Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းစိန်ထောင်မှာ အရာရာ ကူညီခဲ့ဖူးတဲ့ ကွယ်လွန်သူ ကိုခင်မောင်ရွှေအကြောင်းရှောင်တာနဲလ်မျှဝေ

သူ့မိတ်ဆွေ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အကြောင်းအရာတချို့ ပြန်လည်သိရှိနိုင်အောင်ကူညီပေးခဲ့တဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် တချို့ကို ကျေးဇူးတင်တယ်လို့လည်း တာနဲလ်က Facebookပေါ်မှာ ရေးသားထားပါတယ်။

(စစ်​ကောင်စီရဲ့​ထောင်​စောင့်ဝန်ထမ်း​တွေက ​ထောင်အတွင်းသတ်ဖြတ်တာကိုခံခဲ့ရတာ ကိုခင်​မောင်​ရွှေ။ ဓါတ်ပုံ-Sean Turnell Facebook)
(စစ်​ကောင်စီရဲ့​ထောင်​စောင့်ဝန်ထမ်း​တွေက ​ထောင်အတွင်းသတ်ဖြတ်တာကိုခံခဲ့ရတာ ကိုခင်​မောင်​ရွှေ။ ဓါတ်ပုံ-Sean Turnell Facebook)

မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရချိန် အတောအတွင်း သူ့ကို အနီးကပ် ကူညီစောင့်ရှောက်ပေးခဲ့သူ ကိုခင်မောင်ရွှေရဲ့ အကြောင်းကို မကြာခင်ကမှလွတ်​မြောက်လာတဲ့ စီးပွား​ရေးပညာရှင် ရှောင်တာနဲလ်က Facebookမှာ အမှတ်တရ ပြန်လည် ဝေမျှခဲ့ပါတယ်။

ချစ်ခင်ရတဲ့ မိတ်ဆွေဖြစ်သူ ကိုခင်မောင်ရွှေဟာ သူ့အတွက် အမြဲတမ်း ရပ်တည်ပေးခဲ့သူ တစ်ဦးဖြစ်တယ်လို့ဩစတြေးလျ စီးပွားရေး ပညာရှင်တာနဲလ်က ဆိုပါတယ်။ ကိုခင်မောင်ရွှေဟာ သူ့ကို ကျန်းမာအောင်၊ အဆင်ပြေအောင် အရာရာ ကူညီပေးပြီး သူ့အသက်ကို ကယ်ခဲ့သူလို့တောင်တာနဲလ်က ရည်ညွှန်းထားပါတယ်။

(စစ်​ကောင်စီရဲ့​ထောင်​စောင့်ဝန်ထမ်း​တွေက ​ထောင်အတွင်းသတ်ဖြတ်တာကိုခံခဲ့ရတာ ကိုခင်​မောင်​ရွှေ။ ဓါတ်ပုံ-Sean Turnell Facebook)
(စစ်​ကောင်စီရဲ့​ထောင်​စောင့်ဝန်ထမ်း​တွေက ​ထောင်အတွင်းသတ်ဖြတ်တာကိုခံခဲ့ရတာ ကိုခင်​မောင်​ရွှေ။ ဓါတ်ပုံ-Sean Turnell Facebook)

ဒါပေမဲ့ ကိုခင်မောင်ရွှေဟာ အင်းစိန်ထောင်ထဲမှာ ထောင်စောင့်ဝန်ထမ်းတွေက သေတဲ့အထိ ရိုက်နှက် ကန်ကျောက်မှုတွေ ခံခဲ့ရတယ်လို့ တာနဲလ်က ဆိုပါတယ်။ တာနဲလ်ကို အင်းစိန်ထောင်ကနေ နေပြည်တော်ထောင်ကို ပြောင်းရွှေ့လိုက်ပြီး တစ်လလောက် အကြာမှာ ကိုခင်မောင်ရွှေ ကွယ်လွန်ခဲ့ရှာတာ ဖြစ်ပါတယ်။

ကိုခင်မောင်ရွှေဟာ သူရဲကောင်း တစ်ဦးဖြစ်ပြီး သူအသက်ရှင်နေသမျှ ကာလပတ်လုံး အမှတ်ရ ဂုဏ်ပြုနေမိမယ်လို့လည်း တာနဲလ်က​ရေးသားထားပါတယ်။

သူ့မိတ်ဆွေ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အကြောင်းအရာတချို့ ပြန်လည်သိရှိနိုင်အောင်ကူညီပေးခဲ့တဲ့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် တချို့ကို ကျေးဇူးတင်တယ်လို့လည်း တာနဲလ်က Facebookပေါ်မှာ ရေးသားထားပါတယ်။

(စစ်​ကောင်စီရဲ့​ထောင်​စောင့်ဝန်ထမ်း​တွေက ​ထောင်အတွင်းသတ်ဖြတ်တာကိုခံခဲ့ရတာ ကိုခင်​မောင်​ရွှေ။ ဓါတ်ပုံ-Sean Turnell Facebook)
(စစ်​ကောင်စီရဲ့​ထောင်​စောင့်ဝန်ထမ်း​တွေက ​ထောင်အတွင်းသတ်ဖြတ်တာကိုခံခဲ့ရတာ ကိုခင်​မောင်​ရွှေ။ ဓါတ်ပုံ-Sean Turnell Facebook)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ တာနဲလ်ကို အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှုနဲ့ တရားစွဲဆိုထောင်ချခဲ့တာမှာ ရက်​ပေါင်း ၆၅၀ မတရားဖမ်းဆီး​ထောင်ချခံရပြီးတဲ့​နောက်မှာ ပြန်လည် လွတ်မြောက်ပြီး ဩစတြေးလျကို ပြန်ခွင့်ရခဲ့ပါတယ်။

တာနဲလ်ဟာ ဩစတြေးလျကို ပြန်ရောက်ပြီး The Australian သတင်းဌာနနဲ့ အင်တာဗျူးခဲ့တုန်းကလည်း ကိုခင်မောင်ရွှေရဲ့ အကြောင်းကို သေသေချာချာ ထည့်ပြောပြခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကလည်း တာနဲလ်က အင်းစိန်ထောင်မှာ သူနဲ့ အခန်းချင်းကပ် နေခဲ့ရတဲ့ ကိုခင်မောင်ရွှေကို အသက်သခင် ကျေးဇူးရှင်အဖြစ် အလေးအနက် ညွှန်းဆိုခဲ့ပါတယ်။

စစ်​ကောင်စီက နိုင်ငံ​ရေးအကျဥ်းသား​တွေကို​ထောင်တွင်းမှာခွဲခြားဖိနှိပ်ပြီးညှင်းပန်နှိပ်စက်တာ၊သတ်ဖြတ်တာ​တွေမကြာခဏကျူးလွန်​နေတယ်လို့ နိုင်ငံ​ရေးအကျဥ်းသားအ​ရေး​​ဆောင်ရွက်​နေသူ​တွေက​ပြောပါတယ်။

You May Also Like

ဆောင်းပါး

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ ဩစတြေးလျ စီးပွားရေး ပရော်ဖက်ဆာ ရှောင်တာနဲလ်ဟာ ရန်ကုန်မြို့က သူတည်းခိုနေတဲ့ ဟိုတယ်ဝန်ထမ်း တစ်ဦးဆီက ကျောချမ်းစရာ သတိပေးမှု တစ်ခုကို ကြားခဲ့ရပါတယ်။

ဗီဒီယို

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ရှောင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးတော့ အဲဒီအချိန်ကစလို့ စစ်အာဏာရှင်တွေရဲ့လက်ထဲမှာ ရှင်လျက်နဲ့ ငရဲကိုစတင်ခံစားခဲ့ရပါတယ်လို့ သူက ပြောပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား စီးပွားရေးပါမောက္ခ ရှောင်တာနယ်လ်ကိုဖမ်းဆီးပြီး အင်းစိန်ထောင်နဲ့ နေပြည်တော်ထောင်တွေမှာ ထားခဲ့တာပါ။

သတင်း

တာနဲလ်ကတော့ သူဟာ မြန်မာနိုင်ငံကို မမုန်းကြောင်း၊ မြန်မာပြည်သူတွေကို ချစ်ခင်ပြီး ဒီသဘောထားက ထာဝရ တည်မြဲသွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။