Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သေနတ်နှစ်လက်ဖြင့် CDMပြုလုပ်​သောစစ်သားကို NUG ကဘတ်​ငွေတစ်သိန်း​ကျော်ဂုဏ်ပြု

ရဲနိုင်​သွေးနည်းတူ စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် နဂါးနီစစ်ကြောင်းတပ်ခွဲ၂ထံ အမြန်ဆုံးပူးပေါင်း CDMပြုလုပ်ကြရန် တိုက်တွန်းသည်။

(​သေနတ် ၂ လက်ဖြင့်CDMပြုလုပ်​​သောစစ်သားကို နဂါးနီစစ်​ကြောင်းတပ်ခွဲ (၂) ကNUGကိုယ်စားဂုဏ်ပြု​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-နဂါနီစစ်​ကြောင်း)
(​သေနတ် ၂ လက်ဖြင့်CDMပြုလုပ်​​သောစစ်သားကို နဂါးနီစစ်​ကြောင်းတပ်ခွဲ (၂) ကNUGကိုယ်စားဂုဏ်ပြု​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-နဂါနီစစ်​ကြောင်း)

သေနတ်နှစ်လက်ဖြင့် CDM လာရောက်ပြုလုပ်သော စစ်ကောင်စီတပ်သားအား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)က ထိုင်းဘတ်ငွေ ၁၁၄,၀၀၀ ကို ဂုဏ်​ပြုချီးမြှင့်ကြောင်း နဂါးနီစစ်ကြောင်းတပ်ခွဲ၂ က ယနေ့(ဒီဇင်ဘာ ၃ ရက်) တွင် ထုတ်ပြန်သည်။

ဘုရားသုံးဆူမြို့၊ နဂါးတောင်စခန်း မှ သေနတ် နှစ်လက်ဖြင့် CDM လာရောက်ပြုလုပ်သော ခလရ (၂၈၄)မှ တပ်သား ရဲနိုင်သွေး အား ဂုဏ်ပြုချီးမြှင့်ငွေကို နဂါးနီစစ်ကြောင်းတပ်ခွဲ (၂ )မှ ကိုယ်စားပေးအပ်ခဲ့ကြောင်းသိရသည်။

(​သေနတ် ၂ လက်ဖြင့်CDMပြုလုပ်​​သောစစ်သားကို နဂါးနီစစ်​ကြောင်းတပ်ခွဲ (၂) ကNUGကိုယ်စားဂုဏ်ပြု​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-နဂါနီစစ်​ကြောင်း)
(​သေနတ် ၂ လက်ဖြင့်CDMပြုလုပ်​​သောစစ်သားကို နဂါးနီစစ်​ကြောင်းတပ်ခွဲ (၂) ကNUGကိုယ်စားဂုဏ်ပြု​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-နဂါနီစစ်​ကြောင်း)

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးတပ်နယ်ဗျူဟာလက်အောက်ခံ ခလရ(၂၈၄)တွင် တာဝန်ထမ်းဆောင်နေသော တပ်သား ရဲနိုင်သွေးသည်နိုဝင်ဘာ ၆ရက်နေ့က CDMပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

CDM ပြုလုပ်လာသည့် တပ်သား ရဲနိုင်သွေး သည် MA1တစ်လက် ၊MA2တစ်လက် ၊ကျည်ဘောက် ၄ခု၊ကျည် ၂၄၀တောင့်၊ လက်ပစ်ပုံး ၃လုံး၊အီနာဂါ ၄လုံး၊၄၀မမ ၁လုံး၊အီကွေ့မန့် ကျည်ကာအကျီတစ်စုံ ပါရှိကြောင်းအသိပေးထားသည်။

Public Service Announcement
Public Service Announcement

ရဲနိုင်​သွေးနည်းတူ စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် နဂါးနီစစ်ကြောင်းတပ်ခွဲ၂ထံ အမြန်ဆုံးပူးပေါင်း CDMပြုလုပ်ကြရန် တိုက်တွန်းသည်။

သေနတ်တစ်လက်ဖြင့် CDMပြုလုပ်လာသည့် စစ်သားများကိုလည်း သိန်း၅၀ကျပ်ဆုချီးမြှင့်သည့်အပြင် ဘဝရပ်တည်ရေးအတွက်လဲ စီစဉ်ဆောင်ရွက်ပေးမည်ဟု ကတိပြုသည်။

You May Also Like

သတင်း

ယနေ့(ဒီဇင်ဘာ ၃ရက်) နေ့စွဲဖြင့်ပေးပို့သည့်သဝဏ်လွှာသည် လက်ရှိတရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိထံသို့ လိပ်မူပေးပို့ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများမည်မျှပင် သေဆုံးစေကာမူ နှိပ်စက် ဖျက်ဆီးမည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနမှတဆင့် နိုင်ငံတကာသို့ ပြောသည်။

သတင်း

ဆေးဆိုင်ပိုင်ရှင်ကို CDM ထောက်ပို့လုပ်တယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် ၂ ခုမှာ ဖြန့်ဝေခံရပြီးနောက် ဖမ်းခံရတာလို့ လည်းစုံစမ်းသိရပါတယ်။

သတင်း

ဝင်နေတာတွေ့ရင် ဖမ်းဆီးဖို့လည်း ညွှန်ကြားထားပါသေးတယ်။ စစ်ကောင်စီဟာ CDM ဝန်ထမ်း တွေကို ဝန်ထမ်းအိမ်ရာတွေက နေ ဖယ်ရှားတာတွေ လုပ်ခဲ့ပါတယ်။