Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တာချီလိတ်မြို့တွင် မူးယစ်ဆေးဖြင့် အဖမ်းခံရသူက သေနတ်လုယူပစ်၍ ရဲတပ်ကြပ်တစ်ဦးသေ

တာချီလိတ်မူးယစ်တပ်ဖွဲ့မှ တပ်ကြပ်သီဟမောင်မောင်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဟု ရှမ်းပြည််နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် မူးယစ်ဆေးဖြင့် အဖမ်းခံရသူက သေနတ်လုယူပစ်၍ ရဲတပ်ကြပ်တစ်ဦးသေ
တာချီလိတ်မြို့တွင် မူးယစ်ဆေးဖြင့် အဖမ်းခံရသူက သေနတ်လုယူပစ်၍ ရဲတပ်ကြပ်တစ်ဦးသေ

တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးများဖြင့် အဖမ်းခံရသူက ရဲအရာရှိထံမှ သေနတ်လုယူပြီး ပစ်ခတ်၍ ရဲတပ်ကြပ်တစ်ဦးသေဆုံးခဲ့သည်။

တာချီလိတ်မူးယစ်တပ်ဖွဲ့မှ တပ်ကြပ်သီဟမောင်မောင်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဟု ရှမ်းပြည််နယ်ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

“ဆိုင်ကယ်နဲ့လာတဲ့သူသုံးယောက်ကို ဖမ်းလာပြီး ကားပေါ်တင် ခေါ်လာတာ။ အဖမ်းခံရသူထဲက တစ်ယောက်က ​အရာရှိဆီကနေ သေနတ်လုယူပြီး ပစ်တာ။ ရဲတပ်ကြပ်ခေါင်းပွင့်သေတယ်။ ကားသမားက အရပ်သား။ အဲ့ကားသမားလည်း ရှပ်ထိတယ်။ ကံကောင်းလို့ မသေတာ”ဟု အထက်ပါရဲအရာရှိက ပြောသည်။

အထက်ပါဖြစ်စဥ်သည် တာချီလိတ်မြို့ ခရိုင်ကြက်ခြေနီရုံးအနီး မြို့ပတ်လမ်းတွင် နိုဝင်ဘာ ၂၈ရက်က ဖြစ်ခဲ့ခြင်းဖြစ်သည်။ တာချီလိတ်မူးယစ်တပ်ဖွဲ့မှ ရဲအုပ်ကျော်သီဟ ဦးဆောင်ပြီး မူးယစ်ဆေးဖမ်းစဥ် ပြန်လည်ပစ်ခတ်ခံရခြင်းဖြစ်သည်။

ကားပေါ်တွင်း လုံးထွေးရိုက်ပုတ်နေရင်း ရဲတပ်ဖွဲ့ကပြန်ပစ်ရာ ဖမ်းဆီးခံရသူသုံးဦးအနက်မှ တစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

သေဆုံးသူ ရဲတပ်ကြပ်သီဟမောင်မောင်တွင် ကလေးသုံးဦး၊ ဇနီးနှင့် အသက်(၇၀)အရွယ်ဖခင်တစ်ဦးကျန်ရစ်ခဲ့သော်လည်း ရဲတပ်ဖွဲ့က ဖေးမနှစ်သိပ်မှုမရှိဘဲ အမှုကိုလိမ်လည်၍ အထက်က်ို ကြေးနန်းပို့ခဲ့သည်ဟု အတွင်းသိ ရဲအရာရှိတစ်ဦးက ပြောသည်။

“ခေါင်းဆောင်က ပေါ့ဆလို့ အပစ်ခံရတာ။ ဒါကို တပ်ကြပ်သီဟမောင်မောင်ကိုအပြစ်ဖို့ပြီး ကြေးနန်းလိမ်တင်ထားတယ်။မိသားစုဝင်တွေကတော့ အနာဂတ်ပျောက်ပြီ”ဟု အထက်ပါ ရဲအရာရှိကပြောသည်။

You May Also Like

သတင်း

လတ်တလောတွင် ကောလင်းနှင့်ကန့်ဘလူဒေသ၌ စစ်ကောင်စီစစ်ကြောင်းအချို့ရှိနေပြီး ကိုးထောင်ဘို့၊ ​ဇော်ချောင်း၊ကိုင်းမနှင့် ပန်းဆက်ရွာတို့တွင် ရောက်ရှိနေသည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက သတိပေးထားသည်။

သတင်း

ရဲနိုင်​သွေးနည်းတူ စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့် နဂါးနီစစ်ကြောင်းတပ်ခွဲ၂ထံ အမြန်ဆုံးပူးပေါင်း CDMပြုလုပ်ကြရန် တိုက်တွန်းသည်။

သတင်း

ဒီဇင်ဘာ ၂ရက် ည ၆နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နှင့် ရဲစခန်းရှိရာအနီး ဖားကန့်မြို့လယ်ရှိ Jade Cityရှေ့အဝိုင်းပတ်နေရာ၌ မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

သေနတ်သုံးလက် သိမ်းဆည်းနိုင်ခဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းမှ ရဲငါးဦး ဘီယာဆိုင်ထိုင်နေစဥ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ငါးဦးလုံးသေဆုံးပြီး သေနတ်သုံးလက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)က ထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာ၁ ရက်)မွန်းလွဲ ၁နာရီခန့်ကညောင်ဦး​မြို့နယ်၊ စဥ့်ကူရဲစခန်း၏ စခန်းမှူးအပါအဝင် ရဲငါးဦးသည် တက်မမှော်အတွင်းရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ထိုင်နေချိန်...