Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ်တွင် ပျူသင်တန်းသားများလိုက်ပါလာသည့် ၁၂ဘီးယာဥ်ကို မိုင်းဆွဲတိုက်ခိုက်

၁၂ဘီးကားတစ်စီးမှာ ထိုနေရာ၌ ၅မိနစ်ခန့်ထိုးရပ်သွား၍ လူလဲကာဆက်လက်မောင်းနှင်သွားခဲ့ပြီး အထိအခိုက်အကျအဆုံးများနိုင်သည်ဟု အေဒီက ပြောသည်။

အောက်တိုဘာလအတွင်းက ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း၌ စစ်ကောင်စီ၁၂ဘီးကားတစ်စီးအား Burma Rangers (ShweBo)က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ် ၊ ဓာတ်ပုံ-Burma Rangers (ShweBo)
အောက်တိုဘာလအတွင်းက ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း၌ စစ်ကောင်စီ၁၂ဘီးကားတစ်စီးအား Burma Rangers (ShweBo)က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ် ၊ ဓာတ်ပုံ-Burma Rangers (ShweBo)

စစ်ကိုင်းတိုင်း၊ ရွှေဘို – ကျောက်မြောင်းလမ်းပေါ်တွင် ပျူစောထီးသင်တန်းသား၂၀၀ ကျော်လိုက်ပါလာသည့် ယာဥ်တန်းအနက် ၁၂ ဘီးယာဥ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်ကျဆုံးမှုရှိကြောင်း Burma Rangers (ရွှေဘို)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အေဒီက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာလ ၂ ရက်)နံနက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်က ရွှေဘိုမြို့ လေ့ကျင့်ရေး (၈)မှ ပျူသင်တန်းသား ၂၇ဝခန့်လိုက်ပါလာသော Express အပြာတစ်စီး၊ မိုးကာအုပ် ၁၂ဘီး ယာဥ်နှစ်စီး၊ စုစုပေါင်း သုံးစီး ထွက်လာရာ အုံးပေါက်ကျေးရွာအနောက်ဘက်၌ ပဒေသာမိုင်း ၁၀လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Burma Rangers (ShweBo)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ အေဒီက ပြောသည်။

၁၂ဘီးကားတစ်စီးမှာ ထိုနေရာ၌ ၅မိနစ်ခန့်ထိုးရပ်သွား၍ လူလဲကာဆက်လက်မောင်းနှင်သွားခဲ့ပြီး အထိအခိုက်အကျအဆုံးများနိုင်သည်ဟု အေဒီက ပြောသည်။

အောက်တိုဘာလအတွင်းက ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း၌ စစ်ကောင်စီ၁၂ဘီးကားတစ်စီးအား Burma Rangers (ShweBo)က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ် ၊ ဓာတ်ပုံ-Burma Rangers (ShweBo)
အောက်တိုဘာလအတွင်းက ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း၌ စစ်ကောင်စီ၁၂ဘီးကားတစ်စီးအား Burma Rangers (ShweBo)က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ် ၊ ဓာတ်ပုံ-Burma Rangers (ShweBo)

“ပျူသင်တန်းသား ၂၇၀ ပါလာတယ်လို့ ဖရဲသီးက သတင်းပေးတာ။ Express အပြာရောင်က လွတ်သွားတာ။ ၁၂ ဘီးကား မိုးကာအပြာအုပ်ထားတဲ့ကားကို မိုင်းဆွဲလိုက်တယ်။ နောက်ဆုံး ၁၂ဘီးကားက ရှေ့ကားမိုင်းထိတော့ ဆက်မလာပဲ ပြန်လှည့်သွားတာ။ ကျောက်မြောင်းစစ်တပ်ကိုဝင်သွားတာ။”ဟု ၎င်းက ပြောသည်။

ထို့အပြင် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ခန့်တွင် ကျောက်မြောင်းစစ်တပ်အတွင်းရောက် ပျူများသည် စစ်ကောင်စီတပ်နှင့်အတူ ရွှေဘိုမြို့နယ် အရှေ့ခြမ်းရှိ မအူကျေးရွာအား အင်အား ၃၀ခန့်ဖြင့် ဝင်ရောက်လာပြီး ညနေ ၃နာရီခွဲခန့်တွင် ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ​ကျောက်မြောင်းနယ်ခံတစ်ဦးက ပြောသည်။

ရွှေဘိုမြို့နယ်အနောက်ခြမ်းတွင်လည်း စစ်ကောင်စီတပ်က ရွာစဥ်လှည့်မီးရှိူ့ဖျက်ဆီးနေပြီး ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။

အောက်တိုဘာလအတွင်းက ရွှေဘို-ကျောက်မြောင်းလမ်းပိုင်း၌ စစ်ကောင်စီ၁၂ဘီးကားတစ်စီးအား Burma Rangers (ShweBo)က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တွေ့ရစဥ် ၊ ဓာတ်ပုံ-Burma Rangers (ShweBo)

You May Also Like

သတင်း

"သူတို့က ၁၀ဦးရှိတာ။ လေးဦး ဈေးဝယ်လာတာ။သူတို့ဘက်က သေနတ်သုံးချက်ဖောက်တယ်"ဟု ဗိုလ်မိုးကြိုးက ပြောသည်။

သတင်း

TDPDF တပ်ရင်းမှလက်လုပ်လက်နက်ကြီးဖြင့် ငါးချက်ခန့် ပစ်ခတ်ခဲ့ရာ ကျော်ရွာ အတွင်း စစ်သားနှင့် ပျူ များနေထိုင်ရာ အတွင်းသို့ ကျရောက် ပေါက်ကွဲ့ခဲ့ပြီး ထိခိုက်မှုအတည်မပြုနိုင်သေးပါ​ကြောင်းထုတ်ပြန််ထားသည်။

သတင်း

အဆိုပါစစ်ဆင်​ရေးကိုတနင်္သာရီ-ပကဖမှတနင်္သာရီပျောက်ကြားအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၂)၊ တပ်ခွဲ(၂) ၊ ကျွန်းစု ပကဖနှင့် မြိတ် ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ မြိတ်က ထုတ်ပြန်ထားသည်။

သတင်း

ယမန်နေ့(နိုဝင်ဘာ ၂၈ ရက်)နံနက် ၉နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ သားနားကျေးရွာမှ ထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ပြင်းအားမြင့် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း BLACK WOLF -ARMY (PDF)အဖွဲ့ တာဝန်ခံက ပြောသည်။