Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ကြီးတွင် စစ်ဆင်ရေးနှစ်ခုပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ပြည်သူများထိခိုက်မည်စိုး၍ အဓိကစစ်ဆင်ရေး ဖျက်သိမ်းခဲ့ရ

ယင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ပစ္စည်းထိခိုက်မှုများရှိကြောင်း အတည်ပြုနိုင်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

တိုက်ကြီးတွင် စစ်ဆင်ရေးနှစ်ခုပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ပြည်သူများထိခိုက်မည်စိုး၍ အဓိကစစ်ဆင်ရေး ဖျက်သိမ်းခဲ့ရ
တိုက်ကြီးတွင် စစ်ဆင်ရေးနှစ်ခုပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ပြည်သူများထိခိုက်မည်စိုး၍ အဓိကစစ်ဆင်ရေး ဖျက်သိမ်းခဲ့ရ

ရန်ကုန်တိုင်း တိုက်ကြီးမြို့တွင် စစ်ဆင်ရေးနှစ်ခုပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မည်စိုးသောကြောင့် အဓိကပြုလုပ်မည့် စစ်ဆင်ရေး ဖျက်သိမ်းခဲ့ရကြောင်း Nemesis Revolution Force – Yangon Regionမှ တာဝန်ရှိသူက ပြောသည်။

“ဖြစ်ချင်တော့ နတ်ပွဲလိုလို တခုကစည်ကားနေတော့ လူအသွားအလာမပြတ်တာနဲ့ နောက်ဆုတ်လိုက်တာပါ။ တကယ်က ဆုတ်လိုက်ရတာက အဓိက Mission ပါ။ကျွန်တော်တို့ ထပ်တလဲလဲ သတိပေးတဲ့ကြားထဲက ပြည်သူတွေက မလိုက်နာပါဘူး။ ကျွန်တော်တို့ကလည်း သူတို့ မလိုက်နာပေမယ့် ပြည်သူတွေက တကယ်တော့ ကျွန်တော် တို့ပဲလေဆိုတဲ့ စိတ်နဲ့ အမြဲနောက်ဆုတ်ရပါတယ်”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ရည်ရွယ်ထားသည့် မစ်ရှင်နှစ်ခုအနက် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထောက် တိုင်ဖြစ်သော တိုက်ကြီးမြို့နယ် MPT ရုံးကို ဒီဇင်ဘာ ၂ ရက် ည ၇ နာရီခန့်က ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းက‌ ဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း ပစ္စည်းထိခိုက်မှုများရှိကြောင်း အတည်ပြုနိုင်ပြီး အဖွဲ့သားအားလုံးဘေးကင်းကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“နောက်နောင်တွင် အကြမ်းဖက်စ်ကောင်စီအား ဝင်ငွေရှာပေးနေသည့် ကျည်ဆံဖိုးအခွန်ဆောင်နေသောဝန်ထမ်းများနှင့် စစ်​​‌ခွေး များနှင့် နီးကပ်စွာနေထိုင်ဆက်ဆံနေသောသူများအား၎င်းတို့၏ထိခိုက်မှုနှင့်အသက်အန္တရာယ်ကို လုံးဝအာမခံမည်မဟုတ်ပါ။” ဟု Nemesis Revolution Force – Yangon Region ကထုတ်ပြန်ထားသည်။

Nemesis Revolution Force – Yangon Region အဖွဲ့သည် ယခင်က ရန်ကုန်မြို့၌ လှုပ်ရှားခဲ့သော UG များဖြစ်ပြီး အထက်ပါမစ်ရှင်သည် ရန်ကုန်မြို့၌ ပထမဆုံးပြန်လည်လုပ်ဆောင်သည့် စစ်ဆင်ရေးဖြစ်သည်ဟု ၎င်းက ဆိုသည်။

“တကယ်က ကျနော်တို့က လူဟောင်းတွေပါ။ ရန်ကုန် UG တွေပေါ့ ။ကိစ္စတခုကြောင့် တိမ်းရှောင်ရင်း တောခိုလိုက်ကြတာပါ။ ဒါပေမယ့် ရန်ကုန်ကို အခြေပြုပြီးပဲ တိုက်ပွဲဝင်ချင်တာကြောင် အခုလို အသစ်အနေ နဲ့ ပြန်ဖော်ဆောင်တာက ဒါပထမဆုံး mission ပါ” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

You May Also Like

သတင်း

ကံတော်ရာတောင်‌ပေါ်၌ တပ်စွဲထားလျက်ရှိသောစစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁ ရက်တွင် အင်အားအများအပြားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

သတင်း

"နယ်မြေ ပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်တဲ့အတွက် ရဲဘော်အချို့ ထိခိုက်မှုနဲ့ ကျဆုံးမှုတော့ရှိခဲ့တယ်။စကစဘက်က ထိခိုက်သေဆုံးမှုကိုလည်း စစ်ရေးသတင်းထုတ်ပြန်တဲ့အခါမှာ အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်"ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပါက သက်ဆိုင်ရာ KNLA တပ်ရင်းတပ်ဖွဲ့များ၊ PDFများက ခုခံရန် ပြင်ဆင်ထားကြောင်းလည်း အသိပေးသည်။

သတင်း

တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် မဟာမိတ်တပ်ဖွဲ့တစ်ခုမှ ရဲဘော်နှစ်ဦးသည် ယမန်နေ့(ဒီဇင်ဘာ၁ရက်) ညနေတွင် အထက်ပါအတိုင်း မိုင်းရှင်းလင်းရေးလုပ်ဆောင်စဥ် ပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးခဲ့ရ​​​ခြင်းဖြစ်သည်။