Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့မှာအမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် NUG စုံစမ်းစစ်ဆေးမယ်

အဲဒီရုပ်သံဖိုင်ထဲမှာ လက်ထိပ်ခတ်ထားတဲ့အမျိုးသမီးကို ပြောက်ကျားဝတ် အမျိုးသမီးတစ်ဦးနဲ့အမျိုးသားအချို့က ရိုက်နှက်တာတွေ တွေ့ရပါတယ်။

တမူးမြို့မှာအမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် NUG စုံစမ်းစစ်ဆေးမယ်
တမူးမြို့မှာအမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ် NUG စုံစမ်းစစ်ဆေးမယ်

လူမှုကွန်ရက်မှာ ပျံနှံ့နေတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက အမျိုးသမီးတစ်ဦး လမ်းပေါ်မှာ နှိပ်စက်ခံရပြီး ပစ်သတ်ခံရတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေလုပ်မယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောလိုက်ပါတယ်။

အဲဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရုံနဲ့ ပြီးသွားမှာမဟုတ်ဘဲ ထိုက်သင့်တဲ့ လုပ်ဆောင်မှုတွေကိုမဖြစ်မနေ လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း ဝန်ကြီးဦးအောင်မျိုးမင်းက ပြောပါတယ်။

တမူးမြို့နယ်က လမ်းပိုင်းတစ်နေရာမှာ အမျိုးသမီးတစ်ဦးကို ပြောက်ကျားဝတ်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ရိုက်နှက်နှိပ်စက်ပြီး ပစ်သတ်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

အဲဒီရုပ်သံဖိုင်ထဲမှာ လက်ထိပ်ခတ်ထားတဲ့အမျိုးသမီးကို ပြောက်ကျားဝတ် အမျိုးသမီးတစ်ဦးနဲ့အမျိုးသားအချို့က ရိုက်နှက်တာတွေ တွေ့ရပါတယ်။

ဒါအပြင် အဲဒီအဖြစ်အပျက်ကို ပြောက်ကျားဝတ်အမျိုးသားတစ်ဦးက လက်ကိုင်ဖုန်းနဲ့ ရိုက်ကူးနေတာတွေ့ရသလို အမျိုးသမီးကို ဒလန်လုပ်မိပါတယ်လို့ အော်ခိုင်းတာလည်းတွေ့ရပါတယ်။

ရိုက်နှက်အပြီးမှာတော့ မျက်လုံးကို စည်းလိုက်ကာ ဒူးထောက်ထိုင်ခိုင်းပြီး နောက်ကနေ မောင်းပြန်သေနတ်နဲ့ ခေါင်းကို ပစ်ကာ ပစ်သတ်လိုက်ပါတယ်။

ဒီလုပ်ရပ်ကိုကျုးလွန်တဲ့ အဖွဲ့အစည်းကိုတော့မသိရသေးပါဘူး။

NUG လူ့အခွင့်အရေးဝန်ကြီး ကတော့ သွေးဆာနေတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန်ရာမှာ ကျင့်ဝတ်တွေ ၊လုပ်ထုံးလုပ်နည်းတွေမှန်ကန်ဖို့ လိုတယ်လို့ ထောက်ပြထားပါတယ်။

“ရန်ငါပြတ်ဖို့လိုတယ်ဆိုပေမဲ့ ကိုင်တွယ်ဖြေရှင်းမှုက မမှားဖို့ လိုတယ်၊ ထိန်းသိမ်းဖို့ လိုပါတယ်” လို့လည်း ဝန်ကြီးဦးအောင်မျိုးမင်းက ပြောပါတယ်။

You May Also Like

သတင်း

ရဲနိုင်​သွေးနည်းတူ စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် နဂါးနီစစ်ကြောင်းတပ်ခွဲ၂ထံ အမြန်ဆုံးပူးပေါင်း CDMပြုလုပ်ကြရန် တိုက်တွန်းသည်။

သတင်း

ယနေ့(ဒီဇင်ဘာ ၃ရက်) နေ့စွဲဖြင့်ပေးပို့သည့်သဝဏ်လွှာသည် လက်ရှိတရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိထံသို့ လိပ်မူပေးပို့ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများမည်မျှပင် သေဆုံးစေကာမူ နှိပ်စက် ဖျက်ဆီးမည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနမှတဆင့် နိုင်ငံတကာသို့ ပြောသည်။

သတင်း

မသောက်မိသော မိုးခါးရေ ရုပ်ရှင်သည် စီဒီအမ်စစ်ဗိုလ်တစ်ဦးအကြောင်းကို အခြေခံရိုက်ကူးထားခြင်းဖြစ်ပြီး ပြည်ပနိုင်ငံ‌ပေါင်း ၂၀ ကျော်၏ မြို့ ၅၀ ကျော်တွင်ပြသခဲ့ရာ ရုံပြည့်ရုံလျှံ အားပေးမှုရရှိထားသည်။