သူအများအပြားအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည်ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘို နယ်စပ်များ၌ စစ်ကြောင်း သုံးခုခွဲ စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်။

ဒီပဲယင်းအရှေ့ခြမ်းတွင် သရက်တော၊ ညောင်လှ၊ ကုန်းကြီး၊ မူးခတွင်း၊ ဝဲကြီး၊ ရုံးသာ၊ နများ စသည့် ကျေးရွာများက ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

You May Also Like

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၃ ရက်)နံနက်ပိုင်းက ဒီပဲယင်းမြို့မှထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ညနေပိုင်းတွင် ရေဦးနှင့် ဒီပဲယင်းမြို့နယ်စပ် ဆည်ကြီးကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။

သတင်း

လတ်တလောတွင် မအူပင်အနောက်ရွာနှင့် ဆင်အင်းကျေးရွာများတွင် စစ်ကောင်စီတပ်များရှိနေသေးသောကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအား အတိအကျမသိရသေးပေ။

သတင်း

စစ်ကောင်စီဘက်က အထိအခိုက်ကျဆုံးစာရင်းကို အတိအကျ မသိရှိရသေးဘဲ ပြည်သူ့ရဲဘော် များမှာမူ အထိအခိုက်မရှိဟု အသိပေးထား သည်။

သတင်း

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၁ သန်းကျော်ရှိနေပြီလို့ ကုလသမဂ္ဂရဲ့ စာရင်းတွေအရသိရပါတယ်။