Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ည​နေခင်းသတင်း”

ဒီနေ့ (ဒီဇင်ဘာ ၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ည​နေခင်းသတင်း

▪︎ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက ရွာ​လေးရာကို ကရင်နီတပ်​တွေ စစ်ဆင်ရေးဆင်နွှဲပြီး နယ်မြေရှင်းလင်း

စစ်ကောင်စီတပ်စွဲခဲ့တဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ကုန်းသာ၊သေးဆူလဲ၊ပူဖားနဲ့ဒေါကမီးကျေးရွာ​တွေကို ကရင်နီ​တော်လှန်​ရေးတပ်​တွေက ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲပြီး ​တဲ့​နောက်နယ်မြေရှင်းလင်းနိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ကဒီနေ့ထုတ်ပြန်ပါတယ်။

(နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြသော ကရင်နီတပ်များမှ ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ၏ အသုံးအဆောင်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြသော ကရင်နီတပ်များမှ ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ၏ အသုံးအဆောင်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF)

နိုဝင်ဘာ ၂၈ရက်ကစ၍ KNDFဦးဆောင်ပြီး​တော့ ကရင်နီတပ်မတော်(KA) ၊အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့၊ DMO PDF၊ Loikaw PDFတို့နဲ့အတူစစ်ကောင်စီတပ်​တွေ တပ်စွဲထားတဲ့ ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊သေးဆူလဲ၊ပူဖားနှင့်ဒေါကမီးကျေးရွာများတွင် ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ဆင်နွဲခဲ့ပါတယ်။ကရင်နီပူးပေါင်းတပ်ဖွဲ့​​တွေတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်​တွေတပ်စွဲထားတဲ့ ကျေးရွာ​တွေက​နေ ဆုတ်ခွာသွားခဲ့ပါတယ်။ အဲဒီ​နောက်မှာကရင်နီ ပူးပေါင်းတပ်ဖွဲ့​တွေက နယ်မြေရှင်းလင်း​ခဲ့ပြီး ကုန်းသာရွာမှာ KRUတပ်​တွေနေရာယူနိုင်ဖို့ပါ နေရာချထားပေးခဲ့ပါတယ်။စစ်တပ်က ဆုတ်ခွာသွား​ပေမယ့်​မြေမြုပ်မိုင်း​တွေ​ထောင်ခဲ့လို့ ​ဒေသခံပြည်သူ​တွေအ​လောတကြီးမပြန်ကြဖို့လည်းသတိ​ပေးထားပါတယ်။

(နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြသော ကရင်နီတပ်များမှ ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ၏ အသုံးအဆောင်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)
(နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြသော ကရင်နီတပ်များမှ ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ၏ အသုံးအဆောင်ပစ္စည်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF)

▪︎ရှောင်တာနယ်နဲ့ဇနီး ချင်းပြည်အတွက်ရံပုံငွေစျေးရောင်းပွဲ တက်ရောက်အား​ပေး

မြန်မာစစ်အုပ်စုရဲ့ မတရားဖမ်းဆီး​ထောင်ချခံရာက​နေ ပြန်လည်လွတ်မြောက်လာတဲ့ ဩစတြေးလျနိုင်ငံသား စီပွားရေးပညာရှင် ရှောင်တာနယ်နဲ့ ဇနီးတို့ကဒီနေ့ (ဒီဇင်ဘာ ၃) နံနက်ပိုင်းမှာ ဆစ်ဒနီမြို့မှာပြုလုပ်တဲ့​ချင်းပြည်နယ်အတွက် ရံပုံငွေဈေးရောင်းပွဲကို တက်ရောက်အားပေးခဲ့ပါတယ်။

ရံပုံငွေဈေးရောင်းပွဲကို သြစတြေးလျနိုင်ငံရောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာ​တွေစုပေါင်းပြုလုပ်တာ ဖြစ်ပြီး ချင်းပြည်နယ်အတွက် ရံပုံငွေရှာဖွေပေးတာ ဖြစ်တယ်လို့ CRPH/NUG Support Group NSW အဖွဲ့ကထုတ်ပြန်ပါတယ်။ ​ရွေး​ကောက်ခံအရပ်သားအစိုးရရဲ့ စီးပွား​ရေးအကြံ​​ပေးပညာရှင်တို့ဇနီး​မောင်နှံကို သြစ​တြေးလျ​ရောက်မြန်မာ​တွေက လက်​ဆောင်​တွေ​ပေးအပ်ခဲ့ကြတာလည်း​တွေ့ရပါတယ်။

▪︎ရေတာရှည်မြို့အဝင် စစ်ကောင်စီညကင်းကိုPDF မိုင်းခွဲတိုက်ခိုက် စစ်သားနှစ်ဦးသေ

ပဲခူးတိုင်းအရှေ့ပိုင်းရေတာရှည်မြို့အဝင်ရထားသံလမ်းကူးအနီးရှိ စစ်ကောင်စီတပ်ညကင်းကိုဒေါင်းမင်းသားမြို့ပြပြောက်ကျားတပ်ဖွဲ့ကမိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၂ည ၈နာရီခန့်မှာ ရေတာရှည်မြို့အဝင် ညောင်ပင်သာရွာ ရထားသံလမ်းကူးမှာရှိတဲ့စစ်တပ်ညကင်းအား အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာမှာစစ်ကောင်စီတပ်သား နှစ်ဦးသေသွားတယ်လို့ သိရပါတယ်။ ဒေါင်းမင်းသားမြို့ပြပြောက်ကျားတပ်ဖွဲ့(ရေတာရှည်)ဟာတောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)အဖြစ် NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ တပ်ခွဲတစ်ခုဖြစ်ပါတယ်။

▪︎ဒီပဲယင်းမြို့နယ်ကစစ်​​​ဘေး​ရှောင်ပြည်သူ ၄ဦးမူးမြစ်ကူးတံတားကျိုးကျပြီး ​ရေထဲ​မျောပါ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက စစ်​ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးလာတဲ့ စစ်​ဘေးရှောင်ပြည်သူလေးဦး မူးမြစ်ကူးတံတား ဖြတ်ကူးချိန် တံတားကျိုးကျပြီး ရေထဲမျောပါသွားတယ်လို့ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး
ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများ၊ ဓာတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေး

▪︎ကျောက်ကြီးနဲ့ ရွှေကျင်က ရွာသုံးရွာကို စစ်ကောင်စီတပ် လေကြောင်းမှ လေးကြိမ် တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာသုံးရွာကပြည်သူလူထုများကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က လေကြောင်းမှ လေးကြိမ် တစ်ပြိုင်တည်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNUကသတင်းထုတ်ပြန်ပါတယ်။ မနေ့ကဒီဇင်ဘာ ၂ရက် ညနေပိုင်းမှာဆောထိ (ရွှေကျင်)မြို့နယ်ကဟီးဒေးကျေးရွာ၊ဆောထိ (ရွှေကျင်) မြို့နယ် လယ်ဝါးကျေးရွာ၊လယ်ဒို(ကျောက်ကြီး) မြို့နယ်ကွီးလားကျေးရွာများသို့လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပြည်သူလူထုတွေထိခိုက်မှုမရှိဘူးလို့ အသိပေးထားပါတယ်။အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တဲ့အပြင်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူလူထုတွေကြောက်ရွံ့ထိတ်လန့်နေရပြီးထွက်ပြေးတိမ်းရှောင်သူတွေလည်းရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

▪︎အင်းတော်ရဲစခန်းက လက်နက်ကြီးနဲ့ ပစ်လို့ ကလေးသုံးဦးနဲ့ မိခင် တို့ ဒဏ်ရာရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒီကနေ့ နေ့လည်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စပါးစိုက်ကွင်းမှာလုပ်ငန်းလုပ်ကိုင်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့ ကလေးငယ် ၃ဦးတို့ ဒဏ်ရာရခဲ့တယ်လို့ အင်းတော်ဒေသခံက ပြောပါတယ်။ အင်းတော်ရဲစခန်းက ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရတဲ့ ကလေးငယ်တွေထဲမှာ အသက် ၄နှစ်အရွယ်၊ ၁၄နှစ်နဲ့ ၁၆နှစ်အရွယ် ကလေးတို့ ပါဝင်ပြီး ၁၄နှစ် အရွယ် ကလေးက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က အခုလိုပဲ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်နေတာကြောင့် ဒေသခံတွေ စပါးရိတ်သိမ်းချိန်မှာ ကြောက်ရွံ့စွာနဲ့ လုပ်ငန်းခွင် ဝင်နေကြရတယ်လို့ အင်းတော်ဒေသခံက ပြောပါတယ်။

▪︎တရုတ်သမ္မတဟောင်းကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး သဝဏ်လွှာပို့

တရုတ်နိုင်ငံ သမ္မတဟောင်း ကျန်ဇီမင်း နိုဝင်ဘာ ၃၀ရက်က ကွန်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ အဲဒီ ဝမ်းနည်းကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိထံ လိပ်မူပြီးတော့ ဒီကနေ့ ဒီဇင်ဘာ ၃ရက်နေ့စွဲနဲ့ ပေးပို့ခဲ့တာလို့ ဖော်ပြထားပါတယ်။ ကွယ်လွန်သွားတဲ့တရုတ်သမ္မတဟောင်းဟာ တရုတ်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးဟောင်းလည်းဖြစ်ပါတယ်။

▪︎စစ်တပ်နဲ့ပျူ​တွေရဲ့ ကားသုံးစီးကိုPDF​တွေတိုက်ခိုက်

ဒီဇင်ဘာလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ဝန်းကျင်က ရွှေဘို-ကျောက်မြောင်းလမ်းပေါ်မှာ ရွှေဘိုမြို့ လေ့ကျင့်ရေး(၈ )မှ ပျူသင်တန်းသား ၂၇ဝ ခန့်လိုက်ပါလာတဲ့ Express အပြာတစ်စီး၊ မိုးကာအုပ် ၁၂ဘီးကား၂စီး၊ စုစုပေါင်း ၃စီး ထွက်လာရာ အုံးပေါက်ရွာအနောက်ဘက်မှာ ပဒေသာမိုင်း ၁၀လုံးနဲ့ ​မိုင်းဆွဲတိုက်ခိုက်ခဲ့တာမှာထိခိုက်​သေဆုံးမှုတွေရှိတယ်လို့Burma Rangers (ShweBo)ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ အေဒီက ပြောပါတယ်။

▪︎PDF​တွေစိန်​ခေါ်တဲ့အုပ်ကြီးရှင်းလင်းခံရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ PDFများကိုလာရဲရင်လာခဲ့လို့ စိန်ခေါ်ခဲ့တဲ့ အောင်သာရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကိုနိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်က သုတ်သင်ရှင်းလင်းခဲ့တယ်လို့ Natogyi Regional Defence Force – NRDFအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။အဲဒီစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်ကိုနာခံပြီး ရပ်ရွာပြည်သူလူထုအား အာဏာသုံးခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

▪︎ပြင်ဦးလွင်-မန္တလေးလမ်းမှာစစ်ကားတစ်စီးတိုက်ခိုက်ခံရပြီး ၂ ဦး​သေ

ဒီဇင်ဘာလ ၂ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်မှာ မန္တလေးမြို့အထွက် ပြင်ဦးလွင်-မန္တလေးလမ်း၊ သမ္မတောနှင့် သန့်စင်ကုန်းရွာကြား၊ အောင်ပင်လယ်တိုးဂိတ်အနီးမှာ စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ Faw ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NGU:FF (မြွေခွေးအဖွဲ့) တာဝန်ခံက ပြောပါတယ်။

▪︎မုံရွာမှာကင်းပုန်းဝပ်​နေတဲ့စစ်တပ်PDF တိုက်ခိုက်

မနေ့က ဒီဇင်ဘာလ(၂)ရက် ၊ ညနေ၅နာရီ ၄၇မိနစ်ချိန်ခန့်က မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အမှတ်၁၆ ခြေမြန်တပ်ရင်းမှာ ကင်းပုန်းဝပ်နေတဲ့နေရာကို လက်ပစ်မိုင်းသံပုရာသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးတယ်လို့ KUGတပ်ရင်း GYZရဲ့ တာဝန်ရှိသူက ပြောပါတယ်။

▪︎KNU တပ်မဟာ(၁)နယ်မြေကိုစစ်ကောင်စီတပ်စစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်နေ

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၁)နယ်မြေသထုံခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ဆင်ရေးပြုလုပ်ဖို့ တပ်ရင်း ၃ရင်းနဲ့ စုဖွဲ့ပြင်ဆင်နေတယ်လို့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မှူးတစ်ဦးက ပြောပါတယ်။ကျိုက်ထိုနယ်မှာ စစ်ကောင်စီရဲ့ ခလရ (၂)၊ ခမရ(၈၊ ခမရ (၂၀၇) တပ်တွေက အင်အားစုဖွဲ့ ပြင်ဆင်နေသလို သိမ်ဇရပ်စစ်ကောင်စီတပ်ကလည်း တာဝေးပစ်လက်နက်ကြီးတွေနဲ့ စမ်းသပ်ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။KNLAနဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေကလည်း စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကို ခုခံသွားမှာ ဖြစ်လို့ တိုက်ပွဲတွေပြင်းထန်လာနိုင်ကြောင်းနဲ့ပြည်သူလူထုတွေ အနေနဲ့ စစ်ကောင်စီရဲ့ ရန်ကို သတိပြုနေထိုင်ကြဖို့ KNLA တပ်မှူးက ပြောပါတယ်။

KNU တပ်မဟာ(၁)နယ်မြေကိုစစ်ကောင်စီတပ်စစ်ဆင်ရေးလုပ်ရန် အင်အား စုဖွဲ့ပြင်ဆင်နေ
KNU တပ်မဟာ(၁)နယ်မြေကိုစစ်ကောင်စီတပ်စစ်ဆင်ရေးလုပ်ရန် အင်အား စုဖွဲ့ပြင်ဆင်နေ

▪︎ဖားကန့်မြို့လယ်ကောင်မှာ တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သေဆုံးထိခိုက်များ

ကချင်ပြည်နယ် ဖားကန့်မြို့လယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းကို ဒီဇင်ဘာ ၂ရက် ညနေ ၆နာရီခွဲလောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကမိုင်းနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်တွေ သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း အရပ်သားတွေထိခိုက်တာမျိုး မကြားရဘဲ ကားတစ်စီး ပျက်စီးခဲ့တာကိုသာ သိရကြောင်း ဒေသခံက ပြောပါတယ်။ စစ်ကောင်စီတပ်က သေဆုံးထိခိုက်တဲ့အရေအတွက် အသိအကျ မသိပေမယ့် ၈ဦးထက်မနည်း ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။

(တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဥ်)
(တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)မှ တော်လှန်ရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဥ်)

You May Also Like