Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိတ္ထီလာတွင် ဆိုင်ကယ်လုရန်ကြိုးစားသူ ဆိုင်ကယ်အတိုက်ခံရ

ယနေ့(ဒီဇင်ဘာလ ၄ ရက်) နံနက် ၄ နာရီခန့်က မိတ္ထီလာမြို့ အ.ထ.က(၄)​အနီးတွင် စျေးသို့အလုပ်လာသည့် ဆိုင်ကယ်စီးနင်းလာသူတစ်ဦးအား လူတစ်စုက တုတ်ဖြင့်ရိုက်ပြီး ပစ္စည်းများလုယူရန်ကြိုးပမ်းခဲ့သည်။

မိတ္ထီလာမြို့တွင် ဆိုင်ကယ်စီးနင်းသူအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj(ပုံအဟောင်းကို အသုံးပြုထားပါသည်)
မိတ္ထီလာမြို့တွင် ဆိုင်ကယ်စီးနင်းသူအချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ-Cj(ပုံအဟောင်းကို အသုံးပြုထားပါသည်)

မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် ဆိုင်ကယ်မောင်နင်လာသူပြည်သူတစ်ဦးထံမှ လူတစ်စုက ဆိုင်ကယ်လုရန် ကြိုးစားနေစဥ် လုယက်သမားတစ်ဦးကို ဝင်တိုက်ပြီး ဆိုင်ကယ်ပိုင်ရှင်လွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာလ ၄ ရက်) နံနက် ၄ နာရီခန့်က မိတ္ထီလာမြို့ အ.ထ.က(၄)​အနီးတွင် စျေးသို့အလုပ်လာသည့် ဆိုင်ကယ်စီးနင်းလာသူတစ်ဦးအား လူတစ်စုက တုတ်ဖြင့်ရိုက်ပြီး ပစ္စည်းများလုယူရန်ကြိုးပမ်းခဲ့သည်။

သို့သော် ဆိုင်ကယ်စီးနင်းလာသူသည် လဲကျသွားခြင်းမရှိဘဲ ဆက်လက်မောင်းနှင်နိုင်ခဲ့ရာ ​ရှေ့တွင်ရှိသော လုယက်သမားတစ်ဦးအား ဝင်တိုက်ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။

မိတ္ထီလာမြို့သည် စစ်တပ်အများအပြားရှိသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။

“ထီလာရဲ့ လုယက်မှုကတော့ တစ်နေ့ထက်တစ်နေ့ မရိုးရအောင်ပဲ။ မနက်လင်းကတည်းကပဲ။ ကြောက်စရာတော်တော်ကောင်းနေပြီ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂ ရက် ညပိုင်းကလည်း မိတ္ထီလာမြို့ မိတ္ထီလာဟိုတယ်ရှေ့တွင် ပြည်သာယာသို့ပြန်လာသည့် အမျိုးသားနှင့်အမျိုးသမီးစီးလာသော ဆိုင်ကယ်အား သုံးယောက်စီးလာသေ ာဆိုင်ကယ်က ဓားပြတိုက် လုယက်ခဲ့ရာ ပိုက်ဆံအိတ်နှင့် ဖုန်းပါသွားကြောင်းသိရသည်။

You May Also Like

သတင်း

ယနေ့နံနက်ပိုင်း ၇နာရီဝန်းကျင်က ပခုက္ကူမြို့ပေါ်နေရာအချို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စောင့်ကြည့်စစ်ဆေးမှုများရှိခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ ၁၀ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ပခုက္ကူမြို့မှာ မနက် ၈ နာရီကနေ ည ၆ နာရီအထိသာ ဆိုင်ကယ်စီးခွင့်ရမှာဖြစ်ပြီး ဆိုင်ကယ်တစ်စီးကို တစ်ဦးသာ စီးရမယ်လို့ စစ်ကောင်စီကကန့်သတ်လိုက်တာပါ။

သတင်း

ထိုသို့ကန့်သတ်လိုက်မှုကြောင့် ပြည်သူများသွားလာရေးအခက်အခဲများ ကြုံ​တွေ့ရမည်ဖြစ်ပြီး အလုပ်အကိုင်နှင့် စီးပွားရေးပါ ကျပ်တည်းလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

မနေ့က နေ့လယ် ၂ နာရီခန့်က ဆိုင်ကယ်ကိုယ်စီ စီးလာတဲ့ လူငယ်နှစ်ဦးကို လောင်းလုံးမြို့ ဆေးရုံအနီးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပါတယ်။