Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KBCခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လွတ်လာ၊ စစ်ကောင်စီက ပြည်ပထွက်ခွာခွင့်ကို ပိတ်ပင်ခြင်းဟုဆို

ကချင်ဒေသခံတစ်ဦးကလည်း ဒေါက်တာခလမ်ဆမ်ဆွန်နှင့်အဖွဲ့ ယနေ့နံနက် ၉နာရီ ၁၅မိနစ်ခန့်တွင် ဖမ်ဆီးခံရပြီး ယခုပြန်လွှတ်ပေးလိုက်ပြီဟု သိရကြောင်း ပြောသည်။

KBCခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်
KBCခေါင်းဆောင် ဒေါက်တာခလမ်ဆမ်ဆွန်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က မန္တလေးလေဆိပ်၌ ဖမ်းဆီးခဲ့ပြီး ယနေ့ ပြန်လွှတ်ပေးလိုက်ကြောင်း KBC ဓမ္မဆရာတစ်ဦးက အတည်ပြုသည်။

“ကျွန်တော်တို့တော့ သူနဲ့တော့ မတွေ့ဖြစ်သေးဘူး။ အဲဒါ သတင်းတော့ကြားတယ်။ အဓိကတော့ သူတို့ ပြောတဲ့ဟာ နိုင်ငံခြားထွက်လို့မရဘူးပေါ့ အဲဒါမျိုး ပြောသံကြားတယ်။ သူ့ကို မထွက်ခိုင်းဘူးပေါ့။ အဲဒါကြောင့် မြစ်ကြီးနားကို ပြန်ပို့လိုက်တယ်လို့ အဲဒီလိုမျိုးပဲ သတင်းကြားတယ်”ဟု KBC ဓမ္မဆရာတစ်ဦးက ပြောသည်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးခဲ့ခြင်းကြောင့် အားလုံးက စိတ်ပူနေကြရကြောင်း၊ ယခုကဲ့သို့ ပြန်လွတ်လာ၍ ဝမ်းသာရကြောင်း ၎င်းက ဆိုသည်။

ကချင်ဒေသခံတစ်ဦးကလည်း ဒေါက်တာခလမ်ဆမ်ဆွန်နှင့်အဖွဲ့ ယနေ့နံနက် ၉နာရီ ၁၅မိနစ်ခန့်တွင် ဖမ်ဆီးခံရပြီး ယခုပြန်လွှတ်ပေးလိုက်ပြီဟု သိရကြောင်း ပြောသည်။

“စရဖက ခေါ်ထားတယ်လို့ကြားတယ်။ ကြားတယ်ဆိုတဲ့နေရာမှာ သူတို့(KBC ခေါင်းဆောင်နှင့်အဖွဲ့)က ဘန်ကောက်ကို အစည်းအဝေးသွားမလို့။အခုပြန်ကြားတာကတော့ လေယာဉ်နဲ့ မြစ်ကြီးနားကို ပြန်ပို့လိုက်ပြီလို့ ကြားတယ်။ နိုင်ငံခြားထွက်ဖို့စာရင်းမှာ ဒေါက်တာဆမ်ဆွန်ရဲ့ နာမည်စာရင်းပါတော့ သူတို့က နိုင်ငံခြား ထွက်မယ်ဆို သွားခွင့်မပေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ တားထားတယ်လို့ သတင်းတော့ နည်းနည်းကြားရတယ်”ဟု ကချင်ဒေသခံသတင်းရင်းမြစ်က ပြောသည်။

You May Also Like

သတင်း

ဒေါက်တာခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၄ရက် ညနေပိုင်း၌ မြစ်ကြီးနားမှ မန္တလေးမြို့သို့ သွားရောက်စဉ် လေဆိပ်၌ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဦးထက်မြတ်အောင်ကို ဖေဖော်ဝါရီ ၂၃ရက်တွင် နေအိမ်သို့ဝင်ရောက်၍ မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြစ်မှူကျူးလွန်ထားခြင်းမရှိဘဲ မတရားစွပ်စွဲချက်များဖြင့် အမှုဆင်ကာ ဒီဇင်ဘာ ၂ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

သတင်း

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့က ဆိုသည်။

သတင်း

ယင်းရန်ပုံငွေ ဘောလုံးပွဲအခမ်းအနားကို "အားကစားဖြင့်တော်လှန်မည်" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဘောလုံးအသင်း ၁၀သင်းခန့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။