Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခရမ်းမြို့နယ်မှ CDMကျောင်းဆရာတစ်ဦးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၁၀)နှစ် မတရားချမှတ်

ဦးထက်မြတ်အောင်ကို ဖေဖော်ဝါရီ ၂၃ရက်တွင် နေအိမ်သို့ဝင်ရောက်၍ မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြစ်မှူကျူးလွန်ထားခြင်းမရှိဘဲ မတရားစွပ်စွဲချက်များဖြင့် အမှုဆင်ကာ ဒီဇင်ဘာ ၂ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

(စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေသော ခရမ်းမြို့နယ်မှ ပညာရေးဝန်ထမ်းများအား ၂၀၂၁ ဖေဖော်ဝါရီလက တွေ့ရစဥ်)
(စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ဆန္ဒပြနေသော ခရမ်းမြို့နယ်မှ ပညာရေးဝန်ထမ်းများအား ၂၀၂၁ ဖေဖော်ဝါရီလက တွေ့ရစဥ်)

ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ CDMကျောင်းဆရာတစ်ဦးကို မတရားပုဒ်မတပ်ကာ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၀)နှစ်ချမှတ်သည့်အပေါ်ကန့်ကွက်ကြောင်း ယင်းမြို့နယ်အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“၅၀(ည)လို့တော့ သိရပါတယ်။ သူကပုံမှန် CDMတစ်ဦးပါပဲ။ သူ့အိမ်မှာပုံမှန်ပဲနေထိုင်ပြီး မိသားစုနဲ့အတူနေတာပါ”ဟု ၎င်းက ပြောသည်။

မတရားပုဒ်မတပ်ကာ ပြစ်ဒဏ်ချခံရသည့် ဦးထက်မြတ်အောင်သည် ခရမ်းမြို့နယ် အ.ထ.က (ခွဲ)ကံကောင်းဟောင်းတွင် မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်အာဏာ သိမ်းမှုနောက်ပိုင်းတွင် CDMလှုပ်ရှားမှု၌ ပါဝင်ခဲ့သူဖြစ်သည်။

ဦးထက်မြတ်အောင်ကို ဖေဖော်ဝါရီ ၂၃ရက်တွင် နေအိမ်သို့ဝင်ရောက်၍ မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြစ်မှူကျူးလွန်ထားခြင်းမရှိဘဲ မတရားစွပ်စွဲချက်များဖြင့် အမှုဆင်ကာ ဒီဇင်ဘာ ၂ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

“ယခုလပိုင်းအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ ကြီးလေးသောပြစ်ဒဏ်များ ချမှတ်နေခြင်းအပေါ် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ လုံခြုံရေးအထူးစိုးရိမ်စရာရှိနေပါကြောင်းနှင့် ကျွန်ုပ်တို့ CDMဝန်ထမ်းများအပေါ် မတရားဖမ်းဆီးထောင်ချနေမှုများ၊ လူ့အခွင့် အရေး ချိုးဖောက်နေမှုများကို ပြင်းထန်စွာကန့်ကွက်ဆန့်ကျင်ပါသည်။”ဟု ခရမ်းမြို့နယ် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂက ကြေညာချက်ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ကချင်ဒေသခံတစ်ဦးကလည်း ဒေါက်တာခလမ်ဆမ်ဆွန်နှင့်အဖွဲ့ ယနေ့နံနက် ၉နာရီ ၁၅မိနစ်ခန့်တွင် ဖမ်ဆီးခံရပြီး ယခုပြန်လွှတ်ပေးလိုက်ပြီဟု သိရကြောင်း ပြောသည်။

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၄ရက် ညနေပိုင်း၌ မြစ်ကြီးနားမှ မန္တလေးမြို့သို့ သွားရောက်စဉ် လေဆိပ်၌ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့က ဆိုသည်။

သတင်း

ယင်းရန်ပုံငွေ ဘောလုံးပွဲအခမ်းအနားကို "အားကစားဖြင့်တော်လှန်မည်" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဘောလုံးအသင်း ၁၀သင်းခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။