Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မဟာအောင်မြေမြို့နယ်တွင် အသစ်ဖွင့်ထားသည့် အုပ်ကြီးရုံးကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်

ဒီဇင်ဘာ ၃ ရက် နေ့လယ် ၁၂ နာရီ၄၅ မိနစ်တွင် ယင်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သံလျက်မော်အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏နောက်လိုက်တစ်ဦး အပြင်းအထန်ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

(၂၀၂၁ ဖေဖော်ဝါရီက မန္တလေးမြို့တွင် ဆန္ဒပြသူများအား လိုက်လံပစ်ခတ် ဖမ်းဆီးနေကြသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(၂၀၂၁ ဖေဖော်ဝါရီက မန္တလေးမြို့တွင် ဆန္ဒပြသူများအား လိုက်လံပစ်ခတ် ဖမ်းဆီးနေကြသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

▪️ စစ်ဆင်ရေးများပြုလုပ်ရန် ပြည်သူများ၏ ထောက်ပံ့မှုလိုနေဟု STF-MDY ပြော

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် အသစ်ဖွင့်ထားသည့် သံလျပ်မော်အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးပစ် တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း Special Task Force Mandalay (STF-MDY)တာဝန်ခံ ဗိုလ်အနိစ္စက ပြောသည်။

“အမှန်တကယ်တော့ ကျွန်တော်တို့က အပြင်တံခါးဖွင့်ထားတာ မြင်တာနဲ့ ဒီနေ့ကင်းထောက်ကြည့်လိုက်တာ။ကြည့်တဲ့အချိန်မှာ သူတို့အစည်းအဝေးလုပ်နေတာ မြင်တာနဲ့ အခွင့်အရေးကို အသုံးချလိုက် တာ”ဟု ၎င်းက ပြောသည်။

ဒီဇင်ဘာ ၃ ရက် နေ့လယ် ၁၂ နာရီ၄၅ မိနစ်တွင် ယင်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး သံလျက်မော်အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏နောက်လိုက်တစ်ဦး အပြင်းအထန်ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“အုပ်ချုပ်ရေးမှူးလို့တော့ ပြောတယ်။ သူနဲ့ သူ့နောက်လိုက်တစ်ဦး ထိခိုက်မှုများတယ်လို့ပြောတယ်။ အုပ်ချုပ်ရေးမှူးရုံးဘေးမှာရှိတဲ့ မီးသတ်က ကားနဲ့ လိုက်ပို့တယ်လို့ ကြားတယ်”ဟု ဗိုလ်အနိစ္စက ပြောသည်။

ထို့အပြင် ၎င်းတို့အဖွဲ့သည် စစ်ဆင်ရေးများပြုလုပ်ရန် ပြည်သူများ၏ ထောက်ပံ့မှုနှင့်ရပ်တည်နေသည့် အဖွဲ့ဖြစ်သောကြောင့် ဆက်လက်ထောက်ပံ့ပေးရန် ၎င်းက မေတ္တာရပ်ခံသည်။

“ကျွန်တော်တို့က ပြည်သူထောက်ပံ့တာနဲ့ လှုပ်ရှားနေရတာ။ အခုတလော လှူတာတွေ အရမ်းအားနည်းလာတယ်။ကျွန်တော်တို့ကျ အခက်တွေ့တာပေါ့။ ပိုက်ဆံရှိမှဝယ်လို့ရတာကိုး။ ပိုက်ဆံရှိရင်တောင် ပစ္စည်းက ကိုယ့်လမ်းကြောင်းနဲ့ကိုယ်ရှာရတာဆိုတော့ ပိုက်ဆံမရတော့ တစ်ခါတစ်လေနားရတယ်။ ပစ္စည်းကို အရမ်းချွေချွေတာတာလုပ်ရတယ်။ပြည်သူပါဝင်မှု အရမ်းအားနည်းနေလို့ နေသာသလို မနေဖို့ပဲပြောချင်ပါတယ်”ဟု ဗိုလ်အနိစ္စက ပြောသည်။

ထောက်ပံ့‌လိုသည့် ပြည်သူများအနေဖြင့် Special Task Force Mandalay ပေ့ခ်ျမှ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

You May Also Like

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၂ရက်) ညနေပိုင်း၌ ညောင် လေးပင်ခရိုင် ရွှေကျင်နှင့် ကျောက်ကြီးမြို့နယ် တို့ရှိ ကျေးရွာများသို့ လေကြောင်းမှ တပြိုင်တည်းတိုက်ခိုက်လာခြင်းဖြစ်သည်။

သတင်း

မြင်းမူမြို့ရှိ Non CDMများ၊ စစ်ကောင်စီခန့်အုပ် ချူပ်ရေးမှူးများနှင့် စစ်ကောင်စီထောက်တိုင်မှန်သမျှကို အဓိကပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု အပြင်းအထန်သတိပေးလိုက်ကြောင်း Moe Nyo Revolution Forceအဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၁ရက်အတွင်း ထီးချိုင့်နယ်ရှိ အလယ်တော၊ ဆူးပုတ် ချောင်၊ အင်ကြင်းကုန်း၊ အင်းတိန်နှင့် လေသာကျေးရွာတို့ကို မီးရှို့ခဲ့ရာ KIA/PDF တို့နှင့်အတူ ဒေသခံများပါပါဝင်ပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ယမန်နေ့ နံနက် ၇နာရီခန့်ကလည်း မြောင်းဦးနှင့် ကျပ်ပြင်ရွာကြား ငုတ်ပြွန်အနီးသို့ မောင်းနှင်လာသော စစ်ကောင်စီတပ်၏ ထောက်ပို့ပစ္စည်းများ သယ်ဆောင်လာသည့် ထော်လာဂျီကို နတ်ဆိုး(မြေအောက်တော်လှန်ရေးတပ်ဖွဲ့)က ကြားဖြတ်ဖမ်းဆီးခဲ့သည်။