Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူ များ အကူအညီလိုအပ်နေ၊ ထမင်းထုပ်နှင့် ဆန်အိတ် များ ပို့ဆောင်ပေးထား

နိုဝင်ဘာ၂၃ ရက် နောက်ပိုင်းက ခင်ဦးနယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ကျေးရွာများအား နိုဝင်ဘာ၂၄ ရက်မှ ၂၇ ရက်အထိ ထမင်းထုပ်ပေါင်း (၁၈၃၉) ထုပ်နှင့် ဆန်အိတ်သုံးပိုင်းလှူဒါန်းခဲ့သည်။

မီးရှို့ခံရသည့်ကျေးရွာများအား လှူဒါန်းပေးနေစဥ်၊ ဓာတ်ပုံ-KURDAF
မီးရှို့ခံရသည့်ကျေးရွာများအား လှူဒါန်းပေးနေစဥ်၊ ဓာတ်ပုံ-KURDAF

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ကျေးရွာအများအပြား အကူအညီများလိုအပ်နေပြီး စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများအတွက် လက်တလော ထမင်းထုပ်နှင့် ဆန်အိတ်များ ပို့ဆောင်ပေးထားကြောင်း ခင်ဦးနယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု(KURDAF)အဖွဲ့ တာဝန်ခံက ပြောသည်။

နိုဝင်ဘာ၂၃ ရက် နောက်ပိုင်းက ခင်ဦးနယ်အနောက်ခြမ်း၌ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် ကျေးရွာများအား နိုဝင်ဘာ၂၄ ရက်မှ ၂၇ ရက်အထိ ထမင်းထုပ်ပေါင်း (၁၈၃၉) ထုပ်နှင့် ဆန်အိတ်သုံးပိုင်းလှူဒါန်းခဲ့သည်။

ထို့အပြင် နိုဝင်ဘာ၂၅ ရက်က ဆိုင်တန်းများ မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူသုံးဦး သတ်ဖြတ်ခံခဲ့ရသည့် မြင်းဒေါင်းကျေးရွာရှိ ပြည်သူများအတွက် ကျပ်ငါးသိန်းခွဲတန်ဖိုးရှိ ဆန်အိတ်ပိုင်း (၁၀)ပိုင်းလှူဒါန်းပေးထားကြောင်း KURDAFအဖွဲ့ တာဝန်ခံက ပြောသည်။

အလားတူ နိုဝင်ဘာ၂၃ ရက်က စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးခံခဲ့ရသော ကန့်ဘလူမြို့နယ် ကျောက်တိုင် ရွာအတွက်လည်း KURDAFက ဆန်အိတ်ပိုင်း (၃၀)နှင့် ကလေးဝတ်ဘောင်းဘီ (၃၀၀)လှူဒါန်းပေးခဲ့သည်။

“သုံးခုပေါင်း ကျပ်သိန်း ၃၀ကျော် လှူဒါန်းထားပါတယ်။ အကူအညီတွေကတော့ လိုအပ်နေဆဲပါပဲ။”ဟု KURDAF အဖွဲ့ တာဝန်ခံက ပြောသည်။

ခင်ဦးနယ်တွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် မှ ၂၀၂၂ နိုဝင်ဘာလကုန်အထိ မီးရှို့ခံရသော ကျေးရွာပေါင်း (၅၇)ရွာ ၊ မီးသင့်အိမ်ခြေ စုစုပေါင်း (၂၆၃၃)နှင့် ကျဆုံးရဲဘော်နှင့် ဒေသခံပြည်သူ ၂၄၁ဦး ရှိသည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ သတင်းအချက်အလက် ရရှိနိုင်မှုအခြေအနေအရ မြေပြင်တွင် ယခုထက်ပိုများနိုင်ကြောင်း ဒေသခံများက ​ပြောသည်။

You May Also Like

ဆောင်းပါး

ရက်ပိုင်းအတွင်းကျေးရွာ​ ၁၀ ရွာ​ကျော် အိမ်​ခြေ ၇၀၀ ​ကျော်ကိုစစ်တပ်ကဖျက်ဆီးပြီး ပြည်သူ ​သောင်းချီ ​နေ့ချင်းညချင်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

သတင်း

အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ခင်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း(၅၇)ရွာက နေအိမ်ပေါင်း (၂၆၃၃)အိမ် အထိမီးရှို့ဖျက်ဆီးခံထားရသည်။

သတင်း

စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်းသို့ နိုဝင်ဘာ ၁၇ရက် မှ၂၇ရက်အထိ စစ်ကြောင်းသုံးကြောင်းဖြင့် စစ်ကြောင်းထိုး ပစ်ခတ်သတ်ဖြတ် မီးရှို့မှုများပြုလုပ်ခဲ့သည်။

သတင်း

ထို့နောက် မွန်းလွဲ ၂နာရီခန့်တွင် စစ်အုပ်စုက ရဟတ် ယာဥ်ဖြင့် မုံလှကျေးရွာအား ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ​ဘော်ကိုလှိုင်ဝင်းအပါအဝင် ဒေသကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်၆ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။