Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘို – မြစ်ကြီးနားလမ်းမကြီးတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိ၍ ဒေသခံအမျိုးသားတစ်ဦး သေဆုံး

လတ်တလောတွင် ကောလင်းနှင့်ကန့်ဘလူဒေသ၌ စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေပြီး ကိုးထောင်ဘို့၊ ​ဇော်ချောင်း၊ကိုင်းမနှင့် ပန်းဆက်ရွာတို့တွင် ရောက်ရှိနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးထားသည်။

နင်းမိုင်းပေါက်ကွဲခဲ့သောနေရာနှင့် သေဆုံးခဲ့သောနွားတစ်ကောင်အား တွေ့ရစဥ်။ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် ထောင်ထားသော မြေမြုပ်မိုင်းတစ်ခုအား တွေံရစဥ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

ရွှေဘို – မြစ်ကြီးနားလမ်းမကြီးတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိ၍ ဒေသခံအမျိုးသားတစ်ဦး ယမန်နေ့က သေဆုံးမှုဖြစ်ခဲ့သည်။

ကောလင်းမြို့နှင့် ကန့်ဘလူမြို့ကြား ရွှေဘို – မြစ်ကြီးနားလမ်းမကြီးဘေးရှိ ဇင်းကျေးရွာမှ အသက်(၇၀)အရွယ် အမျိုးသားတစ်ဦးမှာ မိုင်းနင်းမိပြီး ဒီဇင်ဘာ ၃ရက်နံနက်ပိုင်းက သေဆုံးခဲ့ခြင်းဟု တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

” မိုင်းကို စစ်ကောင်စီက ပျုစောထီးတွေဆီ အများကြီးပေးထားတယ်။ စစ်ကောင်စီနဲ့ ပျုစောထီးက လမ်းဘေးတွေမှာ မိုင်းတွေ လိုက်ထောင်ထားတယ်။မနေ့ကတော့ ရွာက ဦးတုပ်မိုင်းထိသွားတယ်”ဟု ကောလင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

ဦးတုပ်သည် ဇင်ရွာပတ်ဝန်းကျင်တွင် ရှစ်လခန့်အတွင်းမြေမြုပ်မိုင်းထိ၍ ငါးဦးမြောက် သေဆုံးသူ ဖြစ်သည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။ စစ်ကောင်စီနှင့် ပျုစောထီးများသည် အရပ်သားနေရာများကို ပစ်မှတ်ထားပြီး မြေမြုပ်မိုင်းများထောင်ထားသည်ဟု ကောလင်းမြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လတ်တလောတွင် ကောလင်းနှင့်ကန့်ဘလူဒေသ၌ စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေပြီး ကိုးထောင်ဘို့၊ ​ဇော်ချောင်း၊ကိုင်းမနှင့် ပန်းဆက်ရွာတို့တွင် ရောက်ရှိနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးထားသည်။

You May Also Like

သတင်း

ဒီဇင်ဘာ ၃ရက်နှင့် ၄ရက်တွင် စစ်ကောင်စီတပ် က မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

သတင်း

လွန်ခဲ့သော လပိုင်းအတွင်းက မြို့ပြပြောက်ကျားရဲဘော်များ၏ ရှင်းလင်းခြင်းကို ခံလိုက်ရသည့် ဗိုလ်မှူးကြီးအုန်းသွင်၏ ရုပ်အလောင်းကိုလည်း ယင်းင်္သချိုင်းတွင် မြုပ်နှံထား​ကြောင်း YRF က ဆိုသည်။

သတင်း

စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကေအဲန်ယူထံမှ သိရသည်။

သတင်း

ဒီဇင်ဘာ ၃ရက်နံနက်တွင် ပျဥ်းကတိုးကုန်းကျေးနယ်အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီမှ အင်အား၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေကြောင်း ဖော်ပြထားသည်။