Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြောင်နယ်တွင် ကျောက်ရစ်စခန်းမှထွက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့က ဆိုသည်။

ကျောက်ရစ်စခန်းအား ဝေဟင်က မြင်တွေ့ရစဥ်
ကျောက်ရစ်စခန်းအား ဝေဟင်က မြင်တွေ့ရစဥ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ကျောက်ရစ်စခန်းမှထွက်လာသော စစ်ကောင်စီတပ်ကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့(MBTT)ကထုတ်ပြန်သည်။

ဒီဇင်ဘာ၂ ရက်ည ၇နာရီခွဲခန့်က မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှထွက်လာသော စစ်ကောင်စီတပ် အား ကျောက်ရစ်နှင့် သရက်သာရွာကြားအရောက်တွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့က ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကျောက်ရစ်စခန်းတွင် စစ်ကောင်စီတ​ပ်က ကာလရှည်ကြာတပ်စွဲထားပြီး မြောင်နယ်အတွင်း ကျေးရွာများနှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ဘက်ရှိ ကျေးရွာများကိုပါ မကြာခဏ စစ်ကြောင်းထိုး ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

You May Also Like

သတင်း

ယင်းရန်ပုံငွေ ဘောလုံးပွဲအခမ်းအနားကို "အားကစားဖြင့်တော်လှန်မည်" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဘောလုံးအသင်း ၁၀သင်းခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။

သတင်း

တစ်နေကုန်နီးပါးကြာ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်မှ (၂၀)ဦးကျော် သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး တစ်ဦး ၊ တပ်ကြပ် နှစ်ဦး ၊ တပ်သား တစ်ဦးတို့အား အရှင်ဖမ်းဆီးရမိခဲ့သည်။

သတင်း

ဒီဇင်ဘာ ၃ရက်နှင့် ၄ရက်တွင် စစ်ကောင်စီတပ် က မြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

သတင်း

လွန်ခဲ့သော လပိုင်းအတွင်းက မြို့ပြပြောက်ကျားရဲဘော်များ၏ ရှင်းလင်းခြင်းကို ခံလိုက်ရသည့် ဗိုလ်မှူးကြီးအုန်းသွင်၏ ရုပ်အလောင်းကိုလည်း ယင်းင်္သချိုင်းတွင် မြုပ်နှံထား​ကြောင်း YRF က ဆိုသည်။